ဝူ ဟန္ၿမိဳ႕ေတာ္ဝန္ Zhou Xianwang က မိမိတို႔အေနနဲ႔ ျပင္းထန္ဗိုင္းရပ္စ္ေရာဂါနဲ႔ပတ္သက္ၿပီး သတင္းအခ်က္အလက္ေတြကို ထိမ္ခ်န္ထားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ သူ႔ရဲ့ ဝန္ခံမႈမတိုင္မီမွာ တ႐ုတ္အစိုးရဘက္က သတင္းအခ်က္အလက္ေတြ ပ်ံ႕ႏွံ့ေစသည္ဟုဆိုကာ လူအခ်ိဳကို ဖမ္းဆီးစစ္ေဆးတာမ်ိဳး ရွိခဲ့ပါတယ္။ ဒီမတိုင္မွာ အမ်ိဳးသမီးေဒါက္တာတစ္ဦးက ကူးစက္လူနာမွာ လက္ရွိအမ်ားသိေနတဲ့ စာရင္းအတိုင္းမဟုတ္ဘဲ (၁)သိန္းေက်ာ္သြားၿပီလို႔ ဖြင့္ခ်ခဲ့ပါေသးတယ္။ အခုအခါမွာ အေနာက္နိုင္ငံနဲ႔ အေမရိကန္အသိုင္းအဝိုင္းက ဝူဟန္ဗိုင္းရပ္ကို Wuhan National Biosafety Laboratory ကေန စတင္ပ်ံ႕ႏွံ့ခဲ့တာလို႔ ဆိုေနပါတယ္။

အ ဆိုပါ ဓာတ္ခြဲခန္းဟာ ဝူဟန္ဗိုင္းရပ္စ္ စတင္ပ်ံ႕ႏွံ့ခဲ့ရာျဖစ္တဲ့ ဝူဟန္သားငါးေစ်းနဲ႔ မိုင္(၂၀)သာ ကြာေဝးပါတယ္။ ဒီလို စြပ္စြဲမႈေတြ ျဖစ္ရတဲ့အေၾကာင္းအရင္းကလည္း ရွိေနၿပီး၊ အဲဒီဓာတ္ခြဲခန္းဟာ ကမၻာ့အႏၲရာယ္အႀကီးဆုံး ဗိုင္းရပ္စ္ေတြ ဘက္တီးရီးယားေတြကို ေမြးျမဴၿပီး ေလ့လာမႈေတြ လုပ္ေနရာမို႔ပါ။

အဲဒီဓာတ္ခြဲခန္း စတင္တည္ေဆာက္စဥ္တုန္းကတည္းက ကၽြမ္းက်င္ပညာရွင္ေတြက တ႐ုတ္အေနနဲ႔ အႏၲရာယ္နဲ႔မကစားဖို႔ အတန္တန္သတိေပးခဲ့ေပမယ့္၊ လိုက္နာဖို႔ ပ်က္ကြက္ခဲ့တာပါ။ အခုလည္း ၿမိဳ႕ေတာ္ဝန္ Zhou Xianwang က ေရာဂါပိုးပ်ံ႕ႏွံ့ေနတာကို ထိမ္ခ်န္ထားတယ္လို႔ ဝန္ခံခဲ့တာပါ။ Zhou က ” ေဒသခံအစိုးရအေနနဲ႔ ဒီသတင္းကို အေစာႀကီး သိခဲ့ပါတယ္ … ဒါေပမယ့္ ထုတ္ေဖာ္ေျပာဆိုဖို႔ အထက္က အမိန႔္ကို ေစာင့္ဆိုင္းေနခဲ့ရပါတယ္ … ဒီအတြက္ ေတာ္ေတာ္မ်ားမ်ားကေတာ့ နားလည္မွာ မဟုတ္ပါဘူး … လူေတြက ကၽြန္ေတာ့္ကို ခြင့္မလႊတ္ေပးဘူးဆိုရင္ ကၽြန္ေတာ္ ႏႈတ္ထြက္ဖို႔ အဆင္သင့္ပါ “လို႔ ေျပာခဲ့ပါတယ္။

” ကၽြန္ေတာ္နဲ႔အတူ အဆင့္ျမင့္ရာထူးယူထားတဲ့ Ma Guoqiang ကလည္း ကၽြန္ေတာ့္လိုပါပဲ … ကၽြန္ေတာ္တို႔ တာဝန္ခံမႈ အျပည့္ယူပါ့မယ္ … မေက်နပ္ဘူးဆိုရင္ ႏႈတ္ထြက္မွာပါ … ကၽြန္ေတာ္တို႔က ကိုယ့္ေပးထားတဲ့ အမိန႔္တာဝန္ကို ေက်ပြန္႐ုံသာဆိုေပမယ့္ ျပည္သူ႔အေပၚမွာ တာဝန္မေက်ဘူးလို႔ ခံစားရပါတယ္”လို႔ ေျပာခဲ့ပါတယ္။

လင္းေဇာ္ကို (D Nae Khit)

Unicode

ဝူ ဟန်မြို့တော်ဝန် Zhou Xianwang က မိမိတို့အနေနဲ့ ပြင်းထန်ဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို ထိမ်ချန်ထားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ သူ့ရဲ့ ဝန်ခံမှုမတိုင်မီမှာ တရုတ်အစိုးရဘက်က သတင်းအချက်အလက်တွေ ပျံ့နှံ့စေသည်ဟုဆိုကာ လူအချိုကို ဖမ်းဆီးစစ်ဆေးတာမျိုး ရှိခဲ့ပါတယ်။ ဒီမတိုင်မှာ အမျိုးသမီးဒေါက်တာတစ်ဦးက ကူးစက်လူနာမှာ လက်ရှိအများသိနေတဲ့ စာရင်းအတိုင်းမဟုတ်ဘဲ (၁)သိန်းကျော်သွားပြီလို့ ဖွင့်ချခဲ့ပါသေးတယ်။ အခုအခါမှာ အနောက်နိုင်ငံနဲ့ အမေရိကန်အသိုင်းအဝိုင်းက ဝူဟန်ဗိုင်းရပ်ကို Wuhan National Biosafety Laboratory ကနေ စတင်ပျံ့နှံ့ခဲ့တာလို့ ဆိုနေပါတယ်။

အ ဆိုပါ ဓာတ်ခွဲခန်းဟာ ဝူဟန်ဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့ရာဖြစ်တဲ့ ဝူဟန်သားငါးစျေးနဲ့ မိုင်(၂၀)သာ ကွာဝေးပါတယ်။ ဒီလို စွပ်စွဲမှုတွေ ဖြစ်ရတဲ့အကြောင်းအရင်းကလည်း ရှိနေပြီး၊ အဲဒီဓာတ်ခွဲခန်းဟာ ကမ္ဘာ့အန္တရာယ်အကြီးဆုံး ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို မွေးမြူပြီး လေ့လာမှုတွေ လုပ်နေရာမို့ပါ။

အဲဒီဓာတ်ခွဲခန်း စတင်တည်ဆောက်စဉ်တုန်းကတည်းက ကျွမ်းကျင်ပညာရှင်တွေက တရုတ်အနေနဲ့ အန္တရာယ်နဲ့မကစားဖို့ အတန်တန်သတိပေးခဲ့ပေမယ့်၊ လိုက်နာဖို့ ပျက်ကွက်ခဲ့တာပါ။ အခုလည်း မြို့တော်ဝန် Zhou Xianwang က ရောဂါပိုးပျံ့နှံ့နေတာကို ထိမ်ချန်ထားတယ်လို့ ဝန်ခံခဲ့တာပါ။ Zhou က ” ဒေသခံအစိုးရအနေနဲ့ ဒီသတင်းကို အစောကြီး သိခဲ့ပါတယ် … ဒါပေမယ့် ထုတ်ဖော်ပြောဆိုဖို့ အထက်က အမိန့်ကို စောင့်ဆိုင်းနေခဲ့ရပါတယ် … ဒီအတွက် တော်တော်များများကတော့ နားလည်မှာ မဟုတ်ပါဘူး … လူတွေက ကျွန်တော့်ကို ခွင့်မလွှတ်ပေးဘူးဆိုရင် ကျွန်တော် နှုတ်ထွက်ဖို့ အဆင်သင့်ပါ “လို့ ပြောခဲ့ပါတယ်။

” ကျွန်တော်နဲ့အတူ အဆင့်မြင့်ရာထူးယူထားတဲ့ Ma Guoqiang ကလည်း ကျွန်တော့်လိုပါပဲ … ကျွန်တော်တို့ တာဝန်ခံမှု အပြည့်ယူပါ့မယ် … မကျေနပ်ဘူးဆိုရင် နှုတ်ထွက်မှာပါ … ကျွန်တော်တို့က ကိုယ့်ပေးထားတဲ့ အမိန့်တာဝန်ကို ကျေပွန်ရုံသာဆိုပေမယ့် ပြည်သူ့အပေါ်မှာ တာဝန်မကျေဘူးလို့ ခံစားရပါတယ်”လို့ ပြောခဲ့ပါတယ်။

လင်းဇော်ကို (D Nae Khit)