Unicode
Myanmar Idol Season 4 ရဲ့ Top (3) ပြိုင် ပွဲဝင်တစ်ယောက်ဖြစ်တဲ့ အေးမြဖြူက Winner ဆုကြီးနဲ့ လွဲချော်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ အချစ်တွေများစွာကို ရရှိပိုင်ဆိုင်ခဲ့သူလေးတစ်ယောက် ဖြစ်ပါတယ်။ အေးမြဖြူက ပြိုင်ပွဲကြီးပြီးသွားပေမယ့် မြန်မာနိုင်ငံ အနှံ့အပြားမှာ စတိတ်ရှိုးတွေ လက်မလည်အောင် ဖျော်ဖြေပေးနေရတာ ဖြစ်ပါတယ်။
ပ ရိသတ်တွေကလည်း အေးမြဖြူရဲ့ အနုပညာလှုပ်ရှားမှုတိုင်းကို အားပေးကြပါတယ်။အေးမြဖြူက လက်ရှိမှာတော့ ရွှေစက်တော်ဖွင့်ပွဲကို ဖျော်ဖြေဖို့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ အေးမြဖြူနဲ့အတူတူ အက်စတာဒေါ့ချင်းဆုန်ကလည်း ဖျော်ဖြေပေးတာ ဖြစ်ပါတယ်။
ေ အးမြဖြူကတော့ ချစ်စရာကောင်းပြီး သီချင်းဆိုလည်း ကောင်းမွန်တာကြောင့် နယ်ပရိသတ်တွေရဲ့ အသည်းစွဲဖြစ်ပြီး ဖျော်ဖြေပွဲတွေ ဆက်တိုက်သွားနေရတာ ဖြစ်ပါတယ်။
အေးမြဖြူက မကြာခင်မှာလည်း ဒါရိုက်တာဏကြီး ရိုက်ကူးပုံဖော်တဲ့ “ချစ်ခင်စမှော်ရုံမှာလေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဒေါင်း၊ ပိုင်ဖြိုးသု၊ မိုးဟေကိုတို့နဲ့အတူတူ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။Source-aye Mya phyu