Unicode
ဖေေ ဖာ်ဝါရီလ(၄)ရက်နေ့ကနေ (၆)ရက်နေ့အထိ ကျင်းပမယ့် MMID Music Concert ပွဲကြီးမှာ Season အားလုံးရဲ့ အဆိုတော်တွေအဖြစ်နဲ့ အနုပညာခရီးလမ်းမှာ လျှောက်လှမ်းနေကြပြီဖြစ်တဲ့ ပြိုင်ပွဲဝင်တွေအားလုံး သီဆိုဖျော်ဖြေသွားမှာဖြစ်ပါတယ်..။ ပြိုင်ပွဲဝင်တွေမဟုတ်တော့ဘဲ ပြည်သူ့အချစ်တော် အနုပညာရှင်အဆိုတော်တွေအနေနဲ့ စင်တစ်ခုထဲမှာ ဖျော်ဖြေသွားကြမှာပါ..။ Myanmar Idol Season အားလုံးရဲ့ ညီအစ်ကိုမောင်နှမတွေဟာ ပရိသတ်တွေကို စင်တစ်ခုတည်းကနေ ဖျော်ဖြေကြရမှာမို့ ဝမ်းသာရင်ခုန်နေကြပါတယ်..။
အခုတစ်ခါမှာတော့ စီနီယာကျတဲ့အစ်ကိုတွေအစ်မတွေနဲ့အတူ သီဆိုဖျော်ဖြေဖို့အတွက် ပျော်ပျော်ရွှင်ရွှင်သီချင်းတိုက်နေတဲ့ပုံကို အေးမြဖြူက သူမရဲ့မိုင်ဒေးလေးမှာ တင်လာခဲ့ပါတယ်..။ စီနီယာကျတဲ့ အစ်ကို၊ အစ်မတွေဖြစ်တဲ့ပိုးမီ၊ သားငယ်၊ မေမဒီနဲ့ ချမ်းမြေ့မောင်ချိုတို့နဲ့အတူ သီချင်းတိုက်ရင်း အမောဖြေကာ အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေကို စုရိုက်ထားတာပဲဖြစ်ပါတယ်..။
MMID Music Concert ပွဲကို ရန်ကုန်မြို့ ရွှေထွဋ်တင်မှာ ခမ်းခမ်းနားနားကျင်းပဖျော်ဖြေသွားမှာပါ..။ မောမောပန်းပန်းနဲ့မအားမလပ်တဲ့ကြားက ပရိသတ်တွေနဲ့တွေ့ဆုံကာ ဖျော်ဖြေရမှာမို့ ပျော်ရွှင်စွာ သီချင်းတိုက်နေကြတဲ့ အချစ်တော်အိုင်ဒေါလေးတွေဟာ သိပ်ကိုချစ်ဖို့ကောင်းလွန်းတဲ့သူတွေပါပဲနော် ပရိသတ်ကြီးရေ..။ပရိသတ်တွေရဲ့ အချစ်တော်လေးတွေကတော့ သီဆိုဖျော်ဖြေဖို့ မမောပန်းနိုင်အောင် သီချင်းတွေတိုက်နေကြပါပြီ..။ပရိသတ်ကြီးရော MMID Music Concert ပွဲကို သွားအားပေးဖို့အသင့်ပဲလား!.။
Source:Aye Mya Phyu ‘s My Day
Credit Cele Connections