တ ႐ုတ္ႏိုင္ငံတြင္ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရေသာ လူနာ ေသဆုံးမႈသည္ ၁၇၀ ဦး အထိ ျမင့္တက္သြားၿပီး ကူးစက္ခံရသူ အေရအတြက္မွာလည္း ၇၇၇၉ ဦး ရွိလာၿပီျဖစ္ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားက ထုတ္ျပန္ေျပာဆိုသည္။

ဇန္နဝါရီလ ၂၉ ရက္ေန႔ တစ္ရက္တည္းတြင္ပင္ ဝူဟန္ဗိုင္းရပ္စ္လူနာ ၃၈ ဦး ေသဆုံးခဲ့ၿပီး ကူးစက္ခံရသူ ၁၇၀၀ ေက်ာ္ျမင့္တက္လာျခင္းျဖစ္ေၾကာင္း၊ Hubei ျပည္နယ္တြင္ ၃၇ ဦး ေသဆုံးခဲ့ၿပီး Sichuan ျပည္နယ္တြင္ တစ္ဦး ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

၀ူဟန္ဗိုင္းရပ္စ္ကူးစက္ခံရမႈေၾကာင့္ ေသဆုံးမႈႏွင့္ ကူးစက္ခံရသူ အေရအတြက္မွာ တရိပ္ရိပ္တက္လာေနေၾကာင္း၊ အထူးသျဖင့္ စတင္ျဖစ္ပြားရာ ဝူဟန္ၿမိဳ႕ တည္ရွိသည့္ Hubei ျပည္နယ္တြင္ ကူးစက္ခံရသူ အမ်ားအျပား ရွိေနျခင္း ျဖစ္ေၾကာင္း တ႐ုတ္အာဏာပိုင္မ်ားက ဆိုသည္။

တ႐ုတ္ႏိုင္ငံတြင္ လူေပါင္း ၉၀၀၀ ေက်ာ္မွာလည္း ဗိုင္းရပ္စ္ပိုးကူးစက္ခံရမႈ ရွိ၊ မရွိ သံသယလူနာအျဖစ္ ေစာင့္ၾကည့္စစ္ေဆးမႈ ခံယူေနေၾကာင္းလည္း သိရွိရသည္။

အျခားေသာ အသက္ရႈလမ္းေၾကာင္း ဆိုင္ရာကူးစက္မႈမ်ားကဲ့သို႔ ဝူဟန္ဗိုင္းရပ္စ္သည္ ေလထဲမွ ကူးစက္သည့္အျပင္ ကူးစက္ခံထားရသူ၏ ေခ်ာင္းဆိုးႏွာေခ်သည့္ အရည္မ်ားမွလည္း ကူးစက္ႏိုင္ေၾကာင္း၊

ေရာဂါပိုးသည္ ကူးစက္ခံရၿပီး ၁ ရက္မွ ၁၄ ရက္အတြင္း ေရာဂါအစပ်ိဳးၿပီး ကူးစက္ခံရသူသည္ ေနေကာင္းေနသည့္တိုင္ေအာင္ ပိုးကူးစက္ခံရၿပီးေနာက္ အျခားသူမ်ားကိုလည္း ကူးစက္ေစႏိုင္ေၾကာင္း သိရွိရသည္။

ယေန႔တြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က အေရးေပၚ ေကာ္မတီ အစည္းအေဝး ေခၚယူ၍ ဝူဟန္ဗိုင္းရပ္စ္ကူးစက္ခံရမႈ အေရး ေဆြးေႏြးမည္ျဖစ္ၿပီး ကမာၻလုံးဆိုင္ရာ က်န္းမာေရး အေရးေပၚ အေျခအေန ေၾကညာ၊ မေၾကညာ ဆုံးျဖတ္ရန္လည္းရွိေနသည္။

Photo Credit- The Central Hospital of Wuhan
khitthitnews

Unicode

တ ရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရသော လူနာ သေဆုံးမှုသည် ၁၇၀ ဦး အထိ မြင့်တက်သွားပြီး ကူးစက်ခံရသူ အရေအတွက်မှာလည်း ၇၇၇၉ ဦး ရှိလာပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ထုတ်ပြန်ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့ တစ်ရက်တည်းတွင်ပင် ဝူဟန်ဗိုင်းရပ်စ်လူနာ ၃၈ ဦး သေဆုံးခဲ့ပြီး ကူးစက်ခံရသူ ၁၇၀၀ ကျော်မြင့်တက်လာခြင်းဖြစ်ကြောင်း၊ Hubei ပြည်နယ်တွင် ၃၇ ဦး သေဆုံးခဲ့ပြီး Sichuan ပြည်နယ်တွင် တစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် သေဆုံးမှုနှင့် ကူးစက်ခံရသူ အရေအတွက်မှာ တရိပ်ရိပ်တက်လာနေကြောင်း၊ အထူးသဖြင့် စတင်ဖြစ်ပွားရာ ဝူဟန်မြို့ တည်ရှိသည့် Hubei ပြည်နယ်တွင် ကူးစက်ခံရသူ အများအပြား ရှိနေခြင်း ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ဆိုသည်။

တရုတ်နိုင်ငံတွင် လူပေါင်း ၉၀၀၀ ကျော်မှာလည်း ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှု ရှိ၊ မရှိ သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးမှု ခံယူနေကြောင်းလည်း သိရှိရသည်။

အခြားသော အသက်ရှုလမ်းကြောင်း ဆိုင်ရာကူးစက်မှုများကဲ့သို့ ဝူဟန်ဗိုင်းရပ်စ်သည် လေထဲမှ ကူးစက်သည့်အပြင် ကူးစက်ခံထားရသူ၏ ချောင်းဆိုးနှာချေသည့် အရည်များမှလည်း ကူးစက်နိုင်ကြောင်း၊

ရောဂါပိုးသည် ကူးစက်ခံရပြီး ၁ ရက်မှ ၁၄ ရက်အတွင်း ရောဂါအစပျိုးပြီး ကူးစက်ခံရသူသည် နေကောင်းနေသည့်တိုင်အောင် ပိုးကူးစက်ခံရပြီးနောက် အခြားသူများကိုလည်း ကူးစက်စေနိုင်ကြောင်း သိရှိရသည်။

ယနေ့တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အရေးပေါ် ကော်မတီ အစည်းအဝေး ခေါ်ယူ၍ ဝူဟန်ဗိုင်းရပ်စ်ကူးစက်ခံရမှု အရေး ဆွေးနွေးမည်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာ၊ မကြေညာ ဆုံးဖြတ်ရန်လည်းရှိနေသည်။

Photo Credit- The Central Hospital of Wuhan
khitthitnews