ကမၻာ ကေန ေၾကာက္လန႔္ေနရတဲ့ တ႐ုတ္နိုင္ငံ ဝူဟန္ၿမိဳ႕က စတင္ျဖစ္ပြားခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ဟာ လက္ရွိအခ်ိန္ထိ တိက်ေသခ်ာတဲ့ ကုသေဆးရွာမေတြ႕ေသးပါဘူး…ဒါ့အျပင္ ကူးစက္ႏႈန္းကလည္း လ်င္ျမန္တာေၾကာင့္ ၿမိဳ႕ေတြကိုပိတ္ ေလဆိပ္ ေတြ ၿမိဳ႕အဝင္အထြက္ေတြမွာပါ တင္းၾကပ္တဲ့ က်န္းမာေရးစစ္ေဆးမႈေတြ ျပဳလုပ္ေနရပါတယ္….

ဒီလိုေတြ ျပဳလုပ္ထားေပမယ့္ ကူးစက္ ခံထားရတဲ့ လူနာေတြနဲ႕ ထိေတြ႕ဆက္ဆံမိသူေတြဆီမွာလည္း အဆိုပါဗိုင္းရပ္စ္က ကူးစက္ျပန႔္ႏွံ႕ေနတာပါ…

အခုလည္းပဲ အၿငိမ္းစားဆရာဝန္ႀကီး တစ္ဦးျဖစ္သူ ေဒါက္တာ Liang Wudong ဟာလည္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျခင္းကို ခံခဲ့ရၿပီး ေသဆုံးခဲ့ရရွာပါတယ္….ေဒါက္တာ Liang Wudong ဟာ ေနထိုင္မေကာင္းျဖစ္လာတာေၾကာင့္ ေဒသတြင္းေဆး႐ုံကို သြားေရာက္ျပ သရာမွ ေဆးစစ္လိုက္တဲ့အခါ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း သိရွိရတာပါ…

ေဒါက္တာ Liang ဟာ အသက္(၆၂)အ႐ြယ္ရွိၿပီျဖစ္ၿပီး Xinhua Hospital’s Department of Otolaryngology ေဆး႐ုံမွာ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူျဖစ္ပါတယ္…..ေရာဂါကူးစက္ခံရၿပီးေနာက္ အဆိုပါဆရာဝန္ႀကီးဟာ ေဆးကုသမႈေတြခံယူခဲ့ေပမယ့္လည္း ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္…..

ဒီလိုကူးစက္ခံခဲ့ရတာဟာ ကိုရိုနာဗိုင္းရပ္စ္တိုက္ဖ်က္ေရးမွာ ျပန္လည္ တာဝန္ထမ္းေဆာင္ရင္း ကူးစက္ခံခဲ့ရတာလို႔ Hubei Xinhua Hospital ရဲ႕ ေၾကညာခ်က္တစ္ခုအရသိရပါတယ္….အၿငိမ္းစားယူၿပီး ေအးေဆးေနလို႔ရေပမယ့္ မိမိအသက္ကို မငဲ့ဘဲ တာဝန္ျပန္လည္ထမ္းေဆာင္ရင္း ေသဆုံးခဲ့ရတဲ့ အၿငိမ္းစားဆရာဝန္ႀကီးရဲ႕ စိတ္ဓာတ္ဟာ တကယ့္ကို ေလးစားစရာေကာင္းလွပါတယ္…..

Writer – HW (Shwe Yaung Lan)

Source : People’s Daily, China

Unicode

ကမ္ဘာ ကနေ ကြောက်လန့်နေရတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လက်ရှိအချိန်ထိ တိကျသေချာတဲ့ ကုသဆေးရှာမတွေ့သေးပါဘူး…ဒါ့အပြင် ကူးစက်နှုန်းကလည်း လျင်မြန်တာကြောင့် မြို့တွေကိုပိတ် လေဆိပ် တွေ မြို့အဝင်အထွက်တွေမှာပါ တင်းကြပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေရပါတယ်….

ဒီလိုတွေ ပြုလုပ်ထားပေမယ့် ကူးစက် ခံထားရတဲ့ လူနာတွေနဲ့ ထိတွေ့ဆက်ဆံမိသူတွေဆီမှာလည်း အဆိုပါဗိုင်းရပ်စ်က ကူးစက်ပြန့်နှံ့နေတာပါ…

အခုလည်းပဲ အငြိမ်းစားဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက်တာ Liang Wudong ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံခဲ့ရပြီး သေဆုံးခဲ့ရရှာပါတယ်….ဒေါက်တာ Liang Wudong ဟာ နေထိုင်မကောင်းဖြစ်လာတာကြောင့် ဒေသတွင်းဆေးရုံကို သွားရောက်ပြ သရာမှ ဆေးစစ်လိုက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း သိရှိရတာပါ…

ဒေါက်တာ Liang ဟာ အသက်(၆၂)အရွယ်ရှိပြီဖြစ်ပြီး Xinhua Hospital’s Department of Otolaryngology ဆေးရုံမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်…..ရောဂါကူးစက်ခံရပြီးနောက် အဆိုပါဆရာဝန်ကြီးဟာ ဆေးကုသမှုတွေခံယူခဲ့ပေမယ့်လည်း သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်…..

ဒီလိုကူးစက်ခံခဲ့ရတာဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးမှာ ပြန်လည် တာဝန်ထမ်းဆောင်ရင်း ကူးစက်ခံခဲ့ရတာလို့ Hubei Xinhua Hospital ရဲ့ ကြေညာချက်တစ်ခုအရသိရပါတယ်….အငြိမ်းစားယူပြီး အေးဆေးနေလို့ရပေမယ့် မိမိအသက်ကို မငဲ့ဘဲ တာဝန်ပြန်လည်ထမ်းဆောင်ရင်း သေဆုံးခဲ့ရတဲ့ အငြိမ်းစားဆရာဝန်ကြီးရဲ့ စိတ်ဓာတ်ဟာ တကယ့်ကို လေးစားစရာကောင်းလှပါတယ်…..

Writer – HW (Shwe Yaung Lan)

Source : People’s Daily, China