မေ ကာင်းမြစ်တား ကောင်းရာညွှန်လက် ဆိုတဲ့အရာတွေဟာ မိဘဝတ်ထဲမှာ အထင်အရှားဖော်ပြထားတဲ့ ကျင့်ဝတ်တွေပါပဲ။

မိ ဘတွေဟာ မိမိတို့သားသမီးတွေ မှားယွင်းစွာလုပ်ဆောင်နဲ့အရာတွေကို ပြန်လည်တည့်မတ်လုပ်ဆောင်ပေးဖို့ တာဝန်အပြည့်အဝရှိသူတွေဖြစ်ပါတယ်။

အခုတင်ဆက်ပေးထားတဲ့ ဗီဒီယိုလေးထဲမှာတော့ သူတစ်ပါးကိုအနိုင်ကျင့်တဲ့ သမီးဖြစ်သူကို အပြစ်ပေးတဲ့ ဖခင်တစ်ယောက်အကြောင်းကို စိတ်ဝင်စားဖွယ်တွေ့မြင်ရမှာပါ။

၁၀နှစ်အရွယ် သမီးငယ်ဟာ ကျောင်းဖယ်ရီ ဘက်စ်ကားပေါ်မှာ တခြားသူကိုအနိုင်ကျင့်တဲ့အတွက် ဘက်စ်ကားစီးခွင့်မရတော့ပါဘူး။ ဒါကြောင့် ဖခင်ကိုလိုက်ပို့ဖို့ တောင်းဆိုခဲ့ပေမယ့် သူတပါးကို အနိုင်ကျင့်တဲ့သမီးကို ဖခင်ကအလိုမလိုက်ဘဲ အပြစ်ပေးခဲ့ပါတယ်။

သမီးဖြစ်သူကို အပြစ်ပေးတဲ့အနေနဲ့ ၅မိုင်ကွာဝေးတဲ့ကျောင်းကို လမ်းလျှောက်သွားခိုင်းခဲ့ပါတယ်။

“မိဘတွေအနေနဲ့တော့ ကျွန်တော့်လုပ်ရပ်ကိုမှားတယ်လို့ ဆိုကြမှာပဲ ဒါပေမဲ့ ကျွန်တော့်အတွက်တော့မှန်တယ် ကိုယ့်သားသမီးပဲဆိုပြီး အထူးအခွင့်ရေးပေးထားလို့မဖြစ်ဘူး သူများကို အနိုင်ကျင့်တဲ့လုပ်ရပ်ကို လက်မခံသင့်ဘူး ” လို့ ဖခင်ဖြစ်သူက ဗီဒီယိုလေးထဲမှာ သူ့ယူဆချက်ကို ပြောပြထားပါတယ်။

W riter -LLA ( Shwe Yaung Lan )
Source-Light worker