အ သက္ရႈလမ္းေၾကာင္းပိုင္းဆိုင္ရာနဲ႔ပတ္သက္ျပီး ျဖစ္ေပၚတဲ့ ၀ူဟန္ဗိုင္းရပ္စ္၊ တုတ္ေကြးနဲ႔ ရိုးရိုးအေအးမိတာေတြၾကား ေရာဂါလကၡဏာေတြဟာ အမ်ားစုတူညီသလိုရွိေပမယ့္ ဘာေတြကြဲျပားျခားနားသြားတယ္ ဆိုတာကို စာဖတ္သူေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

ရိုးရိုးအေအးမိတာ

သင့္ႏွာေခါင္းန႔ဲလည္ေခ်ာင္းမွာ ဗုိင္းရပ္စ္ကူးစက္တဲ့အခါ ရိုးရိုးအေအးမိဖ်ားနာတာ ျဖစ္ေပၚတတ္ပါတယ္။ ဒါေပမယ့္ ရိုးရိုးအေအးမိတာေလာက္ကေတာ့ အသက္အႏၱရာယ္စုိးရိမ္ရမယ့္ အေျခအေနမဟုတ္ပါဘူး။ ရိုးရိုးအေအးမိတဲ့အခါ ႏွာေစးတာ၊ လည္ေခ်ာင္းနာတာ၊ ေခ်ာင္းဆိုးတာ၊ ကုိယ္လက္ကိုက္ခဲတာနဲ႔ ေခါင္းကိုက္တာ၊ ႏွာေခ်တာနဲ႔ အနည္းငယ္ဖ်ားနာတာေတြျဖစ္ေပၚတတ္ပါတယ္။ ႏွစ္ရက္သံုးရက္ၾကာျပီးေနာက္မွာ ခၽြဲထလာျပီး အေရာင္က အ၀ါသို႕မဟုတ္အစိမ္းေရာင္ျဖစ္တတ္ျပီး၊ ရိုးရိုးအေအးမိျခင္းဟာ မ်ားေသာအားျဖင့္ ငါးရက္ကေန(၇)ရက္အတြင္း ကုသႏုိင္ပါတယ္။

တုတ္ေကြး

တုတ္ေကြးေရာဂါက ရုတ္တရက္ျဖစ္ေပၚျပီး ၊ အေအးမိတာနဲ႔ကြာျခားမႈရွိပါတယ္။ သူက အသက္ေသႏုိင္သည္အထိ စိုးရိမ္ရပါတယ္။ တုတ္ေကြးရဲ႕လကၡဏာတစ္ခ်ိဳ႕က အပူခ်ိန္40°C အထိ ကို္ယ္ပူခ်ိန္ျမင့္တက္တာ၊ ခ်မ္းတာ၊ ေခ်ာင္းဆိုးတာ၊ ေမာပန္းတာ၊ လည္ေခ်ာင္းနာတာ၊ ပ်ိဳ႕တက္တာ၊ ေအာ့အန္တာ၊ ၀မ္းေလွ်ာတာ၊ အသက္ရႈက်ပ္တာ၊ ေခါင္းကိုက္တာ၊ မ်က္စိေျခာက္တာ၊ အဖုအပိန္႔ထြက္တာေတြ ျဖစ္ေပၚတတ္ပါတယ္။ ေသခ်ာမကုသဘူးဆိုရင္ အေျခအေနပိုဆိုးျပီး အဆုတ္ေရာင္ေရာဂါျဖစ္ပြားလာႏုိင္ပါတယ္။

၀ူဟန္ဗိုင္းရပ္စ္(2019-nCoV)

၀ူဟန္ဗုိင္းရပ္စ္ျဖစ္ပြားတဲ့လကၡဏာေတြက ပံုမွန္အသက္ရႈလမ္းေၾကာင္းဆုိင္ရာ လကၡဏာေတြလို ဖ်ားနာတာ၊ ေခ်ာင္းေျခာက္ဆိုးတာ၊ ေမာပန္းတာ၊ အသက္ရႈကခက္ခဲတာေတြျဖစ္တတ္ပါတယ္။ ဒါေပမယ့္ တစ္ခါတစ္ရံ ဖ်ားနာတဲ့ လကၡဏာမျပဘူးလို႔သိရပါတယ္။ ပိုျပီးျပင္းထန္လာတဲ့အခါ အဆုတ္ေရာင္ေရာဂါအျဖစ္ဆိုး၀ါးလာျပီး ၊ အသက္ရႈလမ္းေၾကာင္းကို ျပင္းျပင္းထန္ထန္ထိခုိက္တာ၊ ေက်ာက္ကပ္ပ်က္စီးတာနဲ႔ေသဆံုးသည္အထိျဖစ္ႏုိင္ပါတယ္။ သင့္အေနန႔႔ဲ၀ူဟန္ျမိဳ႕ကေနျပန္လာသူျဖစ္ျဖစ္၊ တရုတ္ကိုသြားတဲ့ ဘယ္သူနဲ႔မဆို ဆက္ဆံတဲ့အခါ အထူးဂရုျပဳရမွာျဖစ္ပါတယ္။ က်န္းမာေရးကို (၁၄)ရက္ၾကာေစာင့္ၾကည့္ျပီး အထက္ပါ လကၡဏာေတြျဖစ္ေနေသးပါက ေဆးရံုကို ခ်က္ခ်င္းသြားေရာက္ကုသဖို႔လိုအပ္ပါတယ္။

ကာကြယ္ျခင္း

ဘယ္ဗုိုင္းရပ္စ္မဆို ကာကြယ္ႏုိင္ဖို႔အတြက္ သင့္ျပဳလုပ္ရမွာကေတာ့ လက္ေတြကို ဆပ္ျပာနဲ႔ေရေႏြးနဲ႔စင္ၾကယ္ေအာင္ေဆးေၾကာဖို႔၊ ေဆးေၾကာတဲ့အခါ လက္ကို စကၠန္႔(၂၀)ေလာက္ပြတ္တိုက္ဖို႔အၾကံျပဳပါတယ္။ ေရမရွိတ့ဲအခါ အရက္အေျခခံတဲ့လက္သန္႔စင္ေဆးေတြကို သံုးသင့္ျပီး၊ ေခ်ာင္းဆိုးနွာေခ်တဲ့အခါ တစ္သ်ဴးနဲ႔အုပ္ဖို႔လိုပါတယ္။ တစ္သ်ဴးကိုအမိႈ္က္ပံုးထဲစနစ္တက်ျဖစ္ဖို႔နဲ႔၊ အစားအစားေတြကို က်က္ေအာင္ခ်က္စားဖို႔၊ ေခ်ာင္းဆိုးႏွာေခ်ေနသူနဲ႔ ေျခာက္ေပအကြာေနဖို႔ လိုအပ္ေၾကာင္းေဖာ္ျပလို္က္ပါတယ္။

Credit Shwemom

Unicode

အ သက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဖြစ်ပေါ်တဲ့ ဝူဟန်ဗိုင်းရပ်စ်၊ တုတ်ကွေးနဲ့ ရိုးရိုးအအေးမိတာတွေကြား ရောဂါလက္ခဏာတွေဟာ အများစုတူညီသလိုရှိပေမယ့် ဘာတွေကွဲပြားခြားနားသွားတယ် ဆိုတာကို စာဖတ်သူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ရိုးရိုးအအေးမိတာ

သင့်နှာခေါင်းနဲ့လည်ချောင်းမှာ ဗိုင်းရပ်စ်ကူးစက်တဲ့အခါ ရိုးရိုးအအေးမိဖျားနာတာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ရိုးရိုးအအေးမိတာလောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရမယ့် အခြေအနေမဟုတ်ပါဘူး။ ရိုးရိုးအအေးမိတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာ၊ နှာချေတာနဲ့ အနည်းငယ်ဖျားနာတာတွေဖြစ်ပေါ်တတ်ပါတယ်။ နှစ်ရက်သုံးရက်ကြာပြီးနောက်မှာ ချွဲထလာပြီး အရောင်က အဝါသို့မဟုတ်အစိမ်းရောင်ဖြစ်တတ်ပြီး၊ ရိုးရိုးအအေးမိခြင်းဟာ များသောအားဖြင့် ငါးရက်ကနေ(၇)ရက်အတွင်း ကုသနိုင်ပါတယ်။

တုတ်ကွေး

တုတ်ကွေးရောဂါက ရုတ်တရက်ဖြစ်ပေါ်ပြီး ၊ အအေးမိတာနဲ့ကွာခြားမှုရှိပါတယ်။ သူက အသက်သေနိုင်သည်အထိ စိုးရိမ်ရပါတယ်။ တုတ်ကွေးရဲ့လက္ခဏာတစ်ချို့က အပူချိန်40°C အထိ ကို်ယ်ပူချိန်မြင့်တက်တာ၊ ချမ်းတာ၊ ချောင်းဆိုးတာ၊ မောပန်းတာ၊ လည်ချောင်းနာတာ၊ ပျို့တက်တာ၊ အော့အန်တာ၊ ဝမ်းလျှောတာ၊ အသက်ရှုကျပ်တာ၊ ခေါင်းကိုက်တာ၊ မျက်စိခြောက်တာ၊ အဖုအပိန့်ထွက်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သေချာမကုသဘူးဆိုရင် အခြေအနေပိုဆိုးပြီး အဆုတ်ရောင်ရောဂါဖြစ်ပွားလာနိုင်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်(2019-nCoV)

ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားတဲ့လက္ခဏာတွေက ပုံမှန်အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေလို ဖျားနာတာ၊ ချောင်းခြောက်ဆိုးတာ၊ မောပန်းတာ၊ အသက်ရှုကခက်ခဲတာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ဖျားနာတဲ့ လက္ခဏာမပြဘူးလို့သိရပါတယ်။ ပိုပြီးပြင်းထန်လာတဲ့အခါ အဆုတ်ရောင်ရောဂါအဖြစ်ဆိုးဝါးလာပြီး ၊ အသက်ရှုလမ်းကြောင်းကို ပြင်းပြင်းထန်ထန်ထိခိုက်တာ၊ ကျောက်ကပ်ပျက်စီးတာနဲ့သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့့ဝူဟန်မြို့ကနေပြန်လာသူဖြစ်ဖြစ်၊ တရုတ်ကိုသွားတဲ့ ဘယ်သူနဲ့မဆို ဆက်ဆံတဲ့အခါ အထူးဂရုပြုရမှာဖြစ်ပါတယ်။ ကျန်းမာရေးကို (၁၄)ရက်ကြာစောင့်ကြည့်ပြီး အထက်ပါ လက္ခဏာတွေဖြစ်နေသေးပါက ဆေးရုံကို ချက်ချင်းသွားရောက်ကုသဖို့လိုအပ်ပါတယ်။

ကာကွယ်ခြင်း

ဘယ်ဗိုုင်းရပ်စ်မဆို ကာကွယ်နိုင်ဖို့အတွက် သင့်ပြုလုပ်ရမှာကတော့ လက်တွေကို ဆပ်ပြာနဲ့ရေနွေးနဲ့စင်ကြယ်အောင်ဆေးကြောဖို့၊ ဆေးကြောတဲ့အခါ လက်ကို စက္ကန့်(၂၀)လောက်ပွတ်တိုက်ဖို့အကြံပြုပါတယ်။ ရေမရှိတဲ့အခါ အရက်အခြေခံတဲ့လက်သန့်စင်ဆေးတွေကို သုံးသင့်ပြီး၊ ချောင်းဆိုးနှာချေတဲ့အခါ တစ်သျူးနဲ့အုပ်ဖို့လိုပါတယ်။ တစ်သျူးကိုအမှို်က်ပုံးထဲစနစ်တကျဖြစ်ဖို့နဲ့၊ အစားအစားတွေကို ကျက်အောင်ချက်စားဖို့၊ ချောင်းဆိုးနှာချေနေသူနဲ့ ခြောက်ပေအကွာနေဖို့ လိုအပ်ကြောင်းဖော်ပြလို်က်ပါတယ်။

Credit Shwemom