လတ္ တေလာ ဖိလစ္ပိုင္ႏိုင္ငံထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရတာမရွိေသးေပမဲ့ သံသယရွိ လူနာ ၂၄ ေယာက္ကိုေတာ့ ေစာင့္ၾကည့္စစ္ေဆးေနတယ္လို႔ က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္သစ္က ကမာၻ႔ႏိုင္ငံေပါင္း ၁၇ ႏိုင္ငံကို ကူးစက္ေနခ်ိန္မွာပဲ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ မနီလာက တ႐ုတ္ဘာသာသင္ေက်ာင္းမွာ ႀကိဳတင္ျပင္ဆင္တဲ့အေနနဲ႔ ေက်ာင္းသားေတြနဲ႔ ဝန္ထမ္းေတြမ်က္ႏွာဖုံး တပ္ဖို႔ ဇန္နဝါရီ ၂၈ ရက္က စတင္သတ္မွတ္လိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံကလာတဲ့ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ျပည္ဝင္ခြင့္ မေပးေတာ့ဘဲ ရပ္ဆိုင္းထားၿပီး တျခားေခါင္းစဥ္နဲ႔ ျပည္ဝင္ခြင့္ကိုေတာ့ ေပးထားပါတယ္။

အေရွ႕ေတာင္အာရွေဒသထဲမွာ ဖိလစ္ပိုင္လိုပဲ လာအို၊ ျမန္မာနဲ႔ အင္ဒိုနီးရွားႏိုင္ငံေတြမွာလည္း ကူးစက္ခံလူနာ မရွိေသးေပမယ့္ လူနာအေတာ္မ်ားမ်ားကိုေတာ့ သံသယရွိလို႔ ေစာင့္ၾကည့္ စစ္ေဆး ေနပါတယ္။ ကူးစက္လူနာေတြ႕ခဲ့ရင္ သီးျခား ခြဲထားၿပီး ကုသဖို႔ ေဆး႐ုံေတြကိုလဲ အသင့္ျပင္ထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံက လိုင္းယန္းအဲေလေၾကာင္းလိုင္းက တ႐ုတ္ႏိုင္ငံဆီ ေလေၾကာင္း ခရီးစဥ္ေတြကို ဆိုင္းငံ့ထားၿပီး သူ႔ႏိုင္ငံသားေတြ တ႐ုတ္ႏိုင္ငံဆီ ခရီးမသြားၾကဖို႔ သတိေပးခ်က္ ထုတ္ျပန္ထားပါတယ္။ တ႐ုတ္ႏိုင္ငံကေန ေရာက္လာတဲ့ ဆိုက္ေရာက္ခရီးသည္ေတြကို ျပည္ဝင္ခြင့္ ေပးသင့္မေပးသင့္ကို လူဝင္မႈႀကီးၾကပ္ေရးဌာနက အကဲျဖတ္ေနပါတယ္။

လာအိုႏိုင္ငံကေတာ့ နယ္စပ္တေလွ်ာက္မွာ ေစာင့္ၾကည့္ေရးဌာနေတြ ဖြင့္ၿပီး ခရီးသည္ေတြကို ကိုယ္ပူခ်ိန္ စစ္ေဆးဖို႔ တာဝန္ခ်ထားပါတယ္။

ျမန္မာႏိုင္ငံမွာလည္း နယ္စပ္ျဖတ္သန္းေရးစခန္းေတြနဲ႔ ေလဆိပ္ေတြမွာ ခရီးသည္ေတြကို က်န္းမာေရး စစ္ေဆးေနပါတယ္။ ႏိုက္ကလပ္လို လူစုမယ့္ေနရာေတြကို ပိတ္ထားေပမယ့္ တ႐ုတ္နဲ႔ နယ္စပ္ၿမိဳ႕ေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔လာမွာကို စိုးရိမ္မႈေတြ ရွိေနဆဲပါ။

မေလးရွားႏိုင္ငံမွာေတာ့ ဝူဟန္ဗုိင္းရပ္္္စ္ကူးစက္ခံလူနာ ၈ ေယာက္ ေတြ႕ထားၿပီး ေရာဂါ စတင္ကူးစက္ရာ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္က ေရာက္လာတဲ့ခရီးသည္ေတြကို ဆိုက္ေရာက္ဗီဇာ ျပည္ဝင္ခြင့္ မေပးေတာ့ဘဲ ရပ္ဆိုင္းထားပါတယ္။

စင္ကာပူႏိုင္ငံမွာေတာ့ ေရာဂါ ကူးစက္ခံေနရသူ ၁၀ ဦးရွိတယ္လို႔ အစိုးရက အတည္ျပဳထားၿပီး လူနာေတြ ေနခဲ့တဲ့အခန္းေတြကို ပိုးသတ္ထားပါတယ္။ ၿပီးခဲ့တဲ့ ၁၄ ရက္အတြင္း တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္ကို သြားေရာက္ခဲ့ဖူးတဲ့ ဘယ္ခရီးသည္ကိုမဆို စင္ကာပူႏိုင္ငံထဲ ဝင္ေရာက္ခြင့္ တားျမစ္ပိတ္ပင္ထားပါတယ္။ ဒါ့အျပင္စင္ကာပူကို အရင္က ျပည္ဝင္ခြင့္ရဖူးသူ မဟုတ္ရင္ ဘယ္လို ခရီးသည္ကိုမဆို ျပည္ဝင္ခြင့္ မေပးဘဲ တားျမစ္ထားပါတယ္။ ျပည္ဝင္ခြင့္ဗီဇာနဲ႔ ဟူေဘးက ေရာက္လာတဲ့လူတိုင္းကိုလည္း စင္ကာပူႏိုင္ငံထဲမွာ သီတင္းပတ္ ၂ ပတ္ၾကာ ေရာဂါေျခခ်ဳပ္နဲ႔ သီးျခားေနဖို႔ အမိန႔္ထုတ္ထားပါတယ္။

ထိုင္းႏိုင္ငံကေတာ့ တ႐ုတ္ကလာတဲ့ ခရီးသည္အားလုံးကို က်န္းမာေရး စစ္ေဆးေနပါတယ္။ ေလဆိပ္ေတြမွာလည္း ခရီးသည္အားလုံးကို ကိုယ္ပူခ်ိန္ စစ္ေဆးတဲ့စက္ေတြ တပ္ဆင္ထားပါတယ္။ တ႐ုတ္ႏိုင္ငံက ေရာက္လာတဲ့ ခရီးသည္ေတြကို ဝန္ေဆာင္မႈေပးေနတဲ့ ေဒသခံ ဧည့္လမ္းၫႊန္ေတြ အားလုံးကိုလည္း က်န္းမာေရး စစ္ေဆးခဲ့ပါတယ္။ ထိုင္းႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ကူးစက္ခံ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး လူ ၁၄ေယာက္ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ အတည္ျပဳထားပါတယ္။

ဗီယက္နမ္ႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ကူးစက္ခံ ၂ ေယာက္ရွိတယ္လို႔ အတည္ျပဳထားၿပီး သံသယရိွတဲ့လူနာ ၂၄ ေယာက္ကို ေရာဂါေျခခ်ဳပ္နဲ႔ ထားရွိ စစ္ေဆး ေစာင့္ၾကည့္ေနပါတယ္။

တရုတ္ႏုိင္ငံတြင္ ၀ူဟန္ဗိုင္းရပ္စ္ကူးစက္ခံရေသာ လူနာ ေသဆုံးမႈသည္ ၁၇၀ ဦး အထိ ျမင့္တက္သြားၿပီး ကူးစက္ခံရသူ အေရအတြက္မွာလည္း ၇၈၀၀ ေက်ာ္သြားၿပီျဖစ္သည္။

Credit – Blacker

Unicode

လတ် တလော ဖိလစ်ပိုင်နိုင်ငံထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတာမရှိသေးပေမဲ့ သံသယရှိ လူနာ ၂၄ ယောက်ကိုတော့ စောင့်ကြည့်စစ်ဆေးနေတယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်က ကမ္ဘာ့နိုင်ငံပေါင်း ၁၇ နိုင်ငံကို ကူးစက်နေချိန်မှာပဲ ဖိလစ်ပိုင်နိုင်ငံရဲ့ မြို့တော် မနီလာက တရုတ်ဘာသာသင်ကျောင်းမှာ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေမျက်နှာဖုံး တပ်ဖို့ ဇန်နဝါရီ ၂၈ ရက်က စတင်သတ်မှတ်လိုက်ပါတယ်။

တရုတ်နိုင်ငံကလာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ပြည်ဝင်ခွင့် မပေးတော့ဘဲ ရပ်ဆိုင်းထားပြီး တခြားခေါင်းစဉ်နဲ့ ပြည်ဝင်ခွင့်ကိုတော့ ပေးထားပါတယ်။

အရှေ့တောင်အာရှဒေသထဲမှာ ဖိလစ်ပိုင်လိုပဲ လာအို၊ မြန်မာနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာလည်း ကူးစက်ခံလူနာ မရှိသေးပေမယ့် လူနာအတော်များများကိုတော့ သံသယရှိလို့ စောင့်ကြည့် စစ်ဆေး နေပါတယ်။ ကူးစက်လူနာတွေ့ခဲ့ရင် သီးခြား ခွဲထားပြီး ကုသဖို့ ဆေးရုံတွေကိုလဲ အသင့်ပြင်ထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက လိုင်းယန်းအဲလေကြောင်းလိုင်းက တရုတ်နိုင်ငံဆီ လေကြောင်း ခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး သူ့နိုင်ငံသားတွေ တရုတ်နိုင်ငံဆီ ခရီးမသွားကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံကနေ ရောက်လာတဲ့ ဆိုက်ရောက်ခရီးသည်တွေကို ပြည်ဝင်ခွင့် ပေးသင့်မပေးသင့်ကို လူဝင်မှုကြီးကြပ်ရေးဌာနက အကဲဖြတ်နေပါတယ်။

လာအိုနိုင်ငံကတော့ နယ်စပ်တလျှောက်မှာ စောင့်ကြည့်ရေးဌာနတွေ ဖွင့်ပြီး ခရီးသည်တွေကို ကိုယ်ပူချိန် စစ်ဆေးဖို့ တာဝန်ချထားပါတယ်။

မြန်မာနိုင်ငံမှာလည်း နယ်စပ်ဖြတ်သန်းရေးစခန်းတွေနဲ့ လေဆိပ်တွေမှာ ခရီးသည်တွေကို ကျန်းမာရေး စစ်ဆေးနေပါတယ်။ နိုက်ကလပ်လို လူစုမယ့်နေရာတွေကို ပိတ်ထားပေမယ့် တရုတ်နဲ့ နယ်စပ်မြို့တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့လာမှာကို စိုးရိမ်မှုတွေ ရှိနေဆဲပါ။

မလေးရှားနိုင်ငံမှာတော့ ဝူဟန်ဗိုင်းရပ်််စ်ကူးစက်ခံလူနာ ၈ ယောက် တွေ့ထားပြီး ရောဂါ စတင်ကူးစက်ရာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ်က ရောက်လာတဲ့ခရီးသည်တွေကို ဆိုက်ရောက်ဗီဇာ ပြည်ဝင်ခွင့် မပေးတော့ဘဲ ရပ်ဆိုင်းထားပါတယ်။

စင်ကာပူနိုင်ငံမှာတော့ ရောဂါ ကူးစက်ခံနေရသူ ၁၀ ဦးရှိတယ်လို့ အစိုးရက အတည်ပြုထားပြီး လူနာတွေ နေခဲ့တဲ့အခန်းတွေကို ပိုးသတ်ထားပါတယ်။ ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း တရုတ်နိုင်ငံ ဟူဘေးပြည်နယ်ကို သွားရောက်ခဲ့ဖူးတဲ့ ဘယ်ခရီးသည်ကိုမဆို စင်ကာပူနိုင်ငံထဲ ဝင်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါ့အပြင်စင်ကာပူကို အရင်က ပြည်ဝင်ခွင့်ရဖူးသူ မဟုတ်ရင် ဘယ်လို ခရီးသည်ကိုမဆို ပြည်ဝင်ခွင့် မပေးဘဲ တားမြစ်ထားပါတယ်။ ပြည်ဝင်ခွင့်ဗီဇာနဲ့ ဟူဘေးက ရောက်လာတဲ့လူတိုင်းကိုလည်း စင်ကာပူနိုင်ငံထဲမှာ သီတင်းပတ် ၂ ပတ်ကြာ ရောဂါခြေချုပ်နဲ့ သီးခြားနေဖို့ အမိန့်ထုတ်ထားပါတယ်။

ထိုင်းနိုင်ငံကတော့ တရုတ်ကလာတဲ့ ခရီးသည်အားလုံးကို ကျန်းမာရေး စစ်ဆေးနေပါတယ်။ လေဆိပ်တွေမှာလည်း ခရီးသည်အားလုံးကို ကိုယ်ပူချိန် စစ်ဆေးတဲ့စက်တွေ တပ်ဆင်ထားပါတယ်။ တရုတ်နိုင်ငံက ရောက်လာတဲ့ ခရီးသည်တွေကို ဝန်ဆောင်မှုပေးနေတဲ့ ဒေသခံ ဧည့်လမ်းညွှန်တွေ အားလုံးကိုလည်း ကျန်းမာရေး စစ်ဆေးခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံ အများဆုံးနိုင်ငံဖြစ်ပြီး လူ ၁၄ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ဗိုင်းရပ်စ်ကူးစက်ခံ ၂ ယောက်ရှိတယ်လို့ အတည်ပြုထားပြီး သံသယရှိတဲ့လူနာ ၂၄ ယောက်ကို ရောဂါခြေချုပ်နဲ့ ထားရှိ စစ်ဆေး စောင့်ကြည့်နေပါတယ်။

တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာ သေဆုံးမှုသည် ၁၇၀ ဦး အထိ မြင့်တက်သွားပြီး ကူးစက်ခံရသူ အရေအတွက်မှာလည်း ၇၈၀၀ ကျော်သွားပြီဖြစ်သည်။

Credit – Blacker