သ ႐ုပ္ေဆာင္ အကယ္ဒမီေမသန္းႏု ပုဒ္မ (၄၂၀) နဲ႔ ေထာင္ဒဏ္တစ္ႏွစ္ခ်မွတ္ခံခဲ့ရတာ အားလုံးသိၿပီးသားျဖစ္မွာပါ။ ေမသန္းႏုအတြက္ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္၊ ခင္ပြန္းေဟာင္းျဖစ္သူ အကယ္ဒမီ စင္ေရာ္ေမာင္ေမာင္တို့က ဥပေဒေဘာင္အတြင္းက တတ္နိုင္သမၽွ လုပ္ေဆာင္ေပးေနလ်က္ရွိပါတယ္။ ဒီေန႔မွာေတာ့ စင္ေရာ္ေမာင္ေမာင္က သားရဲ့မိခင္ျဖစ္သူ ေမသန္းႏုအတြက္ လုပ္ေဆာင္ထားသမၽွကို အခုလိုပဲ ေျပာျပလာပါတယ္။

“အ က်ပ္အတည္းအခက္အခဲမ်ား ရင္ဆိုင္ၾကဳံေတြ႕ ျဖတ္သန္းေနရေသာ အခ်ိန္တြင္ မိမိဘဝ၏ အေရးပါေသာ မိတ္ေဆြေကာင္းမ်ားသည္ ေႏြးေထြးစြာျဖင့္ ႀကိဳဆိုကမ္းလွမ္းျခင္း ၊ေစာင့္ေရွာက္ေပးျခင္း ၊ႏူတ္၏ေဆာင္ျခင္း၊ စိတ္၏ေဆာင္မျခင္းမ်ား ျဖင့္ ကူညီျခင္းမ်ားရွိပါသည္။ ထို့အျပင္ မိမိ၏ မိသားစုအားအထင္အျမင္လြဲျခင္း၊ အေတြ႕မခံလိုျခင္း ၊ရိုးရိုးတန္းတန္း ႏွုတ္ဆက္ခင္မင္ေနသည္ကိုလည္း အကူအညီေပးရမည္ ထင္ၿပီး ေရွာင္လႊဲျခင္း၊ ဆိုးတူေကာင္းဖက္မိတ္ေဆြရင္းမ်ား ထြက္ခြါသြားျခင္း တို့ကိုၾကဳံခဲ့ရပါသည္။ သို့ေသာ္လည္း ဒါကို မိမိတို့၏အတိတ္ကံဟုသာမွတ္ယူထားၿပီး ႀကံ့ႀကံ့ခံရင္ဆိုင္လ်က္ရွိပါသည္။”

” Media မ်ားတြင္ ထင္ေပၚေက်ာ္ၾကားလိုေသာသူမ်ားေၾကာင့္လဲ သား၏မိခင္အေပၚ အထင္လြဲ အထင္ေသးျခင္းမ်ားလဲ ျဖစ္ေပၚလ်က္ရွိပါသည္။ သား၏မိခင္မွာအမွားက်ဴးလြန္သည္ မွန္ေသာ္လည္း ယခုျဖစ္ေပၚေနေသာ သတင္းမ်ားအားလုံး အတိုင္းမဟုတ္ပါ။ အယုံလြယ္ျခင္း၊ စီးပြါးေရး အေတြ႕အၾကဳံအားနည္းျခင္း၊ လက္မွတ္အလြယ္တကူထိုးေပးျခင္း ၊ ၁၀/၂၀/၃၀ တိုးျဖင့္ေငြေခ်း ယူျခင္း တို့ကို ေဆာင္ရြက္ရင္းျဖင့္ ႏြံနစ္သြားခဲ့ျခင္းျဖစ္ပါသည္။”

“သို့ပါ၍ ခိုင္မာေသာ ဥပေဒပညာရွင္မ်ားျဖင့္ အမူအခင္းကို ေျဖရွင္းေနပါသည္။ ရန္ကင္းတရား႐ုံးတြင္ ျဖစ္ပြားခဲ့ေသာ အမွုနဲ႔ ပတ္သက္ရ်္ (ေပးေလ်ာ္ရန္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါသည္) အျခားကိစၥမ်ားကိုလဲ ဥပေဒေဘာင္အတြင္းမွ အျမန္ဆုံး စီဥ္ေဆာင္ရြက္သြားမည္ျဖစ္ပါသည္။ အကြက္ဆင္၍ မမွန္မကန္ေသာ သက္ေသမ်ားျဖင့္ အမူဖန္တီးလ်က္ရွိေသာကိစၥမ်ားကိုလည္း ဥပေဒေဘာင္အတြင္းမွ ခုခံကာကြယ္သြားမည္ျဖစ္ပါသည္။”

“ယခုကိစၥမွာလဲ မိခင္အတြက္ အပူမီးေတာက္ေလာင္ေန သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ ၏ ေသာကကို မၾကည့္ရက္သျဖင့္ ဖခင္တစ္ေယာက္အေနျဖင့္ ေဆာင္ရြက္ရျခင္းျဖစ္ၿပီး မည္သည့္အေၾကာင္းအရာ ကိစၥမွမပါဝင္ေၾကာင္းကိုလဲ ရိုးသားစြာဝန္ခံပါသည္။ မဆင့္ကိစၥတြင္ခံစားခဲ့ရေသာ နစ္နားသူမ်ားကိုလဲေတာင္းပန္ၿပီးျဖစ္ပါတယ္။”

” ကၽြန္ေတာ္တတ္နိုင္သေလာက္ ပစၥည္းမ်ားထုခြဲေရာင္းခ်၍ေသာ္လည္းေကာင္း၊ မိတ္ေဆြအေပါင္းအသင္းမ်ားထံမွ အကူအညီမ်ားျဖင့္လည္းေကာင္း ၎ကိစၥ မ်ားကိုေျဖရွင္းလ်က္ရွိပါသည္။ ကၽြန္ေတာ္ ၊မင္းသန႔္ေမာင္ေမာင္ႏွင့္ မဆင့္တို့အေပၚတြင္လည္း နားလည္ေပးပါရန္လည္း ေမတၱာရပ္ခံအပ္ပါသည္။ အမွားမ်ားကိုလဲ အျမန္ဆုံးျပဳျပင္နိုင္ၿပီး ျပည္သူခ်စ္ေသာ အႏုပညာရွင္တစ္ဦးအျဖစ္ ျပန္လည္ထြန္းေတာက္လာပါေစေၾကာင္း မဆင့္အတြက္ ကၽြန္ေတာ္ ဆုမြန္ေကာင္းေတာင္းလ်က္ အျမန္ဆုံး ေျဖရွင္းေဆာင္ရြက္ေနပါတယ္ခင္ဗ်ာ” ဆိုၿပီး ေျပာလာပါတယ္။

စင္ေရာ္ေမာင္ေမာင္ကေတာ့ သားျဖစ္သူမင္းသန႔္ေမာင္ေမာင္ရဲ့ ေသာကကို မၾကည့္ရက္တဲ့အတြက္ သူတတ္နိုင္သမၽွကို လုပ္ေဆာင္ေပးေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ေမသန္းႏုအတြက္ အေကာင္းဆုံးကို ဆုေတာင္းေပးၾကပါဦးေနာ္။

မိုမိုေလး

Unicode

သ ရုပ်ဆောင် အကယ်ဒမီမေသန်းနု ပုဒ်မ (၄၂၀) နဲ့ ထောင်ဒဏ်တစ်နှစ်ချမှတ်ခံခဲ့ရတာ အားလုံးသိပြီးသားဖြစ်မှာပါ။ မေသန်းနုအတွက် သားဖြစ်သူ မင်းသန့်မောင်မောင်၊ ခင်ပွန်းဟောင်းဖြစ်သူ အကယ်ဒမီ စင်ရော်မောင်မောင်တို့က ဥပဒေဘောင်အတွင်းက တတ်နိုင်သမျှ လုပ်ဆောင်ပေးနေလျက်ရှိပါတယ်။ ဒီနေ့မှာတော့ စင်ရော်မောင်မောင်က သားရဲ့မိခင်ဖြစ်သူ မေသန်းနုအတွက် လုပ်ဆောင်ထားသမျှကို အခုလိုပဲ ပြောပြလာပါတယ်။

“အ ကျပ်အတည်းအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ ဖြတ်သန်းနေရသော အချိန်တွင် မိမိဘဝ၏ အရေးပါသော မိတ်ဆွေကောင်းများသည် နွေးထွေးစွာဖြင့် ကြိုဆိုကမ်းလှမ်းခြင်း ၊စောင့်ရှောက်ပေးခြင်း ၊နူတ်၏ဆောင်ခြင်း၊ စိတ်၏ဆောင်မခြင်းများ ဖြင့် ကူညီခြင်းများရှိပါသည်။ ထို့အပြင် မိမိ၏ မိသားစုအားအထင်အမြင်လွဲခြင်း၊ အတွေ့မခံလိုခြင်း ၊ရိုးရိုးတန်းတန်း နှုတ်ဆက်ခင်မင်နေသည်ကိုလည်း အကူအညီပေးရမည် ထင်ပြီး ရှောင်လွှဲခြင်း၊ ဆိုးတူကောင်းဖက်မိတ်ဆွေရင်းများ ထွက်ခွါသွားခြင်း တို့ကိုကြုံခဲ့ရပါသည်။ သို့သော်လည်း ဒါကို မိမိတို့၏အတိတ်ကံဟုသာမှတ်ယူထားပြီး ကြံ့ကြံ့ခံရင်ဆိုင်လျက်ရှိပါသည်။”

” Media များတွင် ထင်ပေါ်ကျော်ကြားလိုသောသူများကြောင့်လဲ သား၏မိခင်အပေါ် အထင်လွဲ အထင်သေးခြင်းများလဲ ဖြစ်ပေါ်လျက်ရှိပါသည်။ သား၏မိခင်မှာအမှားကျူးလွန်သည် မှန်သော်လည်း ယခုဖြစ်ပေါ်နေသော သတင်းများအားလုံး အတိုင်းမဟုတ်ပါ။ အယုံလွယ်ခြင်း၊ စီးပွါးရေး အတွေ့အကြုံအားနည်းခြင်း၊ လက်မှတ်အလွယ်တကူထိုးပေးခြင်း ၊ ၁၀/၂၀/၃၀ တိုးဖြင့်ငွေချေး ယူခြင်း တို့ကို ဆောင်ရွက်ရင်းဖြင့် နွံနစ်သွားခဲ့ခြင်းဖြစ်ပါသည်။”

“သို့ပါ၍ ခိုင်မာသော ဥပဒေပညာရှင်များဖြင့် အမူအခင်းကို ဖြေရှင်းနေပါသည်။ ရန်ကင်းတရားရုံးတွင် ဖြစ်ပွားခဲ့သော အမှုနဲ့ ပတ်သက်ရျ် (ပေးလျော်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ပါသည်) အခြားကိစ္စများကိုလဲ ဥပဒေဘောင်အတွင်းမှ အမြန်ဆုံး စီဉ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အကွက်ဆင်၍ မမှန်မကန်သော သက်သေများဖြင့် အမူဖန်တီးလျက်ရှိသောကိစ္စများကိုလည်း ဥပဒေဘောင်အတွင်းမှ ခုခံကာကွယ်သွားမည်ဖြစ်ပါသည်။”

“ယခုကိစ္စမှာလဲ မိခင်အတွက် အပူမီးတောက်လောင်နေ သားဖြစ်သူ မင်းသန့်မောင်မောင် ၏ သောကကို မကြည့်ရက်သဖြင့် ဖခင်တစ်ယောက်အနေဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပြီး မည်သည့်အကြောင်းအရာ ကိစ္စမှမပါဝင်ကြောင်းကိုလဲ ရိုးသားစွာဝန်ခံပါသည်။ မဆင့်ကိစ္စတွင်ခံစားခဲ့ရသော နစ်နားသူများကိုလဲတောင်းပန်ပြီးဖြစ်ပါတယ်။”

” ကျွန်တော်တတ်နိုင်သလောက် ပစ္စည်းများထုခွဲရောင်းချ၍သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများထံမှ အကူအညီများဖြင့်လည်းကောင်း ၎င်းကိစ္စ များကိုဖြေရှင်းလျက်ရှိပါသည်။ ကျွန်တော် ၊မင်းသန့်မောင်မောင်နှင့် မဆင့်တို့အပေါ်တွင်လည်း နားလည်ပေးပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။ အမှားများကိုလဲ အမြန်ဆုံးပြုပြင်နိုင်ပြီး ပြည်သူချစ်သော အနုပညာရှင်တစ်ဦးအဖြစ် ပြန်လည်ထွန်းတောက်လာပါစေကြောင်း မဆင့်အတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းလျက် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်နေပါတယ်ခင်ဗျာ” ဆိုပြီး ပြောလာပါတယ်။

စင်ရော်မောင်မောင်ကတော့ သားဖြစ်သူမင်းသန့်မောင်မောင်ရဲ့ သောကကို မကြည့်ရက်တဲ့အတွက် သူတတ်နိုင်သမျှကို လုပ်ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေသန်းနုအတွက် အကောင်းဆုံးကို ဆုတောင်းပေးကြပါဦးနော်။

မိုမိုလေး