ထိုင္းဝ န္ႀကီးခ်ဳပ္ပရာယြတ္ခ်န္အိုခ်ာသည္ အဖ်ားေဝဒနာခံစားေနရသျဖင့္ ယေန႔လုပ္ေဆာင္မည့္အစီအစဥ္အားလုံးကိုဖ်က္သိမ္းလိုက္ၿပီး ေနအိမ္တြင္အနားယူလၽွက္ရွိေၾကာင္း ၎၏ကိုယ္ေရးအရာရွိကေျပာသည္။

အ သက္ ၆၅ ႏွစ္အ႐ြယ္ရွိ ပရာယြတ္သည္ အနားမယူဘဲအလုပ္လုပ္သည့္အတြက္ အေအးမိျခင္းႏွင့္အဖ်ားေဝဒနာခံစားေနရေသာ္လည္း အစိုးရအဖြဲ႕လုပ္ငန္းေဆာင္တာမ်ားကို ေနအိမ္မွပူးေပါင္းလုပ္ေဆာင္သြားမည္ျဖစ္ၿပီး အစိုးရအဖြဲ႕အစည္းအေဝးမ်ားကို ၎ကိုယ္စားဒုတိယဝန္ႀကီးခ်ဳပ္က တက္ေရာက္မည္ျဖစ္ေၾကာင္း ကိုယ္ေရးအရာရွိကေျပာသည္။

သို႔ေသာ္လည္း ထိုင္းဝန္ႀကီးခ်ဳပ္ပရာယြတ္၏ဖ်ားနာမႈမွာ ယမန္ေန႔က သုဝဏၰဘူမိေလဆိပ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရးလုပ္ေဆာင္ေနမႈမ်ားကို သြားေရာက္စစ္ေဆးခဲ့မႈႏွင့္ မသက္ဆိုင္ဟုဆိုသည္။

ဝန္ႀကီးခ်ဳပ္က ေလဆိပ္အတြင္း ခရီးသည္ဆိုက္ေရာက္ရာေနရာတြင္ အပူခ်ိန္တိုင္းစက္မ်ားတပ္ဆင္ထားမႈကို ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ေရာဂါကာကြယ္ေရးအစီအစဥ္မ်ားကို ႏိုင္ငံတကာအဆင့္မီျမႇင့္တင္လုပ္ေဆာင္ထားေၾကာင္း ေၾကညာခဲ့သည္။

“ကၽြန္ေတာ္ဟာ ထိုင္းျပည္သူေတြေရာ ဒီကိုလာတဲ့အျခားႏိုင္ငံကသူေတြနဲ႔ေရာသက္ဆိုင္ပါတယ္။ အားလုံးကိုဂ႐ုစိုက္ဖို႔လုပ္ႏိုင္သမၽွ အေကာင္းဆုံးလုပ္ထားပါတယ္” ဟု ဝန္ႀကီးခ်ဳပ္ပရာယြတ္က ယမန္ေန႔ကေျပာဆိုခဲ့သည္။

ထိုင္းႏိုင္ငံဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ကူးစက္ခံ အမ်ားဆုံးႏိုင္ငံျဖစ္ၿပီး လူ ၁၄ေယာက္ ဗိုင္းရပ္စ္ ကူးစက္ခံထားရတယ္လို႔ အတည္ျပဳထားပါတယ္။

Ref – Khaosod

Unicode

ထိုင်းဝ န်ကြီးချုပ်ပရာယွတ်ချန်အိုချာသည် အဖျားဝေဒနာခံစားနေရသဖြင့် ယနေ့လုပ်ဆောင်မည့်အစီအစဉ်အားလုံးကိုဖျက်သိမ်းလိုက်ပြီး နေအိမ်တွင်အနားယူလျှက်ရှိကြောင်း ၎င်း၏ကိုယ်ရေးအရာရှိကပြောသည်။

အ သက် ၆၅ နှစ်အရွယ်ရှိ ပရာယွတ်သည် အနားမယူဘဲအလုပ်လုပ်သည့်အတွက် အအေးမိခြင်းနှင့်အဖျားဝေဒနာခံစားနေရသော်လည်း အစိုးရအဖွဲ့လုပ်ငန်းဆောင်တာများကို နေအိမ်မှပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပြီး အစိုးရအဖွဲ့အစည်းအဝေးများကို ၎င်းကိုယ်စားဒုတိယဝန်ကြီးချုပ်က တက်ရောက်မည်ဖြစ်ကြောင်း ကိုယ်ရေးအရာရှိကပြောသည်။

သို့သော်လည်း ထိုင်းဝန်ကြီးချုပ်ပရာယွတ်၏ဖျားနာမှုမှာ ယမန်နေ့က သုဝဏ္ဏဘူမိလေဆိပ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ဆောင်နေမှုများကို သွားရောက်စစ်ဆေးခဲ့မှုနှင့် မသက်ဆိုင်ဟုဆိုသည်။

ဝန်ကြီးချုပ်က လေဆိပ်အတွင်း ခရီးသည်ဆိုက်ရောက်ရာနေရာတွင် အပူချိန်တိုင်းစက်များတပ်ဆင်ထားမှုကို ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ရောဂါကာကွယ်ရေးအစီအစဉ်များကို နိုင်ငံတကာအဆင့်မီမြှင့်တင်လုပ်ဆောင်ထားကြောင်း ကြေညာခဲ့သည်။

“ကျွန်တော်ဟာ ထိုင်းပြည်သူတွေရော ဒီကိုလာတဲ့အခြားနိုင်ငံကသူတွေနဲ့ရောသက်ဆိုင်ပါတယ်။ အားလုံးကိုဂရုစိုက်ဖို့လုပ်နိုင်သမျှ အကောင်းဆုံးလုပ်ထားပါတယ်” ဟု ဝန်ကြီးချုပ်ပရာယွတ်က ယမန်နေ့ကပြောဆိုခဲ့သည်။

ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံပြင်ပမှာ ကူးစက်ခံ အများဆုံးနိုင်ငံဖြစ်ပြီး လူ ၁၄ယောက် ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုထားပါတယ်။

Ref – Khaosod