


Credit -CeleGabar

Unicode

မော် ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်နေပြီဖြစ်တဲ့ တေဇလင်းရောင်ကတော့ ပရိသတ်တွေကြား ပွဲဆူခဲ့တဲ့ The Model Academy ပြိုင်ပွဲကြီးမှ Top Finalist တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လုပ်ရပ်တစ်ခုကြောင့်လည်း ဒိုင်တွေရော ပရိသတ်တွေကပါ ပြင်းပြင်းထန်ထန်ဝေဖန် ခံခဲ့ရသူလည်းဖြစ်ပါတယ်။ တေဇလင်းရောင်ကတော့ The Model Academy ပြိုင်ပွဲကြီးမှာ ဖြစ်ခဲ့တဲ့ကိစ္စအရပ်ရပ်ဟာ ဖျော်ဖြေရေးသက်သက်ပါဆိုတဲ့အကြောင်းကို “ပထမပြိုင်ပွဲမှာတုန်းက စလာတုန်းကပြသနာတွေဖြစ်တော့ စိတ်ဓာတ်တော့ကျတာပေါ့။

နောက်ပိုင်းကျတော့လည်း Entertainment သက်သက်ပဲဆိုတော့လည်း သူတို့တွေအကုန်လုံးနဲ့လည်းအဆင်ပြေတဲ့အတွက် Entertainment သက်သက်ပဲဆိုတော့ ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး အမြဲလည်းအနစ်အနာခံတတ်တယ်။ ရပါတယ် Entertainment သက်သက်ပဲလေဆိုပြီး ဒီအတိုင်းပဲနေလိုက်ပါတယ်” လို့ပြောခဲ့ပါတယ်။ တေဇလင်းရောင်ဟာ The Model Academy မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် လူတော်တော်များများနဲ့တောင်မတွေ့ဖြစ် စကားမပြောဖြစ်တော့အထိ လူတွေကိုကြောက်လာတယ်လို့ ပြောခဲ့ပါသေးတယ်။ တေဇလင်းရောင်ကတော့ ရွှေကြိုရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ဆန်ခါတင်စာရင်းထဲကိုတော့ မပါခဲ့ပါဘူး။

ပရိသတ်ကြီးရေ မော်ဒယ်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်နေပြီဖြစ်တဲ့ တေဇလင်းရောင်ကတော့ ပရိသတ်တွေကြား ပွဲဆူခဲ့တဲ့ The Model Academy ပြိုင်ပွဲကြီးမှာ ဖြစ်ခဲ့တဲ့ကိစ္စအရပ်ရပ်ဟာ ဖျော်ဖြေရေးသက်သက်ပဲဆိုတော့ ရပါတယ် ကျွန်တော်ဘာမှမဖြစ်ပါဘူး အမြဲလည်းအနစ်အနာခံတတ်ပါတယ်လို့ ပြောလိုက်ပါတယ်နော်။

Source: Exclusion on CeleGabar
Credit -CeleGabar