တ ႐ုတ္နိုင္ငံမွာ ထူးဆန္းတဲ့ ဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္ပြားေနပါတယ္တာဝန္ရွိသူေတြကလည္း အဆိုပါ ဗိုင္းရပ္စ္အေၾကာင္း သုေတသနျပဳလုပ္မႈေတြ အျပင္းအထန္ျပဳလုပ္ခ်က္ရွိပါတယ္။

သုေတသနျပဳ စုံစမ္းစစ္ေဆးေနတဲ့ တ႐ုတ္တာဝန္ရွိသူတစ္ဦးကေတာ့ ကိုရိုနာဗိုင္းရပ္စ္ပိုးဆန္းတစ္မ်ိဳးကေန ျဖစ္ပြားတဲ့ အဆိုပါ နမိုးနီးယားေရာဂါသစ္တစ္မ်ိဳးဟာ လူ လူျခင္း ကူးစက္နိုင္တာေၾကာင့္ တ႐ုတ္နိုင္ငံအစိုးရဟာ အဆိုပါ ဝူဟန္ၿမိဳ႕ကို ပိတ္ပင္ထားလိုက္ၿပီျဖစ္ပါတယ္။ ဒ့ါအျပင္ ၿမိဳ႕နယ္တစ္ခုနဲ႔ တစ္ခု ကူးသန္းလို႔ မရေအာင္လည္း ေဒသခံေတြ ယခုလို ပိတ္ပင္ထားၾကပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဖိလစ္ပိုင္နိုင္ငံကလည္း တ႐ုတ္နိုင္ငံသားမ်ားကို နိုင္ငံဝင္ခြင့္ပိတ္ပင္လိုက္ၿပီလို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၈ အဂၤါေန႔မွ စတင္ၿပီး ဖိလစ္ပိုင္နိုင္ငံက တ႐ုတ္နိုင္ငံသား ျဖစ္တဲ့ ခရီးသည္မ်ားကို ဗီဇာထုတ္ေပးမႈ ရပ္ဆိုင္းလိုက္ၿပီျဖစ္တယ္လို႔ ေၾကာ္ျငာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဖိလစ္ပိုင္နိုင္ငံမွာ ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သတ္ၿပီး သံသယရွိသူ တစ္ေယာက္မၽွ မေတြ႕ရေသးေပမယ့္လည္း ကာကြယ္ဖို႔ အတြက္ ဦးစားေပးအျဖစ္ ပိတ္ပင္တာလို႔ ဗ်ဴရိုေကာ္မရွင္နာJaime Morente က ေၾကညာခ်က္မွာ ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။

ယင္းကဲ့သို႔ ဗီဇာပိတ္ေၾကာင္းကို ထုတ္ျပန္ေၾကာ္ျငာေပမယ့္လည္း ျပန္လည္ ဖြင့္ေပးရက္ကို ေတာ့ ေျပာၾကားထားျခင္း မရွိပါဘူး။ ယင္းအေျခအေနအရ အကန႔္သတ္မဲ့ ပိတ္ပင္ထားတယ္လို႔ ဆိုနိုင္ပါတယ္။ တ႐ုတ္နိုင္ငံသားမ်ားကိုလည္း ဖီလစ္ပိုင္သံ႐ုံးမ်ားမွာ ဗီဇာေလၽွာက္ထားမႈကိုေတာ့ လက္ခံထားစဲျဖစ္တယ္လို႔ သိရပါတယ္။

Writer- ME(Shwe Yaung Lan)

Unicode

တ ရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ ဗိုင်းရပ်စ်တစ်မျိုးဖြစ်ပွားနေပါတယ်တာဝန်ရှိသူတွေကလည်း အဆိုပါ ဗိုင်းရပ်စ်အကြောင်း သုတေသနပြုလုပ်မှုတွေ အပြင်းအထန်ပြုလုပ်ချက်ရှိပါတယ်။

သုတေသနပြု စုံစမ်းစစ်ဆေးနေတဲ့ တရုတ်တာဝန်ရှိသူတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ပိုးဆန်းတစ်မျိုးကနေ ဖြစ်ပွားတဲ့ အဆိုပါ နမိုးနီးယားရောဂါသစ်တစ်မျိုးဟာ လူ လူခြင်း ကူးစက်နိုင်တာကြောင့် တရုတ်နိုင်ငံအစိုးရဟာ အဆိုပါ ဝူဟန်မြို့ကို ပိတ်ပင်ထားလိုက်ပြီဖြစ်ပါတယ်။ ဒ့ါအပြင် မြို့နယ်တစ်ခုနဲ့ တစ်ခု ကူးသန်းလို့ မရအောင်လည်း ဒေသခံတွေ ယခုလို ပိတ်ပင်ထားကြပါတယ်။

လက်ရှိအချိန်မှာတော့ ဖိလစ်ပိုင်နိုင်ငံကလည်း တရုတ်နိုင်ငံသားများကို နိုင်ငံဝင်ခွင့်ပိတ်ပင်လိုက်ပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ အင်္ဂါနေ့မှ စတင်ပြီး ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံသား ဖြစ်တဲ့ ခရီးသည်များကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်လို့ ကြော်ငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သတ်ပြီး သံသယရှိသူ တစ်ယောက်မျှ မတွေ့ရသေးပေမယ့်လည်း ကာကွယ်ဖို့ အတွက် ဦးစားပေးအဖြစ် ပိတ်ပင်တာလို့ ဗျူရိုကော်မရှင်နာJaime Morente က ကြေညာချက်မှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ယင်းကဲ့သို့ ဗီဇာပိတ်ကြောင်းကို ထုတ်ပြန်ကြော်ငြာပေမယ့်လည်း ပြန်လည် ဖွင့်ပေးရက်ကို တော့ ပြောကြားထားခြင်း မရှိပါဘူး။ ယင်းအခြေအနေအရ အကန့်သတ်မဲ့ ပိတ်ပင်ထားတယ်လို့ ဆိုနိုင်ပါတယ်။ တရုတ်နိုင်ငံသားများကိုလည်း ဖီလစ်ပိုင်သံရုံးများမှာ ဗီဇာလျှောက်ထားမှုကိုတော့ လက်ခံထားစဲဖြစ်တယ်လို့ သိရပါတယ်။

Writer- ME(Shwe Yaung Lan)