ကုိ ရိုနာဗုိင္းရပ္စ္ ကူးစက္ျဖစ္ပြားေနမႈအတြင္း ၀ူဟန္ၿမိဳ႕ကုိ အဆက္အသြယ္ျဖတ္ ပိတ္ဆုိ ့ထားလုိက္ တာေၾကာင့္ အစာေရစာ ငတ္ျပတ္ေသရမယ့္အေရး စုိးရိမ္ပူပန္ေနေၾကာင္း တရုတ္ႏုိင္ငံမွ ျပန္ထြက္မရျဖစ္ ေနတဲ့ ထုိင္းေက်ာင္းသူတစ္ဦးက ထုတ္ေဖာ္ေျပာဆုိလာပါတယ္ ၀ူဟန္ တကၠသုိလ္မွာ တက္ေရာက္ေနတဲ့ ေက်ာင္းသူတစ္ဦးျဖစ္တဲ့ ပါစနီခ်ာ ကရြတ္ဒါမရြန္ခ်ဳိင္က ထုိင္းႏုိင္ငံသားေတြကုိ ၀ူဟန္ကေန ေခၚထုတ္ေပးဖုိ ့ ထုိင္းအစုိးရကုိ ပန္ၾကားခဲ့ပါတယ္။

ၿမိဳ႕ ကုိ ရုတ္တရက္ႀကီး ပိတ္ဆုိ ့လုိက္တာေၾကာင့္ မိမိတုိ ့ေတြ စားနပ္ရိကၡ စုေဆာင္းခ်ိန္ မရလုိက္ဘဲ ယခုအခါ ေက်ာင္းသားအမ်ားစုမွာ အစားအစာ မလုံေလာက္ေတာ့ဘူးလုိ ့ သူမက လူမႈကြန္ရက္မွာ တင္ထားခဲ့ပါတယ္။ အစားအေသာက္ ၀ယ္ဖုိ ့ ဘယ္ေနရာကုိမွ သြားမရျဖစ္ေနကာ အနီးနားက စူပါမားကက္ေတြဟာလည္း အစားအစာပစၥည္း ျပတ္လပ္ေနၿပီျဖစ္ေၾကာင္း သူမက ဆက္လက္ေျပာဆုိထားပါတယ္။

ယခုအခါ ၀ူဟန္ၿမိဳ႕ နဲ႕ ပတ္၀န္းက်င္ ဧရိယာေတြကုိ အ၀င္အထြက္ သြားလာျခင္းေတြ ပိတ္ထားခဲ့တာျဖစ္ပါတယ္။ထုိင္းအစုိးရဟာ သူ႕ႏုိင္ငံသားေတြကုိ တရုတ္ျပည္က ေခၚထုတ္ဖုိ ့ အေလးထားလုပ္ေဆာင္ျခင္းမရွိဘူးလုိ ့ သူခံစားေနရေၾကာင္း မစၥ ကရြတ္ဒါမရြန္ခ်ဳိင္က ေျပဆုိခဲ့ပါတယ္။ အေမရိကန္၊ ဂ်ပန္နဲ႕ အင္ဒုိနီးရွားတုိ ့မွ သူ႕ရဲ႕ အတန္းေဖာ္ သူငယ္ခ်င္းေတြကုိေတာ့ သူတုိ ့ႏုိင္ငံ သံရုံးေတြက အဆက္အသြယ္လုပ္ၾကေၾကာင္းလည္း သူမက ေျပာဆုိပါတယ္။

ဂ်ပန္ဟာ အဂၤါေန ့မွာ ၄င္းတုိ ့ႏုိင္ငံသားေတြကုိ ေခၚထုတ္ထားခဲ့ၿပီးျဖစ္သလုိ ေတာင္ကုိရီးယားကလည္း ၾကာသာပေတးေန ့မွာ ၀ူဟန္သုိ ့ စင္းလုံးငွားေလယာဥ္ ေစလႊတ္မွာ ျဖစ္ပါတယ္။“ထုိင္းအစုိးရရဲ႕ အကူအညီကုိ ကၽြန္မ ေစာင့္ေမွ်ာ္ေနပါတယ္။ ဒီမွာသာ ဆက္ေနရမယ္ဆုိရင္ ဗုိင္းရပ္ပဲ အရင္ ကူးစက္ေသမလား၊ အစာငတ္ေသမလား ကၽြန္မ မသိေတာ့ပါဘူး။ ကၽြန္မ တကယ္ ထြက္ခ်င္ေနပါၿပီ၊ အားကုိးတႀကီး ေစာင့္ေနပါတယ္။” လုိ ့ သူမက လူမႈကြန္ရက္မွာ ေရးသားခဲ့ပါတယ္။

တရုတ္ႏုိင္ငံ အလယ္ပုိင္း ၀ူဟန္ၿမိဳ႕မွ စတင္ကူးစက္ျဖစ္ပြားခဲ့တဲ့ ကုိရုိနာဗုိင္းရပ္စ္ ေရာဂါေၾကာင့္ တရုတ္မွာ ေသဆုံးသူ ၁၇၀ နဲ႕ ေရာဂါပုိးေတြ႕ရွိသူ ၈၀၀၀ နီးပါးရွိၿပီျဖစ္ေၾကာင္း အတည္ျပဳ ထုတ္ျပန္ထားပါတယ္။

အကုန္သိ

Unicode

ကို ရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှုအတွင်း ဝူဟန်မြို့ကို အဆက်အသွယ်ဖြတ် ပိတ်ဆို ့ထားလိုက် တာကြောင့် အစာရေစာ ငတ်ပြတ်သေရမယ့်အရေး စိုးရိမ်ပူပန်နေကြောင်း တရုတ်နိုင်ငံမှ ပြန်ထွက်မရဖြစ် နေတဲ့ ထိုင်းကျောင်းသူတစ်ဦးက ထုတ်ဖော်ပြောဆိုလာပါတယ် ဝူဟန် တက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦးဖြစ်တဲ့ ပါစနီချာ ကရွတ်ဒါမရွန်ချိုင်က ထိုင်းနိုင်ငံသားတွေကို ဝူဟန်ကနေ ခေါ်ထုတ်ပေးဖို ့ ထိုင်းအစိုးရကို ပန်ကြားခဲ့ပါတယ်။

မြို့ ကို ရုတ်တရက်ကြီး ပိတ်ဆို ့လိုက်တာကြောင့် မိမိတို ့တွေ စားနပ်ရိက္ခ စုဆောင်းချိန် မရလိုက်ဘဲ ယခုအခါ ကျောင်းသားအများစုမှာ အစားအစာ မလုံလောက်တော့ဘူးလို ့ သူမက လူမှုကွန်ရက်မှာ တင်ထားခဲ့ပါတယ်။ အစားအသောက် ဝယ်ဖို ့ ဘယ်နေရာကိုမှ သွားမရဖြစ်နေကာ အနီးနားက စူပါမားကက်တွေဟာလည်း အစားအစာပစ္စည်း ပြတ်လပ်နေပြီဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုထားပါတယ်။

ယခုအခါ ဝူဟန်မြို့ နဲ့ ပတ်ဝန်းကျင် ဧရိယာတွေကို အဝင်အထွက် သွားလာခြင်းတွေ ပိတ်ထားခဲ့တာဖြစ်ပါတယ်။ထိုင်းအစိုးရဟာ သူ့နိုင်ငံသားတွေကို တရုတ်ပြည်က ခေါ်ထုတ်ဖို ့ အလေးထားလုပ်ဆောင်ခြင်းမရှိဘူးလို ့ သူခံစားနေရကြောင်း မစ္စ ကရွတ်ဒါမရွန်ချိုင်က ပြေဆိုခဲ့ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ အင်ဒိုနီးရှားတို ့မှ သူ့ရဲ့ အတန်းဖော် သူငယ်ချင်းတွေကိုတော့ သူတို ့နိုင်ငံ သံရုံးတွေက အဆက်အသွယ်လုပ်ကြကြောင်းလည်း သူမက ပြောဆိုပါတယ်။

ဂျပန်ဟာ အင်္ဂါနေ ့မှာ ၄င်းတို ့နိုင်ငံသားတွေကို ခေါ်ထုတ်ထားခဲ့ပြီးဖြစ်သလို တောင်ကိုရီးယားကလည်း ကြာသာပတေးနေ ့မှာ ဝူဟန်သို ့ စင်းလုံးငှားလေယာဉ် စေလွှတ်မှာ ဖြစ်ပါတယ်။“ထိုင်းအစိုးရရဲ့ အကူအညီကို ကျွန်မ စောင့်မျှော်နေပါတယ်။ ဒီမှာသာ ဆက်နေရမယ်ဆိုရင် ဗိုင်းရပ်ပဲ အရင် ကူးစက်သေမလား၊ အစာငတ်သေမလား ကျွန်မ မသိတော့ပါဘူး။ ကျွန်မ တကယ် ထွက်ချင်နေပါပြီ၊ အားကိုးတကြီး စောင့်နေပါတယ်။” လို ့ သူမက လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှ စတင်ကူးစက်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် တရုတ်မှာ သေဆုံးသူ ၁၇၀ နဲ့ ရောဂါပိုးတွေ့ရှိသူ ၈၀၀၀ နီးပါးရှိပြီဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ထားပါတယ်။

အကုန်သိ