




Unicode

ထူးခြား တဲ့ အနုပညာစွမ်းရည်ကြောင့် အနုပညာလောကမှာ တစ်ခဏအတွင်း အောင်မြင်လာတဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက်လို့

မ ထင်ရလောက်အောင် သရုပ်ဆောင်ကောင်းလွန်းတဲ့ နေခြည်ဦးကို ပရိသတ်တွေကလဲ နှစ်သက်အားပေးကြပါတယ်။ နေခြည်ဦးက အခုဆိုရင် အားပေးသူ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ မင်းသမီးလေးတစ်ဦး ဖြစ်လို့နေပါပြီ။

နေခြည်ဦးက ဒီနေ့မှာတော့ သူမရဲ့ အသစ်စက်စက် နောက်ဆုံးပေါ် ကားကြီးကို ပရိသတ်တွေအတွက် ချပြခဲ့ပါတယ်။ပရိသတ်တွေအတွက် နေခြည်ဦးရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

နေခြည်ဦးရဲ့ ကားကြီးက နာမည်ကြီး range rover 2019 ကားကြီးဖြစ်ပြီး မြန်မာငွေ သိန်းထောင်ပေါင်းများစွာ တန်ဖိုးရှိတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ကားကြီးကတော့ လုံးဝကို အပျံစားပဲနော်။ နေခြည်ဦးက ” Sugar daddy မရှိဘူး Sugar mommy တွေတော့များတယ် 🍭🍬🍫” ဆိုပြီး ပြောထားပါသေးတယ်။

နေခြည်ဦးက ပြီးခဲ့တဲ့ နှစ်တုန်းကလည်း သူမရဲ့ ဖခင်ဆီက Rage Rover ကားကြီးတစ်စီး လက်ဆောင်ရရှိခဲ့သေးတာ ဖြစ်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။