



Source : KTM

Unicode

တ ရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်မှုနှုန်းမြန်တာကြောင့် လက်ရှိအချိန်မှာ ကူးစက်သူ ၇၇၀၀ ကျော်ပြီဖြစ်ပြီး သေဆုံးသူကတော့ ၁၇၀ ဦးထိ ရှိလာခဲ့ပါတယ်…..ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာတင် ဗိုင်းရပ်စ်ကူးစက်သူ ၃၈ ဦး သေဆုံးခဲ့ပြီး ၁၇၀၀ ကျော် ကူးစက်ခံခဲ့ရတာပါ…..

ဒီ လို သေဆုံးသူတွေနဲ့ ကူးစက်ခံရသူတွေ မြင့်တက်လာနေတာကြောင့် ယနေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ်ကော်မတီ အစည်းအဝေး ခေါ်ယူပြီး ကိုရိုနာဗိုင်းရပ်စ်အရေး ဆွေးနွေးကြတော့မှာ ဖြစ်ပါတယ်…

အစည်းအဝေးမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်/မသတ်မှတ်ဆိုတာကို ဆွေးနွေးသွားကြမှာ ဖြစ်တယ်လို့ သိရပါတယ်….

ကိုရိုနာဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်နိုင်သော ရောဂါဖြစ်လို့ ကမ္ဘာ့နိုင်ငံတွေကလည်း စိုးရိမ်မှုတွေရှိနေပြီး တရုတ်နိုင်ငံက ခရီးသွားတွေကို သေချာစစ်ဆေးကြပ်မတ်လျက်ရှိတာကို တွေ့ရှိရပါတယ်..

Writer – HW (Shwe Yaung Lan)
Source : KTM