တ ရုတ်မှာ ဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်ရောဂါဟာ သူတို့နိုင်ငံက အစားအသောက်သောင်းကျန်းလို့ ဆိုပြီးပြောဆိုနေကြတော့ ဒီနိုင်ငံအကြောင်းကို အမှတ်ရလာလို့”
“ဆရာ ဝန်မလိုသောနိုင်ငံ”
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကင်ဆာရောဂါအဖွဲ့ကြီးမှ အကြီးအကဲဖြစ်သူ ဒေါက်တာဟဲလားက ၁၉၆၄ ခုနှစ်၊ ဧပြီလထုတ် အမေရိကန် သတင်းစာနှင့် ကမ္ဘာ့သတင်းမှတ်တမ်းတွင် သက်သတ်လွတ် အသီးအရွက်သာစားသော ဟွန်ဇာလူမျိုးများနှင့် အသားငါးချည်းသာစားကြသော မြောက်အမေရိကတိုက်ရှိ အက်စကီးမိုးလူမျိုးတို့အကြောင်း နှိုင်းယှဉ်ပြထားသည်မှာ လူတိုင်းမှတ်သားဖို့ကောင်းလှသည်။
အနောက်ဟိမဝန္တာတောင်စွန်းနှင့် ကာရာကိုရမ် တောင်စွန်းအကြားတွင် ဟွန်ဇာတိုင်းပြည်တည်ရှိသည်။ မြောက်ဘက်လားသော် တရုတ်ပြည်မှ ဆင်တီရန်နယ်နိမိတ်ဖြစ်သည်။တောင်ဘက်လားသော် ပါကစ္စတန်မှ ဟာဇရာခရိုင်ဖြစ်သည်။ ယင်းဟွန်ဇာတို့၏နေရာဒေသသို့သွားရန် လမ်းခရီးလည်း အလွန်ကြောင်ဖွယ်ကောင်းအောင် ကြမ်းတမ်းခက်ခဲလှသဖြင့် လူသူ အရောက်အပေါက်မရှိသလောက်ပင် ဖြစ်သည်။
၁၉၆၅ ခုနှစ်စာရင်းအရ လူဦးရေ လေးသောင်းကျော်ရှိသည်။ သက်သတ်လွတ်အသီးအနှံများကိုသာ ရာသက်ပန်မှီဝဲကြသဖြင့် အနာရောဂါ လုံးလုံးမဖြစ်ကြသည့်အပြင် အသက်ကိုးဆယ်ကျော်သည်အထိ ကျန်းမာရွင်လန်းစွာဖြင့် အလုပ်ကြမ်းများကို မမောမပန်း လုပ်ကိုင်နိုင်ကြသည်။
အင်္ဂလိပ်အစိုးရလက်ထက်က ဟွန်ဇာနိုင်ငံသို့ စေလွှတ်ခံရသော ဆရာဝန်ကြီးမက်ကာရီဆန်သည် ခုနစ်နှစ်ရှိသော်လည်း ဟွန်ဇာတိုင်းသူပြည်သားအားလုံးတို့ကို ဘာရောဂါမှ ကုသခွင့်မရခဲ့ပေ။ ထိုအကြောင်းများနှင့်ပတ်သက်၍ မက်ကာရီဆန်က အောက်ပါအတိုင်း လူသိရှင်ကြား ကမ္ဘာသို့ တအံတသြကြေညာခဲ့သည်။
“သက်သတ်လွတ်စား ဟွန်ဇာလူမျိုးတို့သည် အခြားလူမျိုးများနှင့်မတူဘဲ အနာရောဂါလည်း တစ်ရံတစ်ဆစ်မျှ မဖြစ်ကြ။ အမြဲတစေ ကျန်းမာဝဖြိုးပြီး ကိုယ်လက်ကြံ့ခိုင် အားအင်သန်စွမ်းလျက်သာရှိကြသည်။”
“လူပျော့လူပိန် လူစဉ်မမီသူဟူ၍ လုံးဝမရှိ ။ တောတောင်အထပ်ထပ်တွင် နေထိုင်သွားလာသူများဖြစ်သည့်အလျောက် မတော်တဆ လိမ်ကျဒဏ်ရာရရှိရန်အကြောင်းများစွာရှိသော်လည်း သူတို့၏လျှင်မြန်ဖြတ်လတ်မှုကြောင့် ထိုအမှုမျိုးပေါ်ပေါက်လေ့မရှိ။”
“သူတို့သည် ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ပျိုကိုယ်နုခြင်း၊ ကိုယ်ခန္ဓာထွားကျိုင်းခြင်းစသော သုခအပေါင်းတို့နှင့် ပြည့်စုံကြသူများဖြစ်ပေသည်။ ထို့အပြင် ရာဇဝတ်မှုမှ ကင်းလွတ်ကြသူများဖြစ်၍ ရဲအမှုထမ်းတို့၏ အစောင့်အရှောက်တစ်စုံတစ်ရာ မလိုကြောင်း”ဟူ၍ဖြစ်သည်။
ဆယ်နှစ်ရာသီရေခဲအတိဖြစ်နေသော မြောက်အမေရိကတိုက်ရှိ အက်စကီးမိုးလူမျိုးတို့သည် တိရစ္ဆာန်တို့၏အသားကို ကိုးဆယ်ရာခိုင်နှုန်းမျှ မှီဝဲကြသည်။ ထို့ကြောင့် အသက်နှစ်ဆယ့်ငါးနှစ်ထိသာ သန်မာ၍ သုံးဆယ့်ငါးနှစ်အရွယ်ရောက်သော် ခန္ဓာမအီ၊ ကြုံလီပင်ပန်း စိတ်လက်မချမ်းသာ ဖြစ်ကြရသည်။
ကိုယ်ခန္ဓာထွားကျိုင်းမှုမရှိ၊ အရုပ်ဆိုးသည်မှာလည်း ပြောစရာမရှိ။ ကမ္ဘာလောကကြီးတစ်ခွင်တွင် ထိုလူမျိုးထက် ဥာဏ်ဖျင်း ဥာဏ်ညံ့ အောက်တန်းကျသူများ ရှိတော့မည်မဟုတ်။ သူတို့၏ ပျမ်းမျှသက်တမ်းမှာလည်း နှစ်ဆယ့်ခုနစ်နှစ်ခွဲသာ ရှိသည်။
ဆရာ မေတ္တာရှင် ( ရွှေပြည်သာ )၏စာအုပ်မှ စိတ်ဝင်စားဖွယ် “ဆရာဝန်မလိုသောနိုင်ငံ”အကြောင်းကို ဗဟုသုတရနိုင်ကြရန်ရေးသားတင်ပြလိုက်ပါသည်။
ဇေယျာထွန်း ( တော်ဝင်မြန်မာ )