Unicode
ချမ်း ချမ်းကတော့ သံစဉ်များနဲ့ကမ္ဘာ သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရည်အချင်းပြည့်ဝတာကြောင့် လက်ရှိအနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားတဲ့ နာမည်ကြီးအဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။
မြန် မာနိုင်ငံအနှံအပြားအရပ်ဒေသတွေအထိ ဖျော်ဖြေပွဲတွေကို ဖျော်ဖြေနေရတာလည်း ပရိသတ်တွေသိရှိပြီးဖြစ်မှာပါ။ လတ်တလောမှာတော့
ချမ်းချမ်းက ဖျော်ဖြေပေးဖို့ငှားရမ်းခဲ့ပြီး အနားနီးမှဂတိဖျက်ခဲ့တဲ့ သူတွေကြောင့် အာရုံနောက်ပြီး စိတ်ညစ်ရတဲ့ အကြောင်းသူ့ရဲ့ လူမှုကွန်ရက်ကနေဖော်ပြလာခဲ့ပါတယ်။ “မြန်မာနိုင်ငံရဲ့နာမည်ကြီးအရက်ကုမ္ပဏီ အစကတည်းကကိုယ့်ကုမ္ပဏီက ဘတ်ဂျက်မရှိရင်ပွဲမလုပ်နဲ့လေ။အခုတော့ ပွဲအတွက် confirm ဖြစ်ပါတယ်ပြောပြီ။ စရံပို့ကာနီးကျမှ ငွေမတတ်နိုင်လို့
ရိုးရိုးလောက်မှန်းထားရင်လဲအဲ့လောက်တွေလောက်ပဲငှားနိုင်တော့လို့တဲ့ ဒါဆိုလဲစကားကြီးစကားကျယ်တေနဲ့ ဝမရှိဝိမလုပ်နဲ့လေကွယ်။ကိုယ်တွေဆိုလာတဲ့ brand အစစ်အမှန်တေက တခါမှ စရံပေးခါနီးမှ အဲ့လိုမထွက်ပြေးဖူးဘူး” “အစကတော့မပြောတော့ဘူးနေမလို့ပဲ။ကျန်တဲ့ အကြီးတန်းအဆိုတော်တွေကိုပါအဲ့လိုလိုက်လုပ်နေမှာစိုးလို့။ အမုန်းခံပြောလိုက်ပြီ။တစ်ရာဖိုး(၃)ပုဒ်တန်ပဲရည်မှန်းထားရင်
အဲ့လိုတွေပဲခေါ်ဆိုပါနော်။စေတနာနဲ့ပါ။ခရီးကလဲဝေးသေး။ ဈေးကလဲစစ်သေး။ နောက်ဆိုရင်တော့ဒီလို ကုမ္ပဏီမျိုးကိုဘယ်လောက်ပေးငှားငှားဆိုဖို့အစီစဉ်မရှိတော့ဘူး။နှစ်အစပဲရှိသေးတယ်။သူတို့ဘတ်ချက်က zero ပြနေပြီ။စိတ်တော့မရှိပါနဲ့။အရည်အသွေးကိုလိုချင်ရင် တစ်ရာဖိုးသုံးပုဒ်ဈေးတော့မရပါဘူး။
လမ်းဘေးဈေးဆို လမ်းဘေးပွဲပဲရပါမယ်။စိတ်မဆိုးပါဘူး။အာရုံနောက်ပြီး အလုပ်ရှုပ်လို့။ဒီအဆင့်လောက်နဲ့တက်မလာနဲ့နော်”ဆိုပြီးဖော်ပြထားတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ချမ်းချမ်းကအခုလို ဖော်ပြတာကတော့ ဘယ်သူ့ကိုမှစော်ကားလိုခြင်းမရှိပါဘူး။သိအောင်ပြောပြတာပါတဲ့။