မိ တၳီလာၿမိဳ႕ အေထြေထြေဆး႐ုံသို႔ေရာက္လာေသာ သံသယရွိဖြယ္ အဖ်ားႏွင့္ ေခ်ာင္းဆိုးလူနာ အမ်ိဳးသားတစ္ဦးကို မႏၲေလးၿမိဳ႕ရွိ သက္ဆိုင္ရာ ေဆး႐ုံသို႔ တာဝန္ရွိသူမ်ားက လႊဲေျပာင္းေပးရန္စီစဥ္ေနစဥ္ ၎အမ်ိဳးသားက ျငင္းဆန္ၿပီး ယေန႔ ညေန (၄ : ၃၀) အခ်ိန္တြင္ ေဆး႐ုံမွ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း မိတၳီလာ အေထြေထြေရာဂါကုေဆး႐ုံႀကီး ျပင္ပလူနာဌာနမွ စုံစမ္းသိရွိရသည္။

“တာဝ န္ရွိတဲ့သူေတြက သူ႔ရဲ့ မိသားစုဝင္ေတြကို ေျဖာင္းျဖေနခ်ိန္မွာ လူနာအမ်ိဳးသားက ေအာ္ဟစ္ျငင္းဆန္ၿပီး ဓါတ္မွန္ကိုပါျဖဲၿပီး ထြက္ေျပးသြားတယ္”ဟု မ်က္ျမင္ေတြ႕ရွိသူတစ္ဦးက ေျပာၾကားသည္။

မိတၳီလာၿမိဳ႕နယ္ ပ်ဥ္သာေက်းရြာတြင္ ေနထိုင္ေသာ အသက္ (၄၂) ႏွစ္အရြယ္ အမ်ိဳးသားျဖစ္ၿပီး တ႐ုတ္နိုင္ငံတြင္ သြားေရာက္ကာ အလုပ္လုပ္ကိုင္ေနရာမွ ဇန္နဝါရီလ (၁) ရက္ေန႔တြင္ မန္စီ ဆင္ျဖဴေတာ္ဂိတ္မွတစ္ဆင့္ ေနရပ္သို႔ျပန္လာျခင္းျဖစ္ေၾကာင္း ယင္းအမ်ိဳးသားသည္ တီဘီေရာဂါျဖစ္ခဲ့ဖူးေၾကာင္း မိသားစုဝင္မ်ားက ေျပာဆိုသည္။

“ေခ်ာင္းဆိုးလို႔ ဓာတ္မွန္ရိုက္ၿပီး လာျပလိုက္တာ။ ေဆး႐ုံကေန ဆယ့္ေလးရက္ႀကီးသြားဖို႔ရာ စားဝတ္ေနေရးက အဆင္မေျပဘူး”ဟု ၎က ဆိုသည္။ဆိုသည္။

ေဆး႐ုံမွ ထြက္ေျပးေသာ လူနာသည္ ဇန္နဝါရီလ (၂၀) ရက္ေန႔က ျပင္ပတြင္ ဓာတ္မွန္ရိုက္ခဲ့ၿပီး ယေန႔ ဇန္နဝါရီလ (၃၀) ရက္ေန႔တြင္ မိတၳီလာၿမိဳ႕ အေထြေထြေရာဂါကု ေဆး႐ုံႀကီးသို႔လာေရာက္ကာ ကုသမႈခံယူျခင္းျဖစ္ၿပီး အထူးကုဆရာဝန္ႀကီးမ်ားက စစ္ေဆးခဲ့ရာ ယင္းသို႔ စစ္ေဆးရာတြင္ က်န္းမာေရးဝန္ႀကီးဌာနမွ လမ္းညႊန္ခ်မွတ္ထားေသာ အခ်က္အခ်ိဳ႕ႏွင့္ ကိုက္ညီေနသျဖင့္ မိသားစုဝင္မ်ားကိုပါ ႏွစ္သိမ့္ေျပာဆိုၿပီး မႏၲေလးၿမိဳ႕သို႔ ဆက္လက္လႊဲေျပာင္းစစ္ေဆးရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း။

အဆိုပါ လူနာမွာ ကိုရိုနာဗိုင္းရပ္ သံသယလူနာ ဟုတ္မဟုတ္ကို အတည္မျပဳနိုင္ေသးေၾကာင္း မိတၳီလာၿမိဳ႕ေဆး႐ုံမွ တာဝန္က်ဝန္ထမ္းတစ္ဦးက ေျပာၾကားသည္။

အဆိုပါ လူနာကိစၥကို ကိုင္တြယ္ေျဖရွင္းေရးႏွင့္ပတ္သက္၍ မိတၳီလာေဆး႐ုံႀကီး ျပင္ပလူနာဌာနတြင္ ေရာက္ရွိေနေသာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦး ဝင္းလွိုင္ကို ေမးျမန္းရာတြင္ “လူနာပို႔ဖို႔ လုပ္ေနတယ္။ ကၽြန္ေတာ္တို႔မွာ ျပႆနာျဖစ္ေနတယ္။ ေနာက္မွေမးပါ” ဟု ျပန္လည္ေျဖၾကားသည္။

ယင္းသို႔ လူနာထြက္ေျပးသြားျခင္းမွာ အျခားလူမ်ားအတြက္ပါ ဒုကၡျဖစ္ေစနိုင္သျဖင့္ အဆိုပါ အမ်ိဳးသားေနထိုင္ေသာရြာမွ က်န္းမာေရးမႉးကို လွမ္း၍ဆက္သြယ္ထားသည္ဟု မိတၳီလာၿမိဳ႕အေထြေထြေရာဂါကု ေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ ေဒါက္တာ အိအိခင္က အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွင့္ ျပည္သူ႔ေဆး႐ုံရွိ တာဝန္ရွိဝန္ထမ္းမ်ားကို ေျပာၾကားေနသည္ကို ျမင္ေတြ႕ခဲ့ေၾကာင္း ျပင္ပလူနာဌာနတြင္ ေရာက္ရွိေနသူ အမ်ိဳးသားတစ္ဦးက The Voice သို႔ ဆက္သြယ္အသိေပးေျပာၾကားသည္။The Voice

Unicode

မိ တ္ထီလာမြို့ အထွေထွေဆေးရုံသို့ရောက်လာသော သံသယရှိဖွယ် အဖျားနှင့် ချောင်းဆိုးလူနာ အမျိုးသားတစ်ဦးကို မန္တလေးမြို့ရှိ သက်ဆိုင်ရာ ဆေးရုံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးရန်စီစဉ်နေစဉ် ၎င်းအမျိုးသားက ငြင်းဆန်ပြီး ယနေ့ ညနေ (၄ : ၃၀) အချိန်တွင် ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနမှ စုံစမ်းသိရှိရသည်။

“တာဝ န်ရှိတဲ့သူတွေက သူ့ရဲ့ မိသားစုဝင်တွေကို ဖြောင်းဖြနေချိန်မှာ လူနာအမျိုးသားက အော်ဟစ်ငြင်းဆန်ပြီး ဓါတ်မှန်ကိုပါဖြဲပြီး ထွက်ပြေးသွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက်ကာ အလုပ်လုပ်ကိုင်နေရာမှ ဇန်နဝါရီလ (၁) ရက်နေ့တွင် မန်စီ ဆင်ဖြူတော်ဂိတ်မှတစ်ဆင့် နေရပ်သို့ပြန်လာခြင်းဖြစ်ကြောင်း ယင်းအမျိုးသားသည် တီဘီရောဂါဖြစ်ခဲ့ဖူးကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“ချောင်းဆိုးလို့ ဓာတ်မှန်ရိုက်ပြီး လာပြလိုက်တာ။ ဆေးရုံကနေ ဆယ့်လေးရက်ကြီးသွားဖို့ရာ စားဝတ်နေရေးက အဆင်မပြေဘူး”ဟု ၎င်းက ဆိုသည်။ဆိုသည်။

ဆေးရုံမှ ထွက်ပြေးသော လူနာသည် ဇန်နဝါရီလ (၂၀) ရက်နေ့က ပြင်ပတွင် ဓာတ်မှန်ရိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့လာရောက်ကာ ကုသမှုခံယူခြင်းဖြစ်ပြီး အထူးကုဆရာဝန်ကြီးများက စစ်ဆေးခဲ့ရာ ယင်းသို့ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချမှတ်ထားသော အချက်အချို့နှင့် ကိုက်ညီနေသဖြင့် မိသားစုဝင်များကိုပါ နှစ်သိမ့်ပြောဆိုပြီး မန္တလေးမြို့သို့ ဆက်လက်လွှဲပြောင်းစစ်ဆေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း။

အဆိုပါ လူနာမှာ ကိုရိုနာဗိုင်းရပ် သံသယလူနာ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း မိတ္ထီလာမြို့ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ လူနာကိစ္စကို ကိုင်တွယ်ဖြေရှင်းရေးနှင့်ပတ်သက်၍ မိတ္ထီလာဆေးရုံကြီး ပြင်ပလူနာဌာနတွင် ရောက်ရှိနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဝင်းလှိုင်ကို မေးမြန်းရာတွင် “လူနာပို့ဖို့ လုပ်နေတယ်။ ကျွန်တော်တို့မှာ ပြဿနာဖြစ်နေတယ်။ နောက်မှမေးပါ” ဟု ပြန်လည်ဖြေကြားသည်။

ယင်းသို့ လူနာထွက်ပြေးသွားခြင်းမှာ အခြားလူများအတွက်ပါ ဒုက္ခဖြစ်စေနိုင်သဖြင့် အဆိုပါ အမျိုးသားနေထိုင်သောရွာမှ ကျန်းမာရေးမှူးကို လှမ်း၍ဆက်သွယ်ထားသည်ဟု မိတ္ထီလာမြို့အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ အိအိခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိဝန်ထမ်းများကို ပြောကြားနေသည်ကို မြင်တွေ့ခဲ့ကြောင်း ပြင်ပလူနာဌာနတွင် ရောက်ရှိနေသူ အမျိုးသားတစ်ဦးက The Voice သို့ ဆက်သွယ်အသိပေးပြောကြားသည်။The Voice