အ ခုေနာက္ပိုင္းမွာ တက္လာတဲ့ သ႐ုပ္ေဆာင္ေတြ ေမာ္ဒယ္ေတြကေတာ့ အမိုက္စား ခႏၶာကိုယ္ေတြကို ပိုင္ဆိုင္ထားတဲ့ အမ်ိဳးသား သ႐ုပ္ေဆာင္ေမာ္ဒယ္ေတြ ေတာ္ေတာ္မ်ားလာပါတယ္။ အဲ့ဒီထဲကမွ ထူးျခားမႈတစ္ခုအေနနဲ႔ အိမ္နီးခ်င္း အာရွႏိုင္ငံက အမ်ိဳးထုေတြရဲ႕ အာ႐ုံစိုက္မႈနဲ႔ အားေပးဝန္းရံမႈကိုခံရတဲ့ သူကေတာ့ တကယ့္ကို ရွားရွားပါးပါးပဲ။

အဲ့ဒီလို ရွားပါးတဲ့ သူတစ္ေယာက္ အေနနဲ႔ ရပ္တည္ေနတာကေတာ့ပိုင္တံခြန္ပါပဲ။ ပိုင္တံခြန္ကေတာ့ ထိုင္းႏိုင္ငံမွာ အႏုပညာအလုပ္ အခ်ိဳ႕ကိုေတာင္ လုပ္ကိုင္ေနသူတစ္ေယာက္ျဖစ္သလို ထိုင္းမေလးေတြရဲ႕ အသည္းစြဲ ကိုကိုတစ္ေယာက္လည္း ျဖစ္ေနပါတယ္။

ဝူဟန္ၿမိဳ႕ထဲမွာေတာ့ ျမန္မာႏိုင္ငံကေန သြားေရာက္ပညာသင္ၾကားေနတဲ့ေက်ာင္းသား၊ေက်ာင္းသူ(၆၃)ေယာက္ပိတ္မိေနတာေၾကာင့္ လြန္ခဲ့တဲ့ရက္ပိုင္းထဲက မိမိရဲ႕အမိေျမျဖစ္တဲ့ျမန္မာႏိုင္ငံကို အကူအညီေတာင္းခဲ့မႈတခ်ိဳ႕ျပဳလုပ္ခဲ့တာပါ။

အဲ့လိုအကူညီေတာင္းခံခဲ့စဥ္ကတည္းက ျပည္သူတခ်ိဳ႕ကေတာ့ ဝူဟန္မွာပိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြျပန္ေရာက္လာကာ ေရာဂါပိုးပါလာမွာကိုစိုးရိမ္ခဲ့ၾကၿပီး ျပန္လာမွာကို ဆန႔္က်င္တဲ့မွတ္ခ်က္ေတြေပးခဲ့ၾကတာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ေမာ္လ္ဒယ္သ႐ုပ္ေဆာင္မင္းသားေခ်ာပိုင္တံခြန္ကေတာ့ “ဝူဟန္ၿမိဳ႕မွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံသား အားလုံးအတြက္ အႏၲရာယ္ကင္း ေဘးရွင္းစြာနဲ႔ ကိုယ့္ျမန္မာႏိုင္ငံကို အျမန္ဆုံး ျပန္ေရာက္လာႏိုင္ပါေစလို႔ ရင္ထဲက ဆႏၵျပဳရင္း ဆုေတာင္းေပးပါတယ္… ကပ္ေရာဂါဆိုးႀကီးက်ေရာက္ေနတဲ့ သူမ်ားႏိုင္ငံမွာ စားနပ္ရိကၡာေတြ ျပတ္လပ္ၿပီး

မိေဝးဖေဝးနဲ႔ ဒုကၡ ေရာက္ေနရတဲ့ သူေတြကိုလည္း ျမန္မာႏိုင္ငံသားအခ်င္းခ်င္း ဆိုး႐ြားလြန္းတဲ့ တခ်ိဳ႕ comments ေတြေၾကာင့္ စိတ္ဓာတ္မက်ေစခ်င္ဘူးဗ်ာ” လို႔သူ႔ရင္ထဲကဆႏၵေတြကို ေဖာ္ထုတ္ခဲ့တာပါ။

Unicode

အခုနောက်ပိုင်းမှာ တက်လာတဲ့ သရုပ်ဆောင်တွေ မော်ဒယ်တွေကတော့ အမိုက်စား ခန္ဓာကိုယ်တွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသား သရုပ်ဆောင်မော်ဒယ်တွေ တော်တော်များလာပါတယ်။ အဲ့ဒီထဲကမှ ထူးခြားမှုတစ်ခုအနေနဲ့ အိမ်နီးချင်း အာရှနိုင်ငံက အမျိုးထုတွေရဲ့ အာရုံစိုက်မှုနဲ့ အားပေးဝန်းရံမှုကိုခံရတဲ့ သူကတော့ တကယ့်ကို ရှားရှားပါးပါးပဲ။

အဲ့ဒီလို ရှားပါးတဲ့ သူတစ်ယောက် အနေနဲ့ ရပ်တည်နေတာကတော့ပိုင်တံခွန်ပါပဲ။ ပိုင်တံခွန်ကတော့ ထိုင်းနိုင်ငံမှာ အနုပညာအလုပ် အချို့ကိုတောင် လုပ်ကိုင်နေသူတစ်ယောက်ဖြစ်သလို ထိုင်းမလေးတွေရဲ့ အသည်းစွဲ ကိုကိုတစ်ယောက်လည်း ဖြစ်နေပါတယ်။

ဝူဟန်မြို့ထဲမှာတော့ မြန်မာနိုင်ငံကနေ သွားရောက်ပညာသင်ကြားနေတဲ့ကျောင်းသား၊ကျောင်းသူ(၆၃)ယောက်ပိတ်မိနေတာကြောင့် လွန်ခဲ့တဲ့ရက်ပိုင်းထဲက မိမိရဲ့အမိမြေဖြစ်တဲ့မြန်မာနိုင်ငံကို အကူအညီတောင်းခဲ့မှုတချို့ပြုလုပ်ခဲ့တာပါ။

အဲ့လိုအကူညီတောင်းခံခဲ့စဉ်ကတည်းက ပြည်သူတချို့ကတော့ ဝူဟန်မှာပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေပြန်ရောက်လာကာ ရောဂါပိုးပါလာမှာကိုစိုးရိမ်ခဲ့ကြပြီး ပြန်လာမှာကို ဆန့်ကျင်တဲ့မှတ်ချက်တွေပေးခဲ့ကြတာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောပိုင်တံခွန်ကတော့ “ဝူဟန်မြို့မှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား အားလုံးအတွက် အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ ကိုယ့်မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ရောက်လာနိုင်ပါစေလို့ ရင်ထဲက ဆန္ဒပြုရင်း ဆုတောင်းပေးပါတယ်… ကပ်ရောဂါဆိုးကြီးကျရောက်နေတဲ့ သူများနိုင်ငံမှာ စားနပ်ရိက္ခာတွေ ပြတ်လပ်ပြီး

မိဝေးဖဝေးနဲ့ ဒုက္ခ ရောက်နေရတဲ့ သူတွေကိုလည်း မြန်မာနိုင်ငံသားအချင်းချင်း ဆိုးရွားလွန်းတဲ့ တချို့ comments တွေကြောင့် စိတ်ဓာတ်မကျစေချင်ဘူးဗျာ” လို့သူ့ရင်ထဲကဆန္ဒတွေကို ဖော်ထုတ်ခဲ့တာပါ။