ဧ ရာဝတီ၊ ဇန္နဝါရီ ၃၁၊ ၂၀၂၀

တ႐ုတ္နိုင္ငံ၊ ကြမ္က်ိဳးၿမိဳ့က ေရာက္လာသည့္ ေလယာဥ္ေပၚမွ ဖ်ားနားသူတ႐ုတ္တဦးအား ကိုရိုနာဗိုင္းရပ္ သံသယရွိသျဖင့္ ေဝဘာဂီေဆး႐ုံးသို့ ပို့ေဆာင္ထားေၾကာင္း ရန္ကန္ေလဆိပ္ အေထြေထြမန္ေနဂ်ာ ဦးစိုးပိုင္က ဧရာဝတီသို့ အတည္ျပဳသည္။

ဦးစိုးပိုင္က “ေလယာဥ္ေပၚမွာ အဖ်ားပါလာတာ၊ ဒီေရာက္ေတာ့ က်န္းမာေရးတာဝန္ရွိသူေတြက စစ္ၿပီးေတာ့ ေဝဘာဂီေဆး႐ုံကို ေခၚသြားတယ္လို့သိရတယ္၊ ကိုရိုနာဗိုင္းရပ္ သံသယရွိတဲ့ အဆင့္ပါပဲ၊ China Southern airline၊ ကြမ္က်ိဳးကေနလာတာပါ”ဟု ေျပာသည္။

ယေန႔မနက္ပိုင္းက China Southern Airline မွေလယာဥ္သည္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို့ ဆိုက္ေရာက္လာျခင္းျဖစ္ၿပီး လတ္တေလာတြင္ ေလယာဥ္ေပၚလာသည့္ အျခားသူမ်ားအား ေပးမဆင္းေသးဘဲ စစ္ေဆးလၽွက္ရွိေၾကာင္း သိရသည္။

ဧရာဝတီ

Unicode

ဧ ရာဝတီ၊ ဇန်နဝါရီ ၃၁၊ ၂၀၂၀

တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့က ရောက်လာသည့် လေယာဉ်ပေါ်မှ ဖျားနားသူတရုတ်တဦးအား ကိုရိုနာဗိုင်းရပ် သံသယရှိသဖြင့် ဝေဘာဂီဆေးရုံးသို့ ပို့ဆောင်ထားကြောင်း ရန်ကန်လေဆိပ် အထွေထွေမန်နေဂျာ ဦးစိုးပိုင်က ဧရာဝတီသို့ အတည်ပြုသည်။

ဦးစိုးပိုင်က “လေယာဉ်ပေါ်မှာ အဖျားပါလာတာ၊ ဒီရောက်တော့ ကျန်းမာရေးတာဝန်ရှိသူတွေက စစ်ပြီးတော့ ဝေဘာဂီဆေးရုံကို ခေါ်သွားတယ်လို့သိရတယ်၊ ကိုရိုနာဗိုင်းရပ် သံသယရှိတဲ့ အဆင့်ပါပဲ၊ China Southern airline၊ ကွမ်ကျိုးကနေလာတာပါ”ဟု ပြောသည်။

ယနေ့မနက်ပိုင်းက China Southern Airline မှလေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်လာခြင်းဖြစ်ပြီး လတ်တလောတွင် လေယာဉ်ပေါ်လာသည့် အခြားသူများအား ပေးမဆင်းသေးဘဲ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

ဧရာဝတီ