M yanmar Idol Season (2) ရဲ႕ Top (3) ၿပိဳင္ပြဲဝင္ ဘီလီလမင္းေအးဟာ Winner ဆုႀကီးနဲ႔ လြဲေခ်ာ္ခဲ့ရေပမယ့္ ဂီတေလာကမွာေတာ့ ေနရာတစ္ေနရာ ရရိွထားႏိုင္ပါၿပီ။ အရြယ္နဲ႔မလိုက္ေအာင္ကို ရင့္က်က္လြန္းတဲ့ ဘီလီလမင္းေအးဟာ ဒီတစ္ေခါက္မွာေတာ့ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဘဝရပ္တည္ခ်က္အေၾကာင္းကို အခုလိုပဲ ေျပာျပထားပါတယ္

“အမ်ိဳးသမီးတစ္ေယာက္ဟာ – ထမင္းဟင္းခ်က္တတ္ရမယ္။ ဒါဟာ အမ်ိဳးသမီးျဖစ္လို ့မဟုတ္ဘူး။ ေယာက်ာ္းနဲ ့ကေလးေတြကို ခ်က္ေကြ်းဖို ့မဟုတ္ဘူး။ လူတစ္ေယာက္အေနနဲ ့ေလာကမွာ အသက္ရွင္ေနထိုင္ႏိုင္ဖို ့တစ္ေယာက္တည္းေနလည္း လုပ္ကိုလုပ္တတ္ရမယ့္ အရာမို ့။”

“- ကို္ယ့္ကိုကိုယ္တန္ဖိုးထားတတ္ရမယ္။ ဒါဟာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ လင္ေကာင္းသားေကာင္းရဖို ့မဟုတ္ဘူး။ ကိုယ့္ဘဝ၊ ကိုယ့္ခံယူခ်က္နဲ ့ကိုယ္ ယံုၾကည္ခ်က္ရွိရွိနဲ ့ဂုဏ္ယူစြာ ရပ္တည္ႏိုင္ဖို ့။”

“- အသက္ေမြး၀မ္းေၾကာင္း ပညာတစ္ခုခုတတ္ကို တတ္ထားရမယ္။ ဒါဟာ အမ်ိဳးသမီးတစ္ေယာက္ ျဖစ္ေနလို ့မဟုတ္ဘူး။ လင္ေယာက်ာ္းကို ရွာေကြ်းဖို ့မဟုတ္ဘူး။ မည္သူတစ္ဦးတစ္ေယာက္ကိုမွ ဘဝတစ္ခုလံုးပံုအပ္ၿပီး ေလာကအလယ္မွာ အားငယ္စြာ မေနထိုင္ရဖို ့။”

“- ဘာသာေရးက္ုိုင္းရွိုင္းရမယ္။ ဒါဟာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ အိပ္ရာဝင္ခါနီးတိုင္း ေယာက်ာ္းကို ရွိခိုးဖို ့မဟုတ္ဘူး။ ဘဝမွာ ဘာအခက္အခဲပဲ ၾကံဳလာပါေစ၊ ဘာသာေရး အဆံုးအမကတစ္ဆင့္ စိတ္ကို အမ်ားႀကီး တည္ၿငိမ္ေအးခ်မ္းေစႏိုင္ဖို ့။”

“- အိမ္မႈကိစၥေကာင္းမြန္စြာ စီစဥ္ ကိုင္တြယ္ႏိုင္ရမယ္။ ဒါဟာ အမ်ိဳးသမီး တစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ ေယာကၡမနဲ ့ေယာက်ာ္း ခိုင္းတာလုပ္ႏိုင္ဖို ့မဟုတ္ဘူး။ က္ိုယ္ေနထိုင္တဲ့ အိမ္ကိုေတာင္ အစီအစဥ္တက် သန္ ့ရွင္းသပ္ရပ္စြာ မထားႏိုင္ပဲနဲ ့ မိမိပတ္ဝန္းက်င္၊ မိမိအလုပ္၊ မိမိ လူမ်ိဳး တိုးတက္ေျပာင္းလဲဖို ့ေကာင္းစြာ အစီအစဥ္တက် လုပ္ႏိုင္စြမ္းရွိမွာ မဟုတ္လို ့။”

“- လွပစြာ ျပင္ဆင္ဝတ္စားတတ္ရမယ္။ ဒါဟာ အမ်ိဳးသမီး တစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ ေယာက်ာ္းေတြ ႀကိဳက္ဖို ့၊ ၾကည့္ဖို ့မဟုတ္ဘူး။ ကိုယ္ဟာ လွပစြာ တည္ရွိေနတယ္ဆိုတဲ့ စိတ္ဟာ က္ုိယ့္ကို ယံုၾကည္ခ်က္အမ်ားႀကီး ေပးႏိုင္လို ့။”

“- မနက္ေစာေစာထရမယ္။ ဒါဟာ အမ်ိဳးသမီး တစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ ေယာက်ာ္းႏိုးလာရင္ အားလံုးျပင္ဆင္ေပးၿပီးသား ျဖစ္ေနဖို ့မဟုတ္ဘူး။ ကိုယ့္ရည္မွန္းခ်က္ေတြစီ ျမန္ျမန္ေရာက္ႏိုင္ေအာင္၊ အလုပ္ေတြပိုမိုၿပီးေျမာက္ေအာင္၊ ရထားတဲ့ အခ်ိန္ကေလးကို လံုေလာက္စြာအသံုးခ်ႏိုင္ဖို ့။”

“- အလွဴအဒါန္းရက္ေရာရမယ္။ ဒါဟာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ေနလို ့မဟုတ္ဘူး။ ေယာက်ာ္းလွဴသမွ်က္ုိ ပါရမီလ္ုိက္ျဖည့္ေနဖို ့မဟုတ္ဘူး။ ဘာကိုမွ ေမွ်ာ္လင့္ျခင္းမရွိပဲ လြတ္လပ္စြာ လွဴဒါန္းရျခင္းဟာ ႀကီးမားတဲ့ မြန္ျမတ္ျခင္းတစ္ခုျဖစ္ေနလို ့……”

“ဒါေတြ အားလံုးက္ုိ ေယာက်ာ္းတစ္ေယာက္ကလည္း ေကာင္းမြန္စြာ တတ္ေျမာက္ထားရပါမယ္။ ေယာက်ာ္း/မိန္းမ မို ့မဟုတ္ဘူး။ လူ တစ္ေယာက္ျဖစ္ေနလို ့။ က်မတို ့ေန ့စဥ္လုပ္ေနတဲ့ အရာေတြက အေၾကာင္းအရာျခင္း တူရင္ေတာင္ ရည္ရြယ္ခ်က္နဲ ့ခံယူခ်က္ မတူရင္ ဘဝတန္ဖိုးကတည္း တူမွာ မဟုတ္ဘူး….”

“တစ္ဖက္ေစာင္းနင္းတဲ့ အေတြးအေခၚမ်ိဳးက လူ ့ပတ္ဝန္းက်င္ကို အက်ိဳးမျပဳေစဘူး။ ကိုယ့္ကိုေလာင္ၿမိဳက္ေနတဲ့အရာတစ္ခုကို သူမ်ားလည္း ေလာင္ၿမိဳက္ပါေစဆိုၿပီး ျဖန္ ့ေဝေနျခင္းက ႀကီးစြာေသာ အကုသိုလ္ျဖစ္ေစပါတယ္။ “လူ” ဆိုတာ တဏွာတစ္ခုတည္းအတြက္ ရွင္သန္ေနတာ မဟုတ္ဘူး။ ကိုယ္ရွင္သန္ေနတဲ့ ဘဝရဲ ့တန္ဖိုးနဲ ့ရပ္တည္ခ်က္ေတြက္ုိ ေကာင္းေကာင္းနားလည္ေစခ်င္မိတယ္…” ဆိုၿပီး ေျပာလာတာ ျဖစ္ပါတယ္။

Unicode

M yanmar Idol Season (2) ရဲ့ Top (3) ပြိုင်ပွဲဝင် ဘီလီလမင်းအေးဟာ Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ဂီတလောကမှာတော့ နေရာတစ်နေရာ ရရှိထားနိုင်ပါပြီ။ အရွယ်နဲ့မလိုက်အောင်ကို ရင့်ကျက်လွန်းတဲ့ ဘီလီလမင်းအေးဟာ ဒီတစ်ခေါက်မှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝရပ်တည်ချက်အကြောင်းကို အခုလိုပဲ ပြောပြထားပါတယ်

“အမျိုးသမီးတစ်ယောက်ဟာ – ထမင်းဟင်းချက်တတ်ရမယ်။ ဒါဟာ အမျိုးသမီးဖြစ်လို ့မဟုတ်ဘူး။ ယောကျာ်းနဲ ့ကလေးတွေကို ချက်ကျွေးဖို ့မဟုတ်ဘူး။ လူတစ်ယောက်အနေနဲ ့လောကမှာ အသက်ရှင်နေထိုင်နိုင်ဖို ့တစ်ယောက်တည်းနေလည်း လုပ်ကိုလုပ်တတ်ရမယ့် အရာမို ့။”

“- ကို်ယ့်ကိုကိုယ်တန်ဖိုးထားတတ်ရမယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ လင်ကောင်းသားကောင်းရဖို ့မဟုတ်ဘူး။ ကိုယ့်ဘဝ၊ ကိုယ့်ခံယူချက်နဲ ့ကိုယ် ယုံကြည်ချက်ရှိရှိနဲ ့ဂုဏ်ယူစွာ ရပ်တည်နိုင်ဖို ့။”

“- အသက်မွေးဝမ်းကြောင်း ပညာတစ်ခုခုတတ်ကို တတ်ထားရမယ်။ ဒါဟာ အမျိုးသမီးတစ်ယောက် ဖြစ်နေလို ့မဟုတ်ဘူး။ လင်ယောကျာ်းကို ရှာကျွေးဖို ့မဟုတ်ဘူး။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ဘဝတစ်ခုလုံးပုံအပ်ပြီး လောကအလယ်မှာ အားငယ်စွာ မနေထိုင်ရဖို ့။”

“- ဘာသာရေးက်ုိုင်းရှိုင်းရမယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ အိပ်ရာဝင်ခါနီးတိုင်း ယောကျာ်းကို ရှိခိုးဖို ့မဟုတ်ဘူး။ ဘဝမှာ ဘာအခက်အခဲပဲ ကြုံလာပါစေ၊ ဘာသာရေး အဆုံးအမကတစ်ဆင့် စိတ်ကို အများကြီး တည်ငြိမ်အေးချမ်းစေနိုင်ဖို ့။”

“- အိမ်မှုကိစ္စကောင်းမွန်စွာ စီစဉ် ကိုင်တွယ်နိုင်ရမယ်။ ဒါဟာ အမျိုးသမီး တစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ ယောက္ခမနဲ ့ယောကျာ်း ခိုင်းတာလုပ်နိုင်ဖို ့မဟုတ်ဘူး။ က်ိုယ်နေထိုင်တဲ့ အိမ်ကိုတောင် အစီအစဉ်တကျ သန် ့ရှင်းသပ်ရပ်စွာ မထားနိုင်ပဲနဲ ့ မိမိပတ်ဝန်းကျင်၊ မိမိအလုပ်၊ မိမိ လူမျိုး တိုးတက်ပြောင်းလဲဖို ့ကောင်းစွာ အစီအစဉ်တကျ လုပ်နိုင်စွမ်းရှိမှာ မဟုတ်လို ့။”

“- လှပစွာ ပြင်ဆင်ဝတ်စားတတ်ရမယ်။ ဒါဟာ အမျိုးသမီး တစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ ယောကျာ်းတွေ ကြိုက်ဖို ့၊ ကြည့်ဖို ့မဟုတ်ဘူး။ ကိုယ်ဟာ လှပစွာ တည်ရှိနေတယ်ဆိုတဲ့ စိတ်ဟာ က်ုိယ့်ကို ယုံကြည်ချက်အများကြီး ပေးနိုင်လို ့။”

“- မနက်စောစောထရမယ်။ ဒါဟာ အမျိုးသမီး တစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ ယောကျာ်းနိုးလာရင် အားလုံးပြင်ဆင်ပေးပြီးသား ဖြစ်နေဖို ့မဟုတ်ဘူး။ ကိုယ့်ရည်မှန်းချက်တွေစီ မြန်မြန်ရောက်နိုင်အောင်၊ အလုပ်တွေပိုမိုပြီးမြောက်အောင်၊ ရထားတဲ့ အချိန်ကလေးကို လုံလောက်စွာအသုံးချနိုင်ဖို ့။”

“- အလှူအဒါန်းရက်ရောရမယ်။ ဒါဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေလို ့မဟုတ်ဘူး။ ယောကျာ်းလှူသမျှက်ုိ ပါရမီလ်ုိက်ဖြည့်နေဖို ့မဟုတ်ဘူး။ ဘာကိုမှ မျှော်လင့်ခြင်းမရှိပဲ လွတ်လပ်စွာ လှူဒါန်းရခြင်းဟာ ကြီးမားတဲ့ မွန်မြတ်ခြင်းတစ်ခုဖြစ်နေလို ့……”

“ဒါတွေ အားလုံးက်ုိ ယောကျာ်းတစ်ယောက်ကလည်း ကောင်းမွန်စွာ တတ်မြောက်ထားရပါမယ်။ ယောကျာ်း/မိန်းမ မို ့မဟုတ်ဘူး။ လူ တစ်ယောက်ဖြစ်နေလို ့။ ကျမတို ့နေ ့စဉ်လုပ်နေတဲ့ အရာတွေက အကြောင်းအရာခြင်း တူရင်တောင် ရည်ရွယ်ချက်နဲ ့ခံယူချက် မတူရင် ဘဝတန်ဖိုးကတည်း တူမှာ မဟုတ်ဘူး….”

“တစ်ဖက်စောင်းနင်းတဲ့ အတွေးအခေါ်မျိုးက လူ ့ပတ်ဝန်းကျင်ကို အကျိုးမပြုစေဘူး။ ကိုယ့်ကိုလောင်မြိုက်နေတဲ့အရာတစ်ခုကို သူများလည်း လောင်မြိုက်ပါစေဆိုပြီး ဖြန် ့ဝေနေခြင်းက ကြီးစွာသော အကုသိုလ်ဖြစ်စေပါတယ်။ “လူ” ဆိုတာ တဏှာတစ်ခုတည်းအတွက် ရှင်သန်နေတာ မဟုတ်ဘူး။ ကိုယ်ရှင်သန်နေတဲ့ ဘဝရဲ ့တန်ဖိုးနဲ ့ရပ်တည်ချက်တွေက်ုိ ကောင်းကောင်းနားလည်စေချင်မိတယ်…” ဆိုပြီး ပြောလာတာ ဖြစ်ပါတယ်။