တ ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕ကေန ဂ်ပန္နိုင္ငံကို ျပန္လည္ေခၚေဆာင္လာတဲ့ ဂ်ပန္နိုင္ငံသားေတြထဲက သုံးဦးမွာ ကိုရိုနာဗိုင္းရပ္စ္ပိုးေတြ႕ရွိေၾကာင္း ဂ်ပန္အစိုးရက ဒီေန႔မွာ ေၾကညာပါတယ္။

ဝူ ဟန္ၿမိဳ႕ကေန ျပန္လည္ေခၚလာတဲ့ ဒုတိယေလယာဥ္ဟာ တိုက်ိဳၿမိဳ႕ကို ယေန႔ ဇန္နဝါရီလ ၃၀ ရက္ အေစာပိုင္းက ဆိုက္ေရာက္လာစဥ္ အဲဒီေလယာဥ္အတြင္းမွာ လိုက္ပါလာသူေတြထဲက တစ္ဦးမွာ ေရာဂါလကၡဏာကို ေတြ႕ရွိရၿပီး ႏွစ္ဦးမွာေတာ့ ကူးစက္ေရာဂါပိုးေတြ႕ရၿပီး ေရာဂါလကၡဏာ မေတြ႕ရွိရေသးေၾကာင္း က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

က်န္း မာေရးဝန္ထမ္းေတြပါရွိတဲ့ သီးသန႔္ေလယာဥ္ေပၚမွာ ပထမအႀကိမ္ေခၚယူစဥ္က လိုက္ပါခဲ့သူမ်ားထဲမွ ၁၅ ဦးဟာ သံသယရွိတဲ့အတြက္ ေဆးကုသခံယူေနပါတယ္။ ပထမေလယာဥ္ေပၚမွာ လိုက္ပါလာသူေတြထဲက ႏွစ္ဦးဟာ ေရာဂါပိုးစမ္းသပ္ရန္ ျငင္းဆန္တယ္လို႔ သိရပါတယ္။ ဒုတိယ ေလယာဥ္ေပၚတြင္လည္း ၁၃ ဦးဟာ ေနမေကာင္းျဖစ္ေနေၾကာင္း သတင္းရရွိထားပါတယ္။

ဝူဟန္ၿမိဳ႕ကေန ဂ်ပန္နိုင္ငံသား အေယာက္ ၄၀၀ ေက်ာ္ ကို ျပန္ေခၚၿပီး ျဖစ္ပါတယ္။ တတိယအႀကိမ္ သြားေရာက္ေခၚယူဖို႔ ျပင္ဆင္ေနၿပီျဖစ္ပါတယ္။ဂ်ပန္နိုင္ငံမွာ လူအခ်င္းခ်င္းကေန ကိုရိုနာဗိုင္းစ္ပိုးကူးခံရသူ ဒုတိယတစ္ဦး ရွိလာၿပီလို႔လည္း သိရပါတယ္။ တ႐ုတ္ခရီးသြားေတြကို ကားေမာင္းေပးတဲ့ ဂ်ပန္ကားဆရာနဲ႔အတူ အလုပ္လုပ္တဲ့ ခရီးသြားလမ္းညႊန္ အမ်ိဳးသမီးမွာလည္း ဗိုင္းရပ္စ္ပိုးကူးစက္ခံရေၾကာင္း က်န္းမာေရးတာဝန္ရွိသူေတြက အတည္ျပဳေျပာ ဆိုပါတယ္။ဂ်ပန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ေရာဂါပိုးကူးစက္ခံထားရသူ ၁၁ ဦးရွိၿပီလို႔ သိရပါတယ္။AFP

Unicode

တ ရုတ်နိုင်ငံ ဝူဟန်မြို့ကနေ ဂျပန်နိုင်ငံကို ပြန်လည်ခေါ်ဆောင်လာတဲ့ ဂျပန်နိုင်ငံသားတွေထဲက သုံးဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဂျပန်အစိုးရက ဒီနေ့မှာ ကြေညာပါတယ်။

ဝူ ဟန်မြို့ကနေ ပြန်လည်ခေါ်လာတဲ့ ဒုတိယလေယာဉ်ဟာ တိုကျိုမြို့ကို ယနေ့ ဇန်နဝါရီလ ၃၀ ရက် အစောပိုင်းက ဆိုက်ရောက်လာစဉ် အဲဒီလေယာဉ်အတွင်းမှာ လိုက်ပါလာသူတွေထဲက တစ်ဦးမှာ ရောဂါလက္ခဏာကို တွေ့ရှိရပြီး နှစ်ဦးမှာတော့ ကူးစက်ရောဂါပိုးတွေ့ရပြီး ရောဂါလက္ခဏာ မတွေ့ရှိရသေးကြောင်း ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ကျန်း မာရေးဝန်ထမ်းတွေပါရှိတဲ့ သီးသန့်လေယာဉ်ပေါ်မှာ ပထမအကြိမ်ခေါ်ယူစဉ်က လိုက်ပါခဲ့သူများထဲမှ ၁၅ ဦးဟာ သံသယရှိတဲ့အတွက် ဆေးကုသခံယူနေပါတယ်။ ပထမလေယာဉ်ပေါ်မှာ လိုက်ပါလာသူတွေထဲက နှစ်ဦးဟာ ရောဂါပိုးစမ်းသပ်ရန် ငြင်းဆန်တယ်လို့ သိရပါတယ်။ ဒုတိယ လေယာဉ်ပေါ်တွင်လည်း ၁၃ ဦးဟာ နေမကောင်းဖြစ်နေကြောင်း သတင်းရရှိထားပါတယ်။

ဝူဟန်မြို့ကနေ ဂျပန်နိုင်ငံသား အယောက် ၄၀၀ ကျော် ကို ပြန်ခေါ်ပြီး ဖြစ်ပါတယ်။ တတိယအကြိမ် သွားရောက်ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ လူအချင်းချင်းကနေ ကိုရိုနာဗိုင်းစ်ပိုးကူးခံရသူ ဒုတိယတစ်ဦး ရှိလာပြီလို့လည်း သိရပါတယ်။ တရုတ်ခရီးသွားတွေကို ကားမောင်းပေးတဲ့ ဂျပန်ကားဆရာနဲ့အတူ အလုပ်လုပ်တဲ့ ခရီးသွားလမ်းညွှန် အမျိုးသမီးမှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြုပြော ဆိုပါတယ်။ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကူးစက်ခံထားရသူ ၁၁ ဦးရှိပြီလို့ သိရပါတယ်။AFP