ၿပီးခဲ့ သည့္ရက္ပိဳင္းက စဈေတြၿမိဳ႕တြင္ ဆိုင္ကယ္ေမတာ္တဆျဖဈခဲ့ေသာ ရခိုင္ယဴနိုက္တက္အသင္း ကြင္းလယ္ကစားသမား ေဇာ္သိန္းဝင္းသည္ ဇန္နဝါရီ (၃၁)ရက္ (ေယန႕)နံနက္ (ဝဝး၃၀) နာရီတြင္ ကြယ္လြန္သြားေၾကာင္း ရခိုင္ယဴနိုက္တက္အသင္းက ထုတ္ျပန္ေၾကညာခဲ့သည္။

ေဇာ္သိန္း ဝင္းသည္ ဆိုင္ကယ္မေတာ္တဆမႈေၾကာင့္ ဇန္နဝါရီ (၂၆)ရက္ ညပိုင္းကတည္းက စစ္ေတြျပည္သူ႕ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခံခဲ့ရၿပီး အမ်ိဳးသားခြဲစိတ္ေဆာင္၌အတြင္းလူနာ(စိုးရိမ္ရ)အေျခအေနျဖင့္ ကုသမႈခံခဲ့ရသူျဖစ္သည္။

ဒဏ္ရာအေျခအေနမွာ ျပင္းထန္ေသာေၾကာင့္ ရန္ကုန္ၿမိဳ႕တြင္ ေဆးကုသရန္ ဇန္နဝါရီ(၃၀)ရက္က စစ္ေတြၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ စင္းလုံးငွားေလယာဥ္ျဖင့္ သယ္ေဆာင္လာခဲ့ၿပီး ရန္ကုန္ေဆး႐ုံႀကီး၌ ေဆးကုသမႈခံယူခဲ့သည္။

သို႔ေသာ္ ဇန္နဝါရီ(၃၁)ရက္ နံနက္အေစာပိုင္းမွာပင္ ၎ရရွိထားသည့္ဒဏ္ရာမွာ ျပင္းထန္သျဖင့္ ကြယ္လြန္သြားခဲ့ျခင္းျဖစ္သည္။

Credit eleven sports

Unicode

ပြီးခဲ့ သည့်ရက်ပိုင်းက စဈတွေမြို့တွင် ဆိုင်ကယ်မေတာ်တဆဖြဈခဲ့သော ရခိုင်ယူနိုက်တက်အသင်း ကွင်းလယ်ကစားသမား ဇော်သိန်းဝင်းသည် ဇန်နဝါရီ (၃၁)ရက် (ယေန့)နံနက် (ဝဝး၃၀) နာရီတွင် ကွယ်လွန်သွားကြောင်း ရခိုင်ယူနိုက်တက်အသင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ဇော်သိန်း ဝင်းသည် ဆိုင်ကယ်မတော်တဆမှုကြောင့် ဇန်နဝါရီ (၂၆)ရက် ညပိုင်းကတည်းက စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခံခဲ့ရပြီး အမျိုးသားခွဲစိတ်ဆောင်၌အတွင်းလူနာ(စိုးရိမ်ရ)အခြေအနေဖြင့် ကုသမှုခံခဲ့ရသူဖြစ်သည်။

ဒဏ်ရာအခြေအနေမှာ ပြင်းထန်သောကြောင့် ရန်ကုန်မြို့တွင် ဆေးကုသရန် ဇန်နဝါရီ(၃၀)ရက်က စစ်တွေမြို့မှ ရန်ကုန်မြို့သို့ စင်းလုံးငှားလေယာဉ်ဖြင့် သယ်ဆောင်လာခဲ့ပြီး ရန်ကုန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့သည်။

သို့သော် ဇန်နဝါရီ(၃၁)ရက် နံနက်အစောပိုင်းမှာပင် ၎င်းရရှိထားသည့်ဒဏ်ရာမှာ ပြင်းထန်သဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

Credit eleven sports