ဝူ ဟန္ၿမိဳ့ကျပန္လာမည့္ ျမန္မာေက်ာင္းသားေက်ာင္းသူမ်ားအား ၁၄ရက္ၾကာ ေစာင့္ၾကည့္စစ္ေဆးမည္ျဖစ္ၿပီးကန္ေတာ္နဒီေဆး႐ုံတြင္ေခတၱထား႐ွိမည္ဟုမႏၱေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ကေရးသားထုတ္ျပန္ထားသည္။ ထုတ္ျပန္ခ်က္မွာေအာက္ပါအတိုင္းျဖစ္သည္။

2019 nCoV ကိုရိုနာဗိုင္းရပ္စ္ပိုးေၾကာင့္ ျပင္းထန္အဆုတ္ေရာဂါ စတင္ျဖစ္ပြားသည့္ ဝူဟန္ၿမိဳ့တြင္ေရာက္ရွိေနေသာ ျမန္မာေက်ာင္းသူေက်ာင္းသားမ်ား ျမန္မာနိုင္ငံကိုျပန္လည္ေရာက္ရွိပါက ေခတၱေနထိုင္ရန္ေနရာ အျဖစ္ေရြးခ်ယ္ထားတဲ့ ကန္ေတာ္နဒီေဆး႐ုံ ျပဳျပင္သန္႔ရွင္းေရးလုပ္ငန္းမ်ားကို မနက္ပိုင္းကတစ္ႀကိမ္နဲ႔ ညေနပိုင္းမွာတစ္ႀကိမ္ စစ္ေဆးၾကည့္ရွုၿပီး လိုအပ္သည္မ်ားကို စစ္ေဆးေဆြးေႏြးခဲ့ပါတယ္။

ကန္ေတာ္နဒီေဆး႐ုံက SARS ေရာဂါျဖစ္တုန္းကလည္း ဆရာဝန္ေတြႏွစ္နဲ႔ခ်ီၿပီး တာဝန္ယူခဲ့ရတဲ့ေဆး႐ုံပါ။ ကန္ေတာ္နဒီေဆး႐ုံက ၁၉၉၂ ခုႏွစ္က JV7 ကတည္ေဆာက္ခဲ့တာပါ။

တည္ေဆာက္စဥ္က ကၽြန္ေတာ့္မိခင္ ပါေမာကၡေဒါက္တာေဒၚညြန္႔ညြန္႔က ဒါရိုက္တာတစ္ေယာက္အေနနဲ႔ ပါဝင္ခဲ့ၿပီး bathroom attached သန္႔စင္ခန္းတြဲလ်က္ ၄၄ခန္း ရွိပါတယ္။ အသုံးမျပဳတာၾကာလို့ အေရးေပၚျပင္ဆင္တာ သန္႔ရွင္းေရးလုပ္တာေတြကို တနလ္ာေန႔ ညေနကထဲကစလုပ္ခဲ့တာျဖစ္လို့ အဆင္သင့္ျဖစ္ေနပါၿပီ။

ဝူဟန္ၿမိဳ့တြင္ေရာက္ရွိေနေသာ ျမန္မာမ်ား မိခင္နိုင္ငံသို့ အထူးေလေၾကာင္းခရီးျဖင့္ ျပန္လာမွာပါ။ ျပန္လည္ေရာက္ရွိလာမည့္ ျမန္မာ(၆၃)ဦးကို ျပင္းထန္အဆုတ္ေရာင္ေရာဂါ ကူးစက္ခံရျခင္းရွိမရွိ ၁၄ရက္တိုင္ ေစာင့္ၾကပ္စစ္ေဆးေပးမွာျဖစ္ပါတယ္။

ေစာင့္ၾကပ္စစ္ေဆးရန္ ၾကာျမင့္ခ်ိန္ (၂)ပတ္ခန္႔အတြင္း ျပန္ေရာက္သူမ်ားအေနနဲ႔ ျပင္ပပုဂၢိဳလ္ မ်ားႏွင့္ ထိေတြ႕ဆက္ဆံမွု လုံးဝခြင့္ျပဳမွာမဟုတ္ပါဘူး။ မေတြ႕နိုင္ဖို့ လုံျခဳံေရးတပ္ဖြဲ႕ပါ တာဝန္ေပးထားသလို လိုအပ္တဲ့ေနရာေတြမွာလည္း သံပန္းေတြတပ္ဆင္ၿပီးပါၿပီ။

ကန္ေတာ္နဒီေဆး႐ုံ အတြင္းပိုင္း သန္႔ရွင္းျခင္း၊ ကုတင္ႏွင့္ပရိေဘာဂမ်ား ေဆးေၾကာသန္႔စင္ျခင္း၊ ေဆး႐ုံ ၀င္းအတြင္း ေပါင္းျမက္မ်ားရွင္းလင္းျခင္း၊ ေရရရွိေရး၊ မိလႅာစြန္႔ပစ္မွုအဆင္ေျပေရးမ်ားစီစဥ္ျခင္းကို ၿမိဳ့ ေတာ္စည္ပင္သာယာေရးေကာ္မတီက ေဆာင္ရြက္ေပးပါသည္။

လၽွပ္စစ္မီးမ်ားအဆင္ေျပေစရန္ ျမန္မာ့လၽွပ္စစ္ က လည္းေကာင္း၊ ေရခ်ိဳးခန္းအိမ္သာမ်ားျပဳျပင္ရန္လိုအပ္က ျပဳျပင္ေပးျခင္းကို မႏၲေလးတိုင္းေဒသႀကီး အစိုးရ အဖြဲ႕ကလည္းေကာင္း ပူးေပါင္းေဆာင္ရြက္ၾကပါတယ္။

ေစာင့္ၾကည့္ကာလအတြင္း ျပည္ေတာ္ျပန္ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ အေျခခံ လိုအပ္ခ်က္ျဖစ္တဲ့ ကုတင္၊ေမြ႕ယာ၊ ေစာင္ ျခင္ေထာင္၊ သြားတိုက္တံ၊ သြားတိုက္ေဆး၊ ဆပ္ျပာ၊ အဝတ္လွမ္းစင္၊ ကအစ ေန႔တဒူဝလိုအပ္ခ်က္မ်ားကိုျဖည့္ဆည္းေပးထားပါတယ္။ မနက္၊ ေန႔လည္နဲ႔ ညစာေတြကိုလည္း တစ္ခါသုံးဘူးမ်ားနဲ႔ ေကၽြေမြးသြားမွာပါ။

ျပင္ပနဲ႔လည္းအဆက္အသြယ္မျပတ္ဖို့နဲ႔ မိသားစုေတြနဲ႔ ခ်ိတ္ဆက္နိုင္ဖို့ မိုဘိုင္းSIM card ေတြေပးထားမွာျဖစ္သလို Myanmar net ကုမၸဏီ (Frontiir Co.)က 32 megabite free wifi ကို အခမဲ့ တပ္ဆင္လွူဒါန္းေပးပါတယ္။

တစ္ေန႔တစ္ႀကိမ္ အမွိုက္သိမ္းတာကို PPE ဝတ္စုံအျပည့္ဝတ္ထားတဲ့ သန္႔ရွင္းေရးဝန္ထမ္းေတြက သိမ္ၿပီး သီးသန္႔အမွိုက္ကားနဲ႔ တိုက္ရိုက္သယ္သြားၿပီး မီးရွို့ဖ်က္ဆီးမွာပါ။

ဆရာဝန္နဲ႔ဆရာမ အဖြဲ႕က ျပန္လာသူမ်ား အဖ်ားရွိမရွိ၊ ေခ်ာင္းဆိုးႏွာေစးရွိမရွိ တစ္ေန႔ႏွစ္ႀကိမ္ စမ္းသပ္စစ္ေဆးၿပီး လိုအပ္ပါက ျပည္သူ႔ေဆး႐ုံႀကီးကို လႊဲေျပာင္းကုသသြားမွာပါ။ က်န္းမာေရးအဖြဲ႕ကတစ္ေန႔ ၂၄နာရီ ၁၄ရက္တိတိ တာဝန္ယူသြားမွာပါ။ အေရးႀကီးဆုံးေျပာခ်င္တာက အခုျပန္လာမယ့္ေက်ာင္းသားေတြက ေရာဂါသည္ေတြလုံးဝ မဟုတ္ဘူးဆိုတာကိုပါ။

ဝူဟန္မွာေနစဥ္ကထဲက ေက်ာင္းကအေဆာင္ေတြမွာေနၿပီးျပင္ပနဲ႔ အထိအေတြ႕လုံးဝမရွိသူေတြျဖစ္တာရယ္ လြန္ခဲ့တဲ့ ၁၄ရက္အတြင္းဖ်ားနာခဲ့တာမရွိတာေၾကာင့္ ျမန္မာျပည္ကို ေရာဂါေတြျပန္သယ္လာမဲ့သူေတြ မဟုတ္ဘူးဆိုတာ ကၽြန္ေတာ္ ဆရာဝန္တစ္ေယာက္အေနနဲ႔ အျပည့္အဝယုံၾကည္ေပမဲ့ ေစာင့္ၾကည့္ကာလအတြင္း ဖ်ားနာလာရင္ ျပည္သူ႔ေဆး႐ုံႀကီးရဲ့ သတ္မွတ္အခန္းကိုေရႊ႕ၿပီး nCoV ေရာဂါဟုတ္မဟုတ္ ဆက္လက္စစ္ေဆးသြားမွာပါ။

အစစအရာရာ WHO guidelines အတိုင္းစီမံေဆာင္ရြက္ေနတာျဖစ္လို့ ၿမိဳ့သူၿမိဳ့သားမ်ားအေနနဲ႔ စိုးရိမ္မွုမလြန္ကဲဖို့ အထူးေျပာၾကားလိုပါတယ္။

ေဒါက္တာရဲလြင္

Unicode

ဝူ ဟန်မြို့ကပြန်လာမည့် မြန်မာကျောင်းသားကျောင်းသူများအား ၁၄ရက်ကြာ စောင့်ကြည့်စစ်ဆေးမည်ဖြစ်ပြီးကန်တော်နဒီဆေးရုံတွင်ခေတ္တထားရှိမည်ဟုမန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကရေးသားထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်မှာအောက်ပါအတိုင်းဖြစ်သည်။

2019 nCoV ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ပြင်းထန်အဆုတ်ရောဂါ စတင်ဖြစ်ပွားသည့် ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာကျောင်းသူကျောင်းသားများ မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိပါက ခေတ္တနေထိုင်ရန်နေရာ အဖြစ်ရွေးချယ်ထားတဲ့ ကန်တော်နဒီဆေးရုံ ပြုပြင်သန့်ရှင်းရေးလုပ်ငန်းများကို မနက်ပိုင်းကတစ်ကြိမ်နဲ့ ညနေပိုင်းမှာတစ်ကြိမ် စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များကို စစ်ဆေးဆွေးနွေးခဲ့ပါတယ်။

ကန်တော်နဒီဆေးရုံက SARS ရောဂါဖြစ်တုန်းကလည်း ဆရာဝန်တွေနှစ်နဲ့ချီပြီး တာဝန်ယူခဲ့ရတဲ့ဆေးရုံပါ။ ကန်တော်နဒီဆေးရုံက ၁၉၉၂ ခုနှစ်က JV7 ကတည်ဆောက်ခဲ့တာပါ။

တည်ဆောက်စဉ်က ကျွန်တော့်မိခင် ပါမောက္ခဒေါက်တာဒေါ်ညွန့်ညွန့်က ဒါရိုက်တာတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး bathroom attached သန့်စင်ခန်းတွဲလျက် ၄၄ခန်း ရှိပါတယ်။ အသုံးမပြုတာကြာလို့ အရေးပေါ်ပြင်ဆင်တာ သန့်ရှင်းရေးလုပ်တာတွေကို တနလ်ာနေ့ ညနေကထဲကစလုပ်ခဲ့တာဖြစ်လို့ အဆင်သင့်ဖြစ်နေပါပြီ။

ဝူဟန်မြို့တွင်ရောက်ရှိနေသော မြန်မာများ မိခင်နိုင်ငံသို့ အထူးလေကြောင်းခရီးဖြင့် ပြန်လာမှာပါ။ ပြန်လည်ရောက်ရှိလာမည့် မြန်မာ(၆၃)ဦးကို ပြင်းထန်အဆုတ်ရောင်ရောဂါ ကူးစက်ခံရခြင်းရှိမရှိ ၁၄ရက်တိုင် စောင့်ကြပ်စစ်ဆေးပေးမှာဖြစ်ပါတယ်။

စောင့်ကြပ်စစ်ဆေးရန် ကြာမြင့်ချိန် (၂)ပတ်ခန့်အတွင်း ပြန်ရောက်သူများအနေနဲ့ ပြင်ပပုဂ္ဂိုလ် များနှင့် ထိတွေ့ဆက်ဆံမှု လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး။ မတွေ့နိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့ပါ တာဝန်ပေးထားသလို လိုအပ်တဲ့နေရာတွေမှာလည်း သံပန်းတွေတပ်ဆင်ပြီးပါပြီ။

ကန်တော်နဒီဆေးရုံ အတွင်းပိုင်း သန့်ရှင်းခြင်း၊ ကုတင်နှင့်ပရိဘောဂများ ဆေးကြောသန့်စင်ခြင်း၊ ဆေးရုံ ဝင်းအတွင်း ပေါင်းမြက်များရှင်းလင်းခြင်း၊ ရေရရှိရေး၊ မိလ္လာစွန့်ပစ်မှုအဆင်ပြေရေးများစီစဉ်ခြင်းကို မြို့ တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်ပေးပါသည်။

လျှပ်စစ်မီးများအဆင်ပြေစေရန် မြန်မာ့လျှပ်စစ် က လည်းကောင်း၊ ရေချိုးခန်းအိမ်သာများပြုပြင်ရန်လိုအပ်က ပြုပြင်ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ကလည်းကောင်း ပူးပေါင်းဆောင်ရွက်ကြပါတယ်။

စောင့်ကြည့်ကာလအတွင်း ပြည်တော်ပြန်ကျောင်းသားကျောင်းသူများအတွက် အခြေခံ လိုအပ်ချက်ဖြစ်တဲ့ ကုတင်၊မွေ့ယာ၊ စောင် ခြင်ထောင်၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ အဝတ်လှမ်းစင်၊ ကအစ နေ့တဒူဝလိုအပ်ချက်များကိုဖြည့်ဆည်းပေးထားပါတယ်။ မနက်၊ နေ့လည်နဲ့ ညစာတွေကိုလည်း တစ်ခါသုံးဘူးများနဲ့ ကျွေမွေးသွားမှာပါ။

ပြင်ပနဲ့လည်းအဆက်အသွယ်မပြတ်ဖို့နဲ့ မိသားစုတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မိုဘိုင်းSIM card တွေပေးထားမှာဖြစ်သလို Myanmar net ကုမ္ပဏီ (Frontiir Co.)က 32 megabite free wifi ကို အခမဲ့ တပ်ဆင်လှူဒါန်းပေးပါတယ်။

တစ်နေ့တစ်ကြိမ် အမှိုက်သိမ်းတာကို PPE ဝတ်စုံအပြည့်ဝတ်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်းတွေက သိမ်ပြီး သီးသန့်အမှိုက်ကားနဲ့ တိုက်ရိုက်သယ်သွားပြီး မီးရှို့ဖျက်ဆီးမှာပါ။

ဆရာဝန်နဲ့ဆရာမ အဖွဲ့က ပြန်လာသူများ အဖျားရှိမရှိ၊ ချောင်းဆိုးနှာစေးရှိမရှိ တစ်နေ့နှစ်ကြိမ် စမ်းသပ်စစ်ဆေးပြီး လိုအပ်ပါက ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်းကုသသွားမှာပါ။ ကျန်းမာရေးအဖွဲ့ကတစ်နေ့ ၂၄နာရီ ၁၄ရက်တိတိ တာဝန်ယူသွားမှာပါ။ အရေးကြီးဆုံးပြောချင်တာက အခုပြန်လာမယ့်ကျောင်းသားတွေက ရောဂါသည်တွေလုံးဝ မဟုတ်ဘူးဆိုတာကိုပါ။

ဝူဟန်မှာနေစဉ်ကထဲက ကျောင်းကအဆောင်တွေမှာနေပြီးပြင်ပနဲ့ အထိအတွေ့လုံးဝမရှိသူတွေဖြစ်တာရယ် လွန်ခဲ့တဲ့ ၁၄ရက်အတွင်းဖျားနာခဲ့တာမရှိတာကြောင့် မြန်မာပြည်ကို ရောဂါတွေပြန်သယ်လာမဲ့သူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော် ဆရာဝန်တစ်ယောက်အနေနဲ့ အပြည့်အဝယုံကြည်ပေမဲ့ စောင့်ကြည့်ကာလအတွင်း ဖျားနာလာရင် ပြည်သူ့ဆေးရုံကြီးရဲ့ သတ်မှတ်အခန်းကိုရွှေ့ပြီး nCoV ရောဂါဟုတ်မဟုတ် ဆက်လက်စစ်ဆေးသွားမှာပါ။

အစစအရာရာ WHO guidelines အတိုင်းစီမံဆောင်ရွက်နေတာဖြစ်လို့ မြို့သူမြို့သားများအနေနဲ့ စိုးရိမ်မှုမလွန်ကဲဖို့ အထူးပြောကြားလိုပါတယ်။

ဒေါက်တာရဲလွင်