ဆီးႏွ င့္ ေက်ာက္ကပ္အတြက္ ေရဝါး႐ြက္

“ေရဝါး႐ြက္ႏွင့္ဆီး ေက်ာက္ကပ္”

“ေရဝါး႐ြက္အေၾကာင္းေဆးနည္းမ်ားကိုအေတာ္မ်ားမ်ားဖ်န႔္ေဝခဲ့ၾကတာေတြ႕ရပါတယ္အင္မတန္လည္းအက်ိဳးရွိပါတယ္ ”

သို႔ေသာ္လည္း တခ်ိဳ႕မသိေသးေသာသူမ်ားလည္းရွိပါတယ္ ထို႔ေၾကာင့္မသိေသးေသာသူမ်ားေရာသိၿပီးသားသူမ်ားအတြက္ပါ ႀကိဳးစားၿပီးေရဝါးပင္၏ေဆးအစြမ္းမ်ားကိုစုစည္းတင္ျပထားပါသည္။

ေဆးနည္းႏွင့္စာမ်ားအျပင္ပုံမ်ားပါေလ့လာေပးပါလို႔တိုက္တြန္းလိုက္ပါတယ္ ။

ကြၽန္မရဲ႕ ေက်ာက္ကပ္မွာ ေက်ာက္ေတြမရွိေတာ့ဘူးတဲ့ လႈိက္ခနဲဝမ္းသာသြားမိတယ္ ။

၄ ႏွစ္နီးပါးခံစားခဲ့ရတဲ့ေက်ာက္တည္တဲ့ေဝဒနာ အထူးကုေဆးခန္းမ်ားစြာျပခဲ့ပီး သက္သာလိုက္ျပန္ျဖစ္လိုက္နဲ႔ အခ်ိန္ေတြ ကိုကုန္လြန္ခဲ့ရင္းက ဟိုစာအုပ္ဖတ္ေဆးနည္းေလးေတြေတြ႕လိုက္လုပ္

ၾကည့္ ၾကားဖူးနားဝေျပာျပတဲ့ေဆးေတြလိုက္ေသာက္ၾကည့္ ေဆးမွန္သမွ် အကုန္ေသာက္ၾကည့္ခဲ့ပါတယ္ ။

ကြၽန္မရဲ႕ဘယ္ဘက္ေက်ာက အၿမဲေအာင့္ေနခဲ့တာရင္းႏွီးသူေတြေတာင္သိၾကပါတယ္ အဲ့လိုေသာက္ေနရင္းက ကြၽန္မသံမႏိုင္ေက်ာက္မႏိုင္ေဆးျပားကို အၫႊန္းအတိုင္းမွန္မွန္ေသာက္ခဲ့ပါတယ္ ေက်ာေအာင့္တာသက္သာလာတယ္ ။

ေမေမက ငါးေျပမနဲ႔ေဇာင္းခါးသီး ခဏခဏခ်က္ေကြၽးတယ္ ေက်ာက္က်တယ္ဆိုလို႔ ကြၽန္မျဖစ္ေနတဲ့ေက်ာက္က အနည္ဆိုေတာ့ေရမ်ားမ်ားေသာက္ပီးအိုးနဲ႔ ဆီးကိုၾကည့္ရတာ သူမ်ားလိုေဒါက္ခနဲက်မွန္း

သိတဲ့အေနအထားေတာ့မဟုတ္ပါဘူး ငါးေျပမကိုတခါမွမစားဘူး အ႐ိုးမ်ားလို႔ ေရာဂါေၾကာင့္ ႀကိတ္ပီး စားခဲ့ပါတယ္ ။

ေက်ာက္ကြဲ႐ြက္ကိုႀကိဳေသာက္တယ္ သိပ္ခါးတာေပါ့ ခါးတူးေနတာ ဒါေပမဲ့ ေရဆာတိုင္းေသာက္တယ္ ။

ေနာက္ဆုံးတခုက ေတာ့ ေရဝါးပင္ပါ ေက်ာက္ကပ္ေဆးေနရတဲ့သူေတာင္ ပကတိျပန္ေကာင္းတယ္ ဆိုလို႔ က်ိဳၿပီး ေန႔စဥ္ေသာက္တာခုထိပါပဲ ။

ျမန္မာ့ေဆးနည္းေတြကို ကြၽန္မသိပ္ယုံၾကည္သြားပါပီ ယေန႔ကြၽန္မရဲ႕ ေက်ာက္ကပ္ထဲမွာ ရွိေနတဲ့ ေက်ာက္ေတြမရွိေတာ့ဘူး လက္ေတြ႕ေလ ကြၽန္မလိုပဲ ဆီးေရာဂါ ေက်ာက္တည္တဲ့ေရာဂါရွိတဲ့

ေဝဒနာရွင္မ်ားလည္းအထက္ပါေဆးနည္းမ်ားကို သုံးစြဲမွီဝဲၾကည့္ၾကေစလိုပါတယ္ ယုံယုံၾကည္ၾကည္နဲ႔ေသာက္ပီး ေပ်ာက္ကင္းႏိုင္ၾကပါေစရွင္ …ဖတ္မိသမွ်_က်န္းမာ_လွပ_သုတ

ေက်ာက္ကပ္ အသက္ကယ္ေဆး ေရဝါးပင္

အေခၚအေဝၚ နဲ႔ ကုသပုံံ ေျပာလိုပါတယ္ တ႐ုတ္ အေခၚ ေ႐ႊၾကဴ ေဆာင္။ျမန္မာျပန္ ေတာ့ ေရဝါး ။ျမန္မာအေခၚ ျမက္ႂကြတ္ျပာပင္ (ျမက္ႂကြပ္ပင္ကသီးျခားရွိ) ေခၚပါတယ္။

ေခၚလို႔လြယ္တာနဲ႔ ေရဝါးလို႔ေခၚတာပါ။ ဝါး အမ်ိဳး အစား မဟုတ္ပါဘူး။

မ်ိဳးကြဲ မ်ားရွိတယ္လို႔သိရေပမဲ့ အိမ္မွာေတာ့ ျမန္မာစိမ္း။ ျမန္မာက်ား။ ႏိုင္ငံျခား စိမ္း(အ႐ြက္နဲနဲေသး)သုံးမ်ိဳး ရွိပါတယ္။

အ႐ြက္ ေနာက္ေက်ာက ခရမ္းေရာင္ ျဖစ္ပါတယ္။ေျမေပၚမွာ ကပ္သြားပင္မ်ိဳးျဖစ္လို႔ အဆစ္တိုင္းမွာ အျမစ္ထြက္ပါတယ္။

” ေက်ာက္ကပ္ေဝဒနာကို ကုသပုံ ”

ေက်ာက္ကပ္ေရာဂါ ျဖစ္ေနရင္ မ်က္ႏွာအမ္း။လက္ ေျခ ေရာင္။ ဝမ္းဗိုက္ကယ္ ထမင္းမစားႏိုင္။ ဆီး မသြားႏိုင္ ျဖစ္ပါတယ္။အဲဒီ အေျခအေနကို ေရာဂါ ျပင္းတယ္လို႔ိ သတ္မွတ္ပါတယ္။

ေရဝါးပင္ တပင္လုံး ၁၅ က်ပ္သား ကိုေျမအိုးနဲ ေရ သုံးခြက္တခြက္ တင္ေအာင္ႀကိဳၿပီး ေသာက္ရပါ့မယ္။တရက္စာပါ။

ဒုတိယေန႔ လဲ ဒီလိုဘဲ ႀကိဳေသာက္ၿပီးတာနဲ႔ဲ အေရာင္စေလ်ာ့လာမယ္။ထမင္းစား လာပါမယ္။ တတိယေန႔ ၾကသာက္ၿပီး တာနဲ႔ သက္သာ လာေတာ့တာပါဘဲ။ တဦး နဲ႔ တဦး မတူတာလဲ ရွိပါတယ္။

တပတ္ ေလာက္ ေသာက္ၿပီးတာနဲ႔ လူူေကာင္းနီးပါးျဖစ္လာပါတယ္။ ေနာက္တပတ္ေလာက္ ဆက္ေသာက္ၿပီး ေဆးျပန္စစ္ၾကည့္ပါ။ထူးျခားမႈ ေတြ႕ရမွာပါ။

ေဆးႀကိဳေသာက္တာကလဲ ေရာဂါ သက္ သာမႈု ကိုၾကည့္ၿပီး ခ်ဲ ေသာက္ပါ။ သေဘာက၃၀က်ပ္သား ႏွစ္ရက္အစား သုံး ရက္ ေပါ့။

လူနာ တေယာက္ အတြက္ ေရဝါးပင္ က၂ ပိသာကေန ၄ပိသာ အထိ ကုန္ပါတယ္။၁/၂ ႀကိမ္ ေသာက္႐ုံ နဲ႔ အဆင္မေျပပါဘူး။

ေဆးပင္ကို ႀကိဳတဲ့အခါ သာမန္မတ္ခြက္ အေသးနဲ႔ေတာင္ တနာရီခြဲေလာက္ ၾကာလို႔ိမီးေသြး မီးဖိုမွ အဆင္ေျပပါတယ္။

ႀကဳံလို႔ ဆက္ေျပာပါ့မယ္။ ေရဝါးပင္ကို ေထာင္းၿပီးအရည္ဟာ အဆိပ္ေျပလို႔ အဆိပ္ မိတဲ့ ေခြးတိုေၾကာင္တို႔ ကိုတိုက္ပါက မိနစ္ပိုင္း အတြင္းေပ်ာက္တယ္။

အပူေလာင္ရင္လဲ အရည္ လိမ္း။ ကင္း/ပ်ား အကိုက္ခံရ လဲ အရည္လိမ္းပါ။ခဏေလးနဲ႔ ေပ်ာက္ပါတယ္။လက္ေတြ႕ပါ။

Credit: Yimon Kyaw ( HTA )အိမ္တြင္းေဆးၿမီးတိုမ်ားစုစည္းမႈ႕

Unicode

ဆီးနှ င့် ကျောက်ကပ်အတွက် ရေဝါးရွက်

“ရေဝါးရွက်နှင့်ဆီး ကျောက်ကပ်”

“ရေဝါးရွက်အကြောင်းဆေးနည်းများကိုအတော်များများဖျန့်ဝေခဲ့ကြတာတွေ့ရပါတယ်အင်မတန်လည်းအကျိုးရှိပါတယ် ”

သို့သော်လည်း တချို့မသိသေးသောသူများလည်းရှိပါတယ် ထို့ကြောင့်မသိသေးသောသူများရောသိပြီးသားသူများအတွက်ပါ ကြိုးစားပြီးရေဝါးပင်၏ဆေးအစွမ်းများကိုစုစည်းတင်ပြထားပါသည်။

ဆေးနည်းနှင့်စာများအပြင်ပုံများပါလေ့လာပေးပါလို့တိုက်တွန်းလိုက်ပါတယ် ။

ကျွန်မရဲ့ ကျောက်ကပ်မှာ ကျောက်တွေမရှိတော့ဘူးတဲ့ လှိုက်ခနဲဝမ်းသာသွားမိတယ် ။

၄ နှစ်နီးပါးခံစားခဲ့ရတဲ့ကျောက်တည်တဲ့ဝေဒနာ အထူးကုဆေးခန်းများစွာပြခဲ့ပီး သက်သာလိုက်ပြန်ဖြစ်လိုက်နဲ့ အချိန်တွေ ကိုကုန်လွန်ခဲ့ရင်းက ဟိုစာအုပ်ဖတ်ဆေးနည်းလေးတွေတွေ့လိုက်လုပ်

ကြည့် ကြားဖူးနားဝပြောပြတဲ့ဆေးတွေလိုက်သောက်ကြည့် ဆေးမှန်သမျှ အကုန်သောက်ကြည့်ခဲ့ပါတယ် ။

ကျွန်မရဲ့ဘယ်ဘက်ကျောက အမြဲအောင့်နေခဲ့တာရင်းနှီးသူတွေတောင်သိကြပါတယ် အဲ့လိုသောက်နေရင်းက ကျွန်မသံမနိုင်ကျောက်မနိုင်ဆေးပြားကို အညွှန်းအတိုင်းမှန်မှန်သောက်ခဲ့ပါတယ် ကျောအောင့်တာသက်သာလာတယ် ။

မေမေက ငါးပြေမနဲ့ဇောင်းခါးသီး ခဏခဏချက်ကျွေးတယ် ကျောက်ကျတယ်ဆိုလို့ ကျွန်မဖြစ်နေတဲ့ကျောက်က အနည်ဆိုတော့ရေများများသောက်ပီးအိုးနဲ့ ဆီးကိုကြည့်ရတာ သူများလိုဒေါက်ခနဲကျမှန်း

သိတဲ့အနေအထားတော့မဟုတ်ပါဘူး ငါးပြေမကိုတခါမှမစားဘူး အရိုးများလို့ ရောဂါကြောင့် ကြိတ်ပီး စားခဲ့ပါတယ် ။

ကျောက်ကွဲရွက်ကိုကြိုသောက်တယ် သိပ်ခါးတာပေါ့ ခါးတူးနေတာ ဒါပေမဲ့ ရေဆာတိုင်းသောက်တယ် ။

နောက်ဆုံးတခုက တော့ ရေဝါးပင်ပါ ကျောက်ကပ်ဆေးနေရတဲ့သူတောင် ပကတိပြန်ကောင်းတယ် ဆိုလို့ ကျိုပြီး နေ့စဉ်သောက်တာခုထိပါပဲ ။

မြန်မာ့ဆေးနည်းတွေကို ကျွန်မသိပ်ယုံကြည်သွားပါပီ ယနေ့ကျွန်မရဲ့ ကျောက်ကပ်ထဲမှာ ရှိနေတဲ့ ကျောက်တွေမရှိတော့ဘူး လက်တွေ့လေ ကျွန်မလိုပဲ ဆီးရောဂါ ကျောက်တည်တဲ့ရောဂါရှိတဲ့

ဝေဒနာရှင်များလည်းအထက်ပါဆေးနည်းများကို သုံးစွဲမှီဝဲကြည့်ကြစေလိုပါတယ် ယုံယုံကြည်ကြည်နဲ့သောက်ပီး ပျောက်ကင်းနိုင်ကြပါစေရှင် …ဖတ်မိသမျှ_ကျန်းမာ_လှပ_သုတ

ကျောက်ကပ် အသက်ကယ်ဆေး ရေဝါးပင်

အခေါ်အဝေါ် နဲ့ ကုသပုံံ ပြောလိုပါတယ် တရုတ် အခေါ် ရွှေကြူ ဆောင်။မြန်မာပြန် တော့ ရေဝါး ။မြန်မာအခေါ် မြက်ကြွတ်ပြာပင် (မြက်ကြွပ်ပင်ကသီးခြားရှိ) ခေါ်ပါတယ်။

ခေါ်လို့လွယ်တာနဲ့ ရေဝါးလို့ခေါ်တာပါ။ ဝါး အမျိုး အစား မဟုတ်ပါဘူး။

မျိုးကွဲ များရှိတယ်လို့သိရပေမဲ့ အိမ်မှာတော့ မြန်မာစိမ်း။ မြန်မာကျား။ နိုင်ငံခြား စိမ်း(အရွက်နဲနဲသေး)သုံးမျိုး ရှိပါတယ်။

အရွက် နောက်ကျောက ခရမ်းရောင် ဖြစ်ပါတယ်။မြေပေါ်မှာ ကပ်သွားပင်မျိုးဖြစ်လို့ အဆစ်တိုင်းမှာ အမြစ်ထွက်ပါတယ်။

” ကျောက်ကပ်ဝေဒနာကို ကုသပုံ ”

ကျောက်ကပ်ရောဂါ ဖြစ်နေရင် မျက်နှာအမ်း။လက် ခြေ ရောင်။ ဝမ်းဗိုက်ကယ် ထမင်းမစားနိုင်။ ဆီး မသွားနိုင် ဖြစ်ပါတယ်။အဲဒီ အခြေအနေကို ရောဂါ ပြင်းတယ်လိို့ သတ်မှတ်ပါတယ်။

ရေဝါးပင် တပင်လုံး ၁၅ ကျပ်သား ကိုမြေအိုးနဲ ရေ သုံးခွက်တခွက် တင်အောင်ကြိုပြီး သောက်ရပါ့မယ်။တရက်စာပါ။

ဒုတိယနေ့ လဲ ဒီလိုဘဲ ကြိုသောက်ပြီးတာနဲဲ့ အရောင်စလျော့လာမယ်။ထမင်းစား လာပါမယ်။ တတိယနေ့ ကြသာက်ပြီး တာနဲ့ သက်သာ လာတော့တာပါဘဲ။ တဦး နဲ့ တဦး မတူတာလဲ ရှိပါတယ်။

တပတ် လောက် သောက်ပြီးတာနဲ့ လူူကောင်းနီးပါးဖြစ်လာပါတယ်။ နောက်တပတ်လောက် ဆက်သောက်ပြီး ဆေးပြန်စစ်ကြည့်ပါ။ထူးခြားမှု တွေ့ရမှာပါ။

ဆေးကြိုသောက်တာကလဲ ရောဂါ သက် သာမှုု ကိုကြည့်ပြီး ချဲ သောက်ပါ။ သဘောက၃ဝကျပ်သား နှစ်ရက်အစား သုံး ရက် ပေါ့။

လူနာ တယောက် အတွက် ရေဝါးပင် က၂ ပိသာကနေ ၄ပိသာ အထိ ကုန်ပါတယ်။၁/၂ ကြိမ် သောက်ရုံ နဲ့ အဆင်မပြေပါဘူး။

ဆေးပင်ကို ကြိုတဲ့အခါ သာမန်မတ်ခွက် အသေးနဲ့တောင် တနာရီခွဲလောက် ကြာလိို့မီးသွေး မီးဖိုမှ အဆင်ပြေပါတယ်။

ကြုံလို့ ဆက်ပြောပါ့မယ်။ ရေဝါးပင်ကို ထောင်းပြီးအရည်ဟာ အဆိပ်ပြေလို့ အဆိပ် မိတဲ့ ခွေးတိုကြောင်တို့ ကိုတိုက်ပါက မိနစ်ပိုင်း အတွင်းပျောက်တယ်။

အပူလောင်ရင်လဲ အရည် လိမ်း။ ကင်း/ပျား အကိုက်ခံရ လဲ အရည်လိမ်းပါ။ခဏလေးနဲ့ ပျောက်ပါတယ်။လက်တွေ့ပါ။

Credit: Yimon Kyaw ( HTA )အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့