႐ုံး ခ်ဳပ္ေရာက္ ရင္ အေပါက္ဝမွာ အဝင္အထြက္စစ္ေဆးတဲ့ အန္တီ (သို႔) ဦးေလးကို ထီသြားထုတ္မလို႔ ေျပာၿပီး နာမည္ရယ္ မွတ္ပုံတင္ရယ္ေရး လက္မွတ္ထိုးရပါမယ္

ၿပီးရင္ ၃လႊာကို ဓါတ္ေလွကား (သို႔) ရိုးရိုးေလွကားက တတ္သြားပါ ဝင္ဝင္ခ်င္း ဓါတ္ေလွကားဘယ္ဘက္ျခမ္းမွာ ထီဆုေငြမ်ားထုတ္ယူရန္ဆိုၿပီး ေရးထားတယ္ အာ့မွာ ေပါက္တဲ့ ထီလက္မွတ္ေတြကို ထုတ္ေပးပါတယ္ အဲဒီ ထီလက္မွတ္ေနာက္ေက်ာ ဘယ္ဘက္ျခမ္းမွာ ဘက္လက္မနဲ႕ လက္ေဗြႏွိပ္ရပါတယ္ ၿပီးရင္ လက္ေဗြနားမွာ လက္မွတ္ထိုးေပးရမယ္

အိမ္ေထာင္စုစာရင္းမိတၱဴ မွတ္ပုံတင္ မိတၱဴေတြကို ေပးရပါမယ္ ၿပီးရင္ သူတို႔ေတြက ေဖာင္ျဖည့္ဖို႔အတြက္ ေဖာင္ ေပးလိမ့္မယ္ ဆုေသးေတြဆိုရင္ေတာ့ တရက္နဲ႕ ၿပီးပါတယ္ ဆုေငြႀကီးရင္ေတာ့ ရက္ခ်ိန္းတရက္ျပန္ခ်ိန္းပါတယ္ ခ်က္လက္မွတ္ ရဖို႔အတြက္ ေဖာင္ထဲက ေနရပ္လိပ္စာကို အိမ္ေထာင္စုစာရင္းထဲမွာ ပါတဲ့အတိုင္း ထည့္ေပးရမွာေနာ္ ေဖာင္ျဖည့္ၿပီးရင္ ခဏထိုင္ေစာင့္ရပါတယ္

နာမည္ေခၚတာနဲ႕ ေဖာင္ထဲမွာ လက္ေဗြထပ္ႏွိပ္ရပါတယ္ တံဆိပ္ေခါင္းဖိုး ၅၀၀ ေပးရပါတယ္ ၿပီးရင္ ေဘးနားက အခန္းကို ဝင္သြားပါ အဲဒီမွာ စာေရးမ အန္တီႀကီးေတြက သူတို႔ အဆင့္ဆင့္ လုပ္ေဆာင္ၿပီးေနာက္ လက္မွတ္ထိုးေပး ဆက္သြယ္ရန္ ph no. ေရးေပး ၿပီးရင္ ခ်က္လက္မွတ္ တစ္ခု ေပးလိုက္လိမ့္မယ္

အဲဒီ ခ်က္လက္မွတ္ကို လသာလမ္းနဲ႕ ကမ္းနားလမ္းက ျမန္မာ့စီးပြားေရးဘဏ္ ၅ မွာ သြားထုတ္ရပါမယ္။

(မွတ္ခ်က္)

ဆုေသးရင္ေတာ့ ကိုယ္ သြားထိုးခဲ့တဲ့ ထီဆိုင္မွာပဲ ထုတ္တာ ေကာင္းပါတယ္ ၊နို႔မို႔ဆို သြားရမယ့္ ကားခ တံဆိပ္ေခါင္းခ လူေစာင့္ရတာနဲ႕ အရမ္းအလုပ္ရႈပ္ပါတယ္ ခ်က္လက္မွတ္ရလို႔ လသာကို သြားထုတ္ေတာ့လည္း ကားခထပ္ကုန္ေသး ဗိုက္ဆာလို႔ မုန႔္ဝယ္စားရင္လည္း ပိုက္ဆံက ထပ္ကုန္ေသးေတာ္ေသးၿပီ ဒီေလာက္ပါပဲ။

Unicode

ရုံး ချုပ်ရောက် ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ (သို့) ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ်

ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ် အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးပါတယ် အဲဒီ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် ပြီးရင် လက်ဗွေနားမှာ လက်မှတ်ထိုးပေးရမယ်

အိမ်ထောင်စုစာရင်းမိတ္တူ မှတ်ပုံတင် မိတ္တူတွေကို ပေးရပါမယ် ပြီးရင် သူတို့တွေက ဖောင်ဖြည့်ဖို့အတွက် ဖောင် ပေးလိမ့်မယ် ဆုသေးတွေဆိုရင်တော့ တရက်နဲ့ ပြီးပါတယ် ဆုငွေကြီးရင်တော့ ရက်ချိန်းတရက်ပြန်ချိန်းပါတယ် ချက်လက်မှတ် ရဖို့အတွက် ဖောင်ထဲက နေရပ်လိပ်စာကို အိမ်ထောင်စုစာရင်းထဲမှာ ပါတဲ့အတိုင်း ထည့်ပေးရမှာနော် ဖောင်ဖြည့်ပြီးရင် ခဏထိုင်စောင့်ရပါတယ်

နာမည်ခေါ်တာနဲ့ ဖောင်ထဲမှာ လက်ဗွေထပ်နှိပ်ရပါတယ် တံဆိပ်ခေါင်းဖိုး ၅၀၀ ပေးရပါတယ် ပြီးရင် ဘေးနားက အခန်းကို ဝင်သွားပါ အဲဒီမှာ စာရေးမ အန်တီကြီးတွေက သူတို့ အဆင့်ဆင့် လုပ်ဆောင်ပြီးနောက် လက်မှတ်ထိုးပေး ဆက်သွယ်ရန် ph no. ရေးပေး ပြီးရင် ချက်လက်မှတ် တစ်ခု ပေးလိုက်လိမ့်မယ်

အဲဒီ ချက်လက်မှတ်ကို လသာလမ်းနဲ့ ကမ်းနားလမ်းက မြန်မာ့စီးပွားရေးဘဏ် ၅ မှာ သွားထုတ်ရပါမယ်။

(မှတ်ချက်)

ဆုသေးရင်တော့ ကိုယ် သွားထိုးခဲ့တဲ့ ထီဆိုင်မှာပဲ ထုတ်တာ ကောင်းပါတယ် ၊နို့မို့ဆို သွားရမယ့် ကားခ တံဆိပ်ခေါင်းခ လူစောင့်ရတာနဲ့ အရမ်းအလုပ်ရှုပ်ပါတယ် ချက်လက်မှတ်ရလို့ လသာကို သွားထုတ်တော့လည်း ကားခထပ်ကုန်သေး ဗိုက်ဆာလို့ မုန့်ဝယ်စားရင်လည်း ပိုက်ဆံက ထပ်ကုန်သေးတော်သေးပြီ ဒီလောက်ပါပဲ။