ဗေဒင်လက္ခဏာပညာတွေဆိုတာက ဘုရားရှင််လက်ထက်ကတည်းက ရှိခဲ့တဲ့အရာတွေဖြစ်ပြီးလူတွေရဲ့ ကြိုတင်မမြင်နိုင်တဲ့ကံတရားကိုတွက်ချက်ခန့်မှန်းပုံဖော်ပြီး မလုပ်သင့်တာမလုပ်ရအောင်၊အညံ့တွေပပျောက်အောင်၊ကြံတိုင်းအောင််ဆောင်တိုင်းမြောက်အောင် တစ်ဖက်တစ်လမ်းက ကူညီပေးနေတဲ့ပညာရပ်တစ်ပါးဖြစ်ပါတယ်။ ဗေဒင်ကြိုက်တဲ့ပရိသတ်ကြီးအတွက်ရော ဗေဒင်တွေကို ဆောင်ရန်ရှောင်ရန်လောက်သာဖတ်ပါတယ်ဆိုတဲ့သူတွေအတွက်ရောပြောချင်လွန်းလို့ရဲ့ တစ်ပတ်စာဗေဒင်ဟောစာတမ်းကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။

zodic 9

Aries (March 21- April 19)
March လ 21 ကနေ April 19 ရက်အတွင်းမွေးဖွားတဲ့ Aries ရာသီဖွားတွေအတွက်တော့ ဒီရက်ပိုင်းမှာ သင့်ကိုအကျိုးယုတ်စေမယ့် လူတွေနဲ့ဆုံတွေ့ဖို့ရှိတယ်။ တစ်ဖက်မှာလည်းသင်လိုချင်တဲ့အောင်မြင်မှုနဲ့ထင်တာထက်ပိုပြီးနီးကပ်နေတဲ့အချိန်ကာလဖြစ်လို့ လက်ရှိလုပ်နေတဲ့အလုပ်အပေါ်မှာပိုပြီးအာရုံစိုက်ဖို့လိုအပ်တယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကတော့ ငွေရေးကြေးရေးအသုံးပြုမှုတွေမှာအရင်ကထက်ပိုပြီးသတိထားသင့်တယ်။ အချစ်ရေးမှာခံစားချက်တွေပြင်းထန်နေမယ့်ကာလဖြစ်ပြီး အချစ်ကြောင့်အမှန်တရားကိုမမြင်နိုင်ပဲဖြစ်နေနိုင်လို့သတိထားသင့်တယ်။ အပန်းဖြေခရီးသွားသင့်တဲ့အချိန်ကာလဖြစ်တယ်။

zodic 8

Taurus (April 20 -May 20)

Taurus ရာသီဖွားတွေဟာအခုအချိန်မှာ အလုပ်အသစ်တွေတာဝန်ယူရဖို့ရှိတယ်၊ အဲဒီအလုပ်တွေမှာ အမှားအယွွင််းတွေဖြစ်မှာကြောက်တဲ့စိတ်က နှောက်ယှက်နေမယ်၊ ရဲရဲဝံ့ဝံ့ကြိုးစားရင်တော့ သေချာပေါက်အောင်မြင်မယ်။ Computer တွေ Internet တွေပေါ်မှာမူတည်ပြီးလုပ်ငန်းလုပ်ကိုင်နေသူတွေအတွက် အပိုဝင်ငွေရလာနိုင်တဲ့ကာလဖြစ်တယ်။ အရင်ကတည်းက လုပ်ဖို့ကြံစည်ထားတဲ့အလုပ်တွေကို အကောင်အထည်ဖော််သင့်တဲ့အချိန်ကောင်းမှာကျရောက််နေတယ်။ အချစ်ရေးမှာတော့ ချစ်သူမရှိတဲ့သူတွေက ကိုယ်တကယ်ချစ်တဲ့အချစ်စစ်နဲ့တွေ့ဖို့ရှိပြီး ချစ်သူရှိတဲ့သူတွေကတော့ ချစ်သူအသစ်ရလာနိုင်လို့သတိထားရမယ်။ ဒီရက်ပိုင်းမှာခရီးသွားလာရင်းနဲ့မိတ်ဆွေကောင်းတွေရဖို့ရှိတယ်။ အပန်းဖြေခရီးတွေသွားသင့်တဲ့အချိန်ကောင်းပါ။

zodic 7

Gemini (May 21 – Jun 20)

အခုရက်ပိုင်းတွေမှာ Gemini ဖွားတွေအတွက် ကိုယ့်ရဲ့အောင်မြင်မှုအပေါ်မနာလိုသူတွေနဲ့တွေ့နိုင်တယ်။ အလုပ်မှာအခက်အခဲတွေရှိနိုင်ပေမယ့်စိတ်ချမ်းသာစရာလေးတွေလည်းကြုံရမယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချသင့်တဲ့အချိန်အခါမဟုတ်သေးဘူး။ အချစ်ရေးမှာတော့ ငြိိမ်းချမ်းသာယာနေမယ့်ကာလပါ။ ကြိုတင်စီစဉ်ထားတဲ့ခရီးတွေမှာအောင်မြင်မှုရမှာဖြစ်ပြီး ရုတ်တရက်ထသွားရမယ့်ခရီးတွေဆိုရင်တော့ မသွားသင့်သေးပါဘူး။ ငွေရေးကြေးရေးအနည်းငယ်ကြပ်တည်းနေမှာဖြစ်ပြီး စုထားတာလေးတွေကိုတောင်ထုတ်သုံးနေရနိုင်ပါတယ်။

zodic 6

Cancer (Jun 21- July 22)

Cancer ရာသီဖွားတွေကတော့ ဒီရက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်စိတ်လျော့နည်းနေမယ်။အလုပ်ကိုသေသေချာချာလုပ်တတ်တဲ့စွမ်းအင်တွေနည်းပါးလာမယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်နေသူတွေအတွက်တော့ မမျှော်လင့်ထားတဲ့အောင်မြင်မှုမျိုးရမှာဖြစ်ပြီး အရာရာမှာစိတ်ရှည်ဖို့နဲ့ အလောတကြီးတစ်ချိန်တည်းမှာအလုပ်အများကြီးမလုပ်မိဖို့သတိပြုပါ။ ရင်းနှီးမြှုုပ်နှံမှုတွေလုပ်သင့်တဲ့အချိန်ကာလဖြစ်တယ်။ အချစ်ရေးမှာတော့ အချစ်သစ်ရဖို့ရှိလို့ ရင်ထဲမှာခံစားနေရတာတွေကိုထုတ်ပြောဖို့အသင့်တော်ဆုံးအချိန်ဖြစ်တယ်။ အလုပ်တာဝန်နဲ့သွားရတဲ့ခရီးတွေအောင်မြင်မှာဖြစ်သလို ကိုယ်တိုင်လည်း အပန်းဖြေခရီးထွက်သင့််တဲ့ကာလဖြစ်တယ်။

zodic 5

Leo (Jul 23 – August 22)

Leo ရာသီဖွားတွေအနေနဲ့ အခုရက်ပိုင်းမှာကြုံတွေ့ရတဲဲ့ပြဿနာတွေကိုဖြေရှင််းဖို့ရာ လူတွေနဲ့လိုက်လျောညီထွေရှိဖို့လိုပြီး စိတ်ရှည််သည်းခံဖို့လိုတယ်။ အလုပ်မှာတော့ အလိုလိုနေရင်းကိုအောင်မြင်နေမယ်။ ငွေရေးကြေးရေးမှာလည်း ပုံမှန်အဆင်ပြေနေမှာဖြစ်ပြီး အရင်ကကြံစည်ထားတဲ့အကြံအစည်တွေကို အနည်းငယ်ပြင်ဆင်လိုက်တာနဲ့ အောင်မြင်မှုရနိုင်မှာဖြစ်တယ်။ အချစ်ရေးမှာတော့ ကိုယ့်ခံစားချက်တွေကိုအလေးထားသင့်တဲ့ကာလဖြစ်ပြီးကိုယ့်အမှားတွေအတွက် တစ်ဖက်သားကိုတောင်းပန်ရမယ့်ကာလဖြစ်တယ်။ ခရီးသွားလာဖို့သင့်တော်တဲ့အချိန်မဟုတ်သေးဘူး။

zodic 4

Virgo (Aug 23 – September 22)

Virgo ရာသီဖွားတွေအတွက် အခုလတ်တလောမှာ ပညာရေးလမ်းကြောင်းပွင့်နေမယ့်ကာလဖြစ်တယ်။ ကံကောင်းခြင်းတွေအောင်မြင်မှုတွေနဲ့ ဆက်တိုက်ကြုံလာရမယ်။ကိုယ်စေတနာနဲ့လုပ်လိုက်တဲ့အလုပ်တစ်ခုုကိုသူတစ်ပါးက အမြင်စောင်းတာမျိုးဖြစ်နိုင်လို့ လိုတာထက်ပိုမလုပ်မိစေဖို့သတိပြုသင့်တယ်။ ကိုယ်နဲ့ရင်းနှီးတဲ့သူငယ်ချင််းတစ်ယောက်ရဲ့ သတင်းဆိုးကြားရမယ်။ အချစ်ရေးမှာကိုယ့်ရဲ့စိုးရိမ်မှုတွေ စိတ်ပူပန်မှုတွေအားလုံးဝေးလွင့်သွားပြီး စိတ်ချမ်းသာရမယ့်ကာလမှာကျရောက်နေတယ်။ ခရီးသွားလာခြင်းတွေ အဆင်ပြေချောမွေ့နေမှာဖြစ်လင့်ကစား သင်က ကားမောင်းမယ့်သူဆိုရင်တော့ အထူးသတိထားရမယ်။

zodic 3

Libra (September 23 – October 22)

Libra တွေအတွက်ကတော့ ဒီရက်ပိုင်းမှာတော့ တစ်ယောက်တည်းပိုပြီးနေသင့်တဲ့ကာလပါ။ ကိုယ့်ကိုဂရုမစိုက်တဲ့သူတွေအတွက်ရှိနေပေးချင်တဲ့စိတ်ကိုပြင်ပြီး ကိုယ့်အတွက်ကိုယ်ဂရုစိုက်သင့်တဲ့အချိန်အခါဖြစ်ပါတယ်။ ဘဝမှာ သိသာထင်ရှားတဲ့အပြောင်းအလဲတစ်ခုခုနဲ့ကြုံရကိန်းရှိတယ်။ ငွေရေးကြေးရေး စာချုပ်စာတမ်းတွေချုပ်ဆိုသင့်တဲ့အချိန်ကာလမဟုတ်ဘူး။ အချစ်ရေးကတော့ ဒီကာလမှာကိုယ့်ကိုယ်ကိုယ်ပိုချစ်သင့်တဲ့အချိ်န်ကာလပါ။ ခရီးသွားလာမှုတွေက အောင်မြင်နိုင်လင့်ကစား အလုပ်တာဝန်နဲ့သွားရမယ့်ခရီးတွေဆိုရင်တော့ အထူးသတိထားသင့်တယ်။

zodic 1

Scorpio (October 23 – November 21)

Scorpio ရာသီဖွားတွေအနေနဲ့တော့ အခုက စိတ်ရှည်သည်းခံခြင်းကိုကျင့်သုံးသင့်တဲ့ကာလဖြစ်တယ်။ မိသားစုထဲမှာ ပဋိပက္ခတွေကြုံရနိုင်ပြီး အပြင်မှာလည်း ကိုုယ့်အကြံအစည်တွေကို ဖျက်ဆီးချင်တဲ့သူတွေနဲ့ကြုံရနိုင်လို့သတိထားရမယ့်ကာလဖြစ်တယ်။ ရင်းနှီးမြှုပ်နှံဖို့အခွင့်အလမ်းကောင်းတွေ့တဲ့အခါ စွန့်စားပြီးလုပ်သင့်တယ်။ မမျှော်လင့်ပဲတွေ့ဆုံရခြင်းတွေက သင့်ဘဝကိုအရေးကြီးတဲ့အပြောင်းအလဲတွေသယ်ဆောင်လာနိုင်တယ်။ အချိန်ကိုစနစ်တကျသုံးစွဲတတ်အောင်လေ့ကျင့်ပါ။ အပန်းဖြေခရီးတွေထွက်သင့်တဲ့အချိန်ကောင်းမှာကျရောက်နေတယ်။

zodic 14

Sagittarius (November 22 – December 2)

ဒီကာလမှာ ကိုယ်ရေးကိုယ်တာကိစ္စရပ်တွေမှာ ပဋိပက္ခတွေရှိလာနိုင်ပေမယ့် အောင်မြင်စွာကျော်လွှားနိုင်မယ်။ သင်လက်ရှိလုပ်နေတဲ့အလုပ်တွေမှာယုံကြည်ချက်ထားပြီး တစိုက်မတ်မတ်လုပ်ခြင်းနဲ့အောင်မြင်နိုင်မယ်။ အနုပညာနဲ့သက်ဆိုင်တဲ့အလုပ်တွေလုပ်နေသူတွေအနေနဲ့ ဝင်ငွေကြမ်းနေမယ့်ကာလဖြစ်တယ်။ အနာဂတ်မှာဘာလုပ်မယ်ဆိုတာကိုကြိုတင်စီမံကိန်းရေးဆွဲသင့်တဲ့ကာလလည်းဖြစ်တယ်။ အချစ်ရေးမှာတော့ ပဋိပက္ခတွေရှိနိုင်တယ်။ အလွန်သာယာလှပတဲ့နေရာတစ်ခုကို ပိုက်ဆံမကုန်ပဲစားရိတ်ငြိမ်းသွားရောက်လည်ပတ်နိုင််တဲ့အခွင့်အရေးမျိုးရလာနိုင်တဲ့ကာလဖြစ်တယ်။

zodic 13

Capricorn (December 22 – Jan 19)

ဒီရက်ပိုင််းမှာတော့ ကိုယ်စိတ်ဝင်စားတဲ့အလုပ်တွေကိုလုပ်ရာမှာ အခက်အခဲတွေနဲ့တွေ့နိုင်တယ်။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေမချသင့်သေးတဲ့ကာလဖြစ်လို့ ဆုံးဖြတ်ချက်ချဖို့တွေကို နောက်ကိုရွှေ့ဆိုင်းသင့်တယ်။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ကိစ္စတစ်ခုရင်ဆိုင်ရနိုင်ပြီး အဲဒီအရာက ကောင်းတာရောဆိုးတာရောနှစ်ခုလုံးဖြစ်နိုင်လို့ သတိထားသင့်တယ်။ အချစ်ရေးမှာ အရာအားလုံးအဆင်ပြေပျော်ရွှင်နေတဲ့ကာလကနေ ခံစားရမယ့််နာကျင်စရာနေ့ရက်တွေရောက်လာနိုင်တယ်။ ခရီးသွားလာခြင်းတွေက ဒီကာလမှာစွန့်စားရာကျလို့ မသွားသင့်ဘူးလို့ပဲအကြံပေးချင်တယ်။

zodic 11

Aquarius (January 20 – February 18)

Aquarius တွေကတော့ ဒီရက်ပိုင်းမှာ စိတ်ရှည်ခြင်းနဲဲ့အလုပ်ကိစ္စတော်တော်များများကိုအောင်မြင််နိုင်မယ်။ လက်ရှိမှာ အောင်မြင်မှုလမ်းကြောင်းပေါ်ကိုရောက်နေတာဖြစ်လို့ ဘာကြောင့်မှမနှောင့်နှေးပဲလုပ်စရာရှိတာကိုရဲရဲဝ့ံဝံ့လုပ်သင့်တယ်။ ငြင်းရခုန်ရမယ့်ကိစ္စတွေမှာ ကိုယ့်အမြင်ကိုသေချာကိုင်စွဲပြီး ချက်ကျလက်ကျပြောနိုင်အောင်ကြိုးစားပါ။ စီးပွားရေးဘက်မှာတော့အဆင်ပြေနေပြီး ဝင်ငွေအပိုရမယ့်လမ်းရှိနေတယ်။ အချစ်ရေးမှာကြီးမားတဲ့အပြောင်းအလဲနဲ့ကြုံရနိုင်တယ်။ စိတ်ပြေလက်ပျောက်ခရီးတွေထွက်သင့်တဲ့ကာလဖြစ်ပေမယ်လို့ ယာဉ်တွေကိုသင်က ဦးဆောင်မောင်းနှင်သူမဖြစ်အောင် ရှောင်ရှားပါ။

zodic 10

Pieces (February 19 – March 20)

ဒီရက်ပိုင်းမှာ ကိုယ်သွားနေတဲ့လမ်းကြောင်းပေါ်ကနေ မသွေဖည်သွားအောင်ဂရုစိုက်သင့်တဲ့ကာလဖြစ်တယ်။ လူအသစ်တွေ သူငယ်ချင်းအသစ်တွေဖန်တီးသင့််တဲ့ကာလဖြစ်လင့်ကစား သင့်ရဲ့အတွေ့အကြုံအရ စိတ်ခံစားချက်တွေအများကြီးမရင်းနှီးမိဖို့သတိပြုသင့်တယ်။ အရေးကြီးတဲ့ပွဲလမ်းသဘင်တွေတက်ရောက်ရဖို့ရှိပြီးမျှော်လင့်ချက်တွေအလုပ်အကိုင်အခွင့်အလမ်းအသစ်တွေနဲ့ ဘဝမှာပြည့်နှက််လာမယ်။ အချိန််နဲ့တပြေးညီဖြေရှင်းရမယ့်ပြဿနာတွေရှိလာနိုင်တယ်။ အချစ်ရေးမှာတော့ အရမ်းကိုချစ်ကြည်နူး တစ်တီတူးနေရမယ့်ကာလဖြစ်ပြီးအချစ်ခံနေရမယ့်ပျော်စရာကောင်းတဲ့အချိန်ကိုကျရောက်နေတယ်။အကြောင်းကိစ္စခိုင်ခိုင်မာမာရှိမှ ခရီးသွားလာတာမျိုးတွေကိုလုုပ်သင့်တယ်။

zodic 2

အခုဖော်ပြသွားတာတွေကတော့ တစ်ပတ်စာဗေဒင်ဟောစာတမ်းဖြစ်ပါတယ်။ဟောစာတမ်းရဲ့ဖော်ပြချက်တွေနဲ့ ကိုယ့်ရာသီခွင်နဲ့ကိုက်ရဲ့လားဆိုတာလည်း ဖတ်ရှုပြီးပြောခဲ့ကြပါဦး။ နောက်အပတ်တွေမှာလည်းတစ်ပတ်စာဗေဒင်ဟောစာတမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး