အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲခန္းမွာ လိုအပ္တဲ့ ဓာတ္ခြဲမယ့္ပစၥည္းေတြမရွိေသးလို႔ ကို႐ိုနာဗိုင္းရပ္စ္ မစစ္ေဆးႏိုင္ေသးဘူးလို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနရဲ႕ တာဝန္ရွိသူကေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး သံသယလူနာေတြ႕ရင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕အကူအညီနဲ႔ ထိုင္းႏိုင္ငံမွာရွိတဲ့ ဓာတ္ခြဲခန္းမွာ ရလဒ္ကိစစ္္္္ေဆးဖို႔လုပ္ရမယ္လို႔ တာ၀န္ရွိသူတစ္ဦီးကေျပာၾကားခဲ့ပါတယ္။

ေနာက္ဆုံးရရွိထားတဲ့ သတင္းအခ်က္အလက္ေတြအရ ကို႐ိုနာဗိုင္းရဗ္စ္ေၾကာင့္ အခုဆိုရင္ ေသဆုံးသူ ၂၁၃ ဦးအထိရွိလာၿပီး ကူးစက္ခံရသူေပါင္း ၉၈၂၁ ဦးရွိလာၿပီျဖစ္တာေၾကာင့္ကမာၻ႔က်န္းမာေရးအဖြဲ႕ ကေန ႏိုင္ငံတကာအေရးေပၚအေျခအေနတရပ္ ေၾကညာထားပါတယ္။

ဒီကေန႔ ေန႔လယ္ပိုင္းမွာေတာ့ တ႐ုတ္ႏိုင္ငံ ကြမ္က်ိဳးၿမိဳ႕ကေန ရန္ကုန္ မဂၤလာဒုံေလဆိပ္ကို ဆိုက္ကပ္လာတဲ့ ခရီးသည္တင္ေလယာဥ္တစီးေပၚမွာ ဝူဟန္ၿမိဳ႕ကလာတဲ့ တ႐ုတ္ခရီးသည္တဦး ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါသံသယရွိတာေၾကာင့္ စစ္ေဆးေနပါတယ္။

ေလယာဥ္ေပၚပါလာတဲ့ ခရီးသည္ေတြကိုလည္း ေလဆိပ္ထဲကိုေပးမဆင္းေသးပါဘူး။ ေလယာဥ္မႉးက သံသယရွိေၾကာင္း သတင္းေပးတဲ့အတြက္ စစ္ေဆးေဆာင္႐ြက္ခဲ့တာလို႔ သိရပါတယ္။

အသက္ (၅၅)ႏွစ္အ႐ြယ္ ဝူဟန္ကလာတဲ့ ခရီးသည္ မစၥတာ ဝမ္ဂ်င္ပင္းဟာ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိတာေၾကာင့္ တ႐ုတ္ႏိုင္ငံ ကြမ္က်ိဳးၿမိဳ႕ကေန ရန္ကုန္ မဂၤလာဒုံေလဆိပ္ကို အခုမနက္ ဆိုက္ကပ္လာတဲ့ China Southern Airline CZ-3055 ေလယာဥ္ကေန ေဝဘာဂီေဆး႐ုံႀကီးကို ေခၚေဆာင္သြားပါတယ္။ အဲဒီ့ေလယာဥ္မွာ ေလယာဥ္အမႈထမ္းနဲ႔ ခရီးသည္ (၈၆)ေယာက္ပါဝင္ပါတယ္။

Unicode

အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်းမှာ လိုအပ်တဲ့ ဓာတ်ခွဲမယ့်ပစ္စည်းတွေမရှိသေးလို့ ကိုရိုနာဗိုင်းရပ်စ် မစစ်ဆေးနိုင်သေးဘူးလို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယလူနာတွေ့ရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အကူအညီနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းမှာ ရလဒ်ကိစစ််််ဆေးဖို့လုပ်ရမယ်လို့ တာဝန်ရှိသူတစ်ဦီးကပြောကြားခဲ့ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ကိုရိုနာဗိုင်းရဗ်စ်ကြောင့် အခုဆိုရင် သေဆုံးသူ ၂၁၃ ဦးအထိရှိလာပြီး ကူးစက်ခံရသူပေါင်း ၉၈၂၁ ဦးရှိလာပြီဖြစ်တာကြောင့်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကနေ နိုင်ငံတကာအရေးပေါ်အခြေအနေတရပ် ကြေညာထားပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ဆိုက်ကပ်လာတဲ့ ခရီးသည်တင်လေယာဉ်တစီးပေါ်မှာ ဝူဟန်မြို့ကလာတဲ့ တရုတ်ခရီးသည်တဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါသံသယရှိတာကြောင့် စစ်ဆေးနေပါတယ်။

လေယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကိုလည်း လေဆိပ်ထဲကိုပေးမဆင်းသေးပါဘူး။ လေယာဉ်မှူးက သံသယရှိကြောင်း သတင်းပေးတဲ့အတွက် စစ်ဆေးဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။

အသက် (၅၅)နှစ်အရွယ် ဝူဟန်ကလာတဲ့ ခရီးသည် မစ္စတာ ဝမ်ဂျင်ပင်းဟာ ကိုရိုနာဗိုင်းရပ်စ် သံသယရှိတာကြောင့် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ကနေ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို အခုမနက် ဆိုက်ကပ်လာတဲ့ China Southern Airline CZ-3055 လေယာဉ်ကနေ ဝေဘာဂီဆေးရုံကြီးကို ခေါ်ဆောင်သွားပါတယ်။ အဲဒီ့လေယာဉ်မှာ လေယာဉ်အမှုထမ်းနဲ့ ခရီးသည် (၈၆)ယောက်ပါဝင်ပါတယ်။