ေဟာ င္ေကာင္ေ မာ္ဒယ္မင္းသမီးေခ်ာတစ္ဦးျဖစ္တဲ့ Annabella Woo ကေတာ့လက္ရွိအခ်ိန္မွာ သူမဟာ Wuhan ဗိုင္းရပ္စ္ေၾကာင့္ Wuhan ၿမိဳ႕ျပင္ရွိ ရြာတစ္ရြာမွာ ပိတ္မိေနေၾကာင္း Asia One သတင္းဌာနရဲ့ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

Annabella Woo ဟာ Beautiful Cooking ဆိုတဲ့ ေဟာင္ေကာင္နိုင္ငံရွိ တိဗၺီအစီအစဥ္တစ္ခုမွာ ေတာ္ေတာ္ေခတ္စားတဲ့ သ႐ုပ္ေဆာင္မင္းသမီး ျဖစ္ပါတယ္။ အသက္၂၈ ႏွစ္သာရွိေသးတဲ့ သူမဟာ သူမသူငယ္ခ်င္းေတြနဲ႔ Wuhan ၿမိဳ႕ကို အပန္းေျဖခရီးထြက္လာတာျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ Annabella တို႔ဟာ ဟိုတယ္မွာပဲေနတာမ်ားၿပီး အစာစားခ်ိန္တစ္ခ်ိန္ပဲ အျပင္ကိုထြက္တာ ျဖစ္ေၾကာင္း သိရပါတယ္။ “ေရာက္တာခဏပဲရွိအုံးမယ္။ အေျခအေနေတာ္ေတာ္ဆိုးေနၿပီး ျပည္ပထြက္ခြာခြင့္ပါပိတ္လိုက္ၿပီဆိုတဲ့ သတင္းၾကားတာနဲ႔ အထုပ္အပိုးေတြ ျပင္ၿပီး ၿမိဳ႕ျပင္က ရြာတစ္ရြာမွာ သြားေနလိုက္တာပဲ။ ၿမိဳ႕လယ္ကေနေတာ့ နာရီေတာ္ေတာ္ၾကာေမာင္းရတယ္။ ဘာလို႔လဲဆိုေတာ့ ရြာဘက္ျဖစ္တာေၾကာင့္ လူဦးေရ သိပ္မထူထပ္ဘူးေလ။ ေရာဂါျဖစ္နိုင္ေျခလည္းပိုနည္းတာေပါ့” လို႔ Annabella ကေျပာၾကားခဲ့ပါတယ္။

Annabella တို႔ရြာေရာက္ၿပီး ေနာက္တစ္ရက္မွာပ ဲWuhan ၿမိဳ႕ကို အစိုးရက ပိတ္ခ်လိုက္ပါတယ္။ “ စတိုးဆိုင္မွာ ပစၥည္းေတြသြားဝယ္တုန္းက လမ္းေတာက္ေလၽွာက္ လူတိုင္း mask ေတြတပ္ထားတာေတြ႕ခဲ့ရပါတယ္” လို႔ Annabella က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ တ႐ုတ္ႏွစ္သစ္ကူးမို႔လို႔ Annabella တို႔လက္ရွိေနထိုင္တဲ့ရြာမွာ မီးပုံးေတြထြန္းၿပီး မီးရႈးမီးပန္းေတြ ေဖာက္ကာ ေပ်ာ္ပြဲရႊင္ပြဲက်င္းပခဲ့ၾကပါတယ္။ ဒါကို ရြာမွာေရာက္ရွိေနတဲ့ Annabella တို႔ဟာလည္း ေပ်ာ္ပြဲရႊင္ပြဲကို ဆင္ႏႊဲခဲ့ၿပီး ဓာတ္ပုံတစ္ခ်ိဳ႕ကို ဆိုရွယ္မီဒီယာေပၚတင္ခဲ့ၾကပါတယ္။လူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒီလို ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္မွာ ဒီေလာက္ေတာင္ ေပ်ာ္ရႊင္ေနေသးလားဆိုၿပီး ျပစ္တင္ရႈံ႔ခ်မႈေတြရွိတဲ့အျပင္ လူတခ်ိဳ႕ကလဲ ေဟာင္ေကာင္ကို ျပန္လာၿပီး ေရာဂါမျဖန႔္ဖို႔နဲ႔ အဲဒီမွာပဲ ေနေတာ့ ဆိုၿပီး မွတ္ခ်က္ေပးမႈေတြရွိခဲ့ၾကပါတယ္။ Annabella ကေတာ့ ဒီလိုမီးရႈးမီးပန္းေတြနဲ႔ ေဆာ့တယ္ဆိုတာကလဲ ဒီရြာရဲ့ ဓေလ့ပဲျဖစ္ၿပီး အခုအခ်ိန္ကလည္း တ႐ုတ္ႏွစ္ကူးျဖစ္ေၾကာင္း အက်ိဳးသင့္ အေၾကာင္းသင့္ ရွင္းျပခဲ့ပါတယ္။ “ ဒီလို ေရာဂါပြားေနတဲ့အခ်ိန္ေရာက္မွပဲ လူ႔သဘဝအတြင္းစိတ္ပုပ္တာေတြ ေပၚလာၿပီး ဘယ္သူက ကိုယ့္ရဲ့ သူငယ္ခ်င္း အစစ္အမွန္လဲဆိုတာ သိနိုင္ေတာ့တယ္” လို႔ Annabella က ေျပာၾကားခဲ့ပါတယ္။

Unicode

ဟော င်ကောင်ေ မာ်ဒယ်မင်းသမီးချောတစ်ဦးဖြစ်တဲ့ Annabella Woo ကတော့လက်ရှိအချိန်မှာ သူမဟာ Wuhan ဗိုင်းရပ်စ်ကြောင့် Wuhan မြို့ပြင်ရှိ ရွာတစ်ရွာမှာ ပိတ်မိနေကြောင်း Asia One သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Annabella Woo ဟာ Beautiful Cooking ဆိုတဲ့ ဟောင်ကောင်နိုင်ငံရှိ တိဗ္ဗီအစီအစဉ်တစ်ခုမှာ တော်တော်ခေတ်စားတဲ့ သရုပ်ဆောင်မင်းသမီး ဖြစ်ပါတယ်။ အသက်၂၈ နှစ်သာရှိသေးတဲ့ သူမဟာ သူမသူငယ်ချင်းတွေနဲ့ Wuhan မြို့ကို အပန်းဖြေခရီးထွက်လာတာဖြစ်ပါတယ်။ များသောအားဖြင့် Annabella တို့ဟာ ဟိုတယ်မှာပဲနေတာများပြီး အစာစားချိန်တစ်ချိန်ပဲ အပြင်ကိုထွက်တာ ဖြစ်ကြောင်း သိရပါတယ်။ “ရောက်တာခဏပဲရှိအုံးမယ်။ အခြေအနေတော်တော်ဆိုးနေပြီး ပြည်ပထွက်ခွာခွင့်ပါပိတ်လိုက်ပြီဆိုတဲ့ သတင်းကြားတာနဲ့ အထုပ်အပိုးတွေ ပြင်ပြီး မြို့ပြင်က ရွာတစ်ရွာမှာ သွားနေလိုက်တာပဲ။ မြို့လယ်ကနေတော့ နာရီတော်တော်ကြာမောင်းရတယ်။ ဘာလို့လဲဆိုတော့ ရွာဘက်ဖြစ်တာကြောင့် လူဦးရေ သိပ်မထူထပ်ဘူးလေ။ ရောဂါဖြစ်နိုင်ခြေလည်းပိုနည်းတာပေါ့” လို့ Annabella ကပြောကြားခဲ့ပါတယ်။

Annabella တို့ရွာရောက်ပြီး နောက်တစ်ရက်မှာပ ဲWuhan မြို့ကို အစိုးရက ပိတ်ချလိုက်ပါတယ်။ “ စတိုးဆိုင်မှာ ပစ္စည်းတွေသွားဝယ်တုန်းက လမ်းတောက်လျှောက် လူတိုင်း mask တွေတပ်ထားတာတွေ့ခဲ့ရပါတယ်” လို့ Annabella က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တရုတ်နှစ်သစ်ကူးမို့လို့ Annabella တို့လက်ရှိနေထိုင်တဲ့ရွာမှာ မီးပုံးတွေထွန်းပြီး မီးရှုးမီးပန်းတွေ ဖောက်ကာ ပျော်ပွဲရွှင်ပွဲကျင်းပခဲ့ကြပါတယ်။ ဒါကို ရွာမှာရောက်ရှိနေတဲ့ Annabella တို့ဟာလည်း ပျော်ပွဲရွှင်ပွဲကို ဆင်နွှဲခဲ့ပြီး ဓာတ်ပုံတစ်ချို့ကို ဆိုရှယ်မီဒီယာပေါ်တင်ခဲ့ကြပါတယ်။လူတော်တော်များများကတော့ ဒီလို ရောဂါဖြစ်ပွားနေတဲ့အချိန်မှာ ဒီလောက်တောင် ပျော်ရွှင်နေသေးလားဆိုပြီး ပြစ်တင်ရှုံ့ချမှုတွေရှိတဲ့အပြင် လူတချို့ကလဲ ဟောင်ကောင်ကို ပြန်လာပြီး ရောဂါမဖြန့်ဖို့နဲ့ အဲဒီမှာပဲ နေတော့ ဆိုပြီး မှတ်ချက်ပေးမှုတွေရှိခဲ့ကြပါတယ်။ Annabella ကတော့ ဒီလိုမီးရှုးမီးပန်းတွေနဲ့ ဆော့တယ်ဆိုတာကလဲ ဒီရွာရဲ့ ဓလေ့ပဲဖြစ်ပြီး အခုအချိန်ကလည်း တရုတ်နှစ်ကူးဖြစ်ကြောင်း အကျိုးသင့် အကြောင်းသင့် ရှင်းပြခဲ့ပါတယ်။ “ ဒီလို ရောဂါပွားနေတဲ့အချိန်ရောက်မှပဲ လူ့သဘဝအတွင်းစိတ်ပုပ်တာတွေ ပေါ်လာပြီး ဘယ်သူက ကိုယ့်ရဲ့ သူငယ်ချင်း အစစ်အမှန်လဲဆိုတာ သိနိုင်တော့တယ်” လို့ Annabella က ပြောကြားခဲ့ပါတယ်။