




Unicode

ကို ရိုနာ ဗိုင်းရပ်စ် စတင်တွေ့ရှိတဲ့နေရာကတော့ တရုတ်နိုင်ငံ ဝူဟန်မြို့တော်မှာဖြစ်ပြီးတော့ သူ့ကို ဝူဟန်ဗိုင်းရပ်စ်လို့လည်း အစွဲပြုခေါ်ဆိုကြပါတယ်။ ဒီရောဂါဟာဆိုရင်လူတစ်ဦးမှ တစ်ဦးကူးစက်နိုင်ပြီး အဆုတ်ရောင်ကာ သေဆုံးရတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ကူးစက်သူ ၂၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၀၀ ကျော်ခဲ့ပြီဖြစ်ပါတယ်။

လက် ရှိအချိန်မှာ ဝူဟန် အပါအဝင် မြို့ကြီး ၁၁ မြို့မှာ ကူးစက်နေပြီး တရုတ်နိုင်ငံအနေဖြင့် အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် မြို့များကို ပိတ်ထားပြီး ကြိုးစားလျှက်ရှိနေပါတယ်။ ပြည်သူတွေကိုလည်း လမ်းအပြင် မထွက်စေပဲ အိမ်ထဲမှာပင် နေစေကာ တစ်မြို့လုံး ပိုးသတ်ဆေးဖြန်းခြင်း များဆောင်ရွက်နေပါတယ်။

စ တင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ကတော့ ယခင်က အတော်လေးကို စည်ကားပြီး ပညာသင်တွေပါ ပေါများခဲ့ရာမှ ယခုဆိုလျှင် လမ်းမမှာ သွားလာသူ မရှိသလောက် ဖြစ်နေတာကိုတွေ့ရပါတယ်။ ဇွန်ဘီ ဇာတ်ကားထဲက မြို့ပျက်ကြီးလိုဖြစ်နေတဲ့ ဝူဟန်မြို့ဟာ

အတော်လေးကို ခြောက်သွေးသွားတာကိုတွေ့ရပါတယ်။ ဒီပုံရပ်လေးတွေကိုတော့ပရိသတ်ကြီးလည်း ကြည့်မြင်နိုင်စေဖို့ ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)