လား ရွိုး – မုံရြာ ကားေပၚတြင္ လိုက္ပါလာေသာ ခရီးသည္တစ္ဦး ေသဆုံး

မုံ ရြာၿမိဳ႕ ကားေလးကြင္းတြင္ ယေန႔နံက္ ၄ နာရီခန႔္က လားရွိုမွ ဝင္ေရာက္လာသည့္ ခရီးသည္တင္ကားတစ္စီးေပၚတြင္ အမ်ိဳးသားတစ္ဦး ေသဆုံးလ်က္ ပါရွိလာေၾကာင္း ကားေလးကြင္းထံက စုံစမ္းသိရသည္။

မုံရြာ လားရွိုး ေျပးဆြဲေနေသာ စံရတီ ယာဥ္လိုင္းသို႔ ဝင္လာေသာ ကားေပၚတြင္ အသက္ ၃၁ ႏွစ္အရြယ္ ေဝလင္းေမာင္ဆိုသူ အမ်ိဳးသားတစ္ဦး ကားစီးရင္း ေသဆုံးသြားေၾကာင္း ကားဂိတ္တာဝန္ခံက ေျပာသည္။

“လာရွိုးက လိုက္ပါလာသူ ခရီးသည္ပါ၊ မႏၲေလးေရာက္တဲ့အထိ စကားေျပာနိုင္ေသးတယ္၊ မုံရြာေရာက္ေတာ့ အသက္မပါေတာ့ဘူး။ က်ေတာ္တို႔ ရဲစခန္းအေၾကာင္းၾကား ေဆး႐ုံပို႔တာ ကားသမားေတြ လုပ္ေပးၾကတယ္၊ အေလာင္းကို ေဆး႐ုံရင္ခြဲ႐ုံပိုၿပီး စစ္ၿပီးတဲ့ေနာက္ ခ်က္ခ်င္း မီးသၿဂႋဳဟ္ခိုင္းတယ္” ဟု ဂိတ္တာဝန္ခံက ေျပာၾကားသည္။

ကားေပၚတြင္ ေသဆုံးသူကို ေဆး႐ုံတြင္ ရင္ခြဲစစ္ေဆးရာ အဆုပ္ပြျခင္း၊ အသည္းေရာင္လဏၡာမ်ားေတြ႕ရသည္ဟု ရဲတပ္ဖြဲ႕ဝင္မ်ားထံမွ သိရသျဖင့္ ေရာဂါကူးစက္ခံရမည္စိုးရိမ္မိေၾကာင္း ဂိတ္တာဝန္ခံက ေျပာၾကားသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ တိုင္းေဒသႀကီး က်န္းမာေရးဦးစီးဌာနထံ ဆက္သြယ္ခဲ့ရာ အဝင္ေခၚဆိုမႈရရွိေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိေပ။

Credit to ခင္ေမစန္း-The voice

Unicode

လား ရှိုး – မုံရွာ ကားပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦး သေဆုံး

မုံ ရွာမြို့ ကားလေးကွင်းတွင် ယနေ့နံက် ၄ နာရီခန့်က လားရှိုမှ ဝင်ရောက်လာသည့် ခရီးသည်တင်ကားတစ်စီးပေါ်တွင် အမျိုးသားတစ်ဦး သေဆုံးလျက် ပါရှိလာကြောင်း ကားလေးကွင်းထံက စုံစမ်းသိရသည်။

မုံရွာ လားရှိုး ပြေးဆွဲနေသော စံရတီ ယာဉ်လိုင်းသို့ ဝင်လာသော ကားပေါ်တွင် အသက် ၃၁ နှစ်အရွယ် ဝေလင်းမောင်ဆိုသူ အမျိုးသားတစ်ဦး ကားစီးရင်း သေဆုံးသွားကြောင်း ကားဂိတ်တာဝန်ခံက ပြောသည်။

“လာရှိုးက လိုက်ပါလာသူ ခရီးသည်ပါ၊ မန္တလေးရောက်တဲ့အထိ စကားပြောနိုင်သေးတယ်၊ မုံရွာရောက်တော့ အသက်မပါတော့ဘူး။ ကျတော်တို့ ရဲစခန်းအကြောင်းကြား ဆေးရုံပို့တာ ကားသမားတွေ လုပ်ပေးကြတယ်၊ အလောင်းကို ဆေးရုံရင်ခွဲရုံပိုပြီး စစ်ပြီးတဲ့နောက် ချက်ချင်း မီးသင်္ဂြိုဟ်ခိုင်းတယ်” ဟု ဂိတ်တာဝန်ခံက ပြောကြားသည်။

ကားပေါ်တွင် သေဆုံးသူကို ဆေးရုံတွင် ရင်ခွဲစစ်ဆေးရာ အဆုပ်ပွခြင်း၊ အသည်းရောင်လဏ္ခာများတွေ့ရသည်ဟု ရဲတပ်ဖွဲ့ဝင်များထံမှ သိရသဖြင့် ရောဂါကူးစက်ခံရမည်စိုးရိမ်မိကြောင်း ဂိတ်တာဝန်ခံက ပြောကြားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံ ဆက်သွယ်ခဲ့ရာ အဝင်ခေါ်ဆိုမှုရရှိသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

Credit to ခင်မေစန်း-The voice