စစ္ ကိုင္းတိုင္းေဒသႀကီး ၊ ယင္းမာပင္ခရိုင္ ၊ယင္းမာပင္ၿမိဳ႕နယ္အတြင္းမွာရွိသည့္ စပယ္ေတာင္ႏွင့္ ေၾကးစင္ေတာင္ ေၾကးနီစီမံကိန္းအတြင္း ဇန္နဝါရီ – ၂၇ ရက္ေန႔ ၊ ည (၁၀) နာရီခန႔္က ကား ၅ စီးျဖင့္ တ႐ုတ္လူမ်ိဳးေတြ ဝင္လာၾကတယ္လို႔ သတင္းရရွိတာေၾကာင့္ စည္ပင္သာယာေရးဝန္ႀကီးဌာနဝန္ႀကီး၊ လုံျခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဌာနဝန္ႀကီး ၊ယင္းမာပင္ၿမိဳ႕နယ္(အမွတ္ -၂) မဲဆႏၵနယ္မွ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီႏွင့္ တိုင္းက်န္းမာေရးဦးစီးဌာနတို႔ သြားေရာက္စစ္ေဆးခဲ့ၾကေၾကာင္းသိရသည္။

ဒါေၾကာင့္ သြားေရာက္စစ္ေဆးရာမွာပါဝင္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီႏွင့္ မဇၩိမ မီဒီယာက ဆက္သြယ္ေမးျမန္းထားပါတယ္။

ေ မး ။ ။ ဒီေန႔သြားစစ္တယ္ၾကားလို႔ ေတြ႕ရွိခ်က္ေလးေျပာျပေပးပါ။

ေျဖ။ ။ေလာေလာဆယ္အေနအထားကေတာ့ သြားစစ္တယ္ဗ်ာ။ စစ္ေတာ့ သူတို႔ဒီအစည္းအေဝးမွာ စာရြက္ထဲမွာက လူဦးေရက (၂၂)ေယာက္ျဖန႔္တာေလ။ အမွန္တကယ္ ကၽြန္မတို႔ဝင္စစ္ေတာ့ (၂၅ )ေယာက္ေတာ့ေတြ႕ခဲ့တာေပါ့။

ေမး ။ ။ ကား (၅)စီးနဲ႔ ဝင္လာတယ္ၾကားတယ္။ဘယ္လိုေတြေတြ႕ရွိခဲ့လဲ။

ေၿဖ ။ ။ ကား (၅ )စီးဆိုတာက ကားေသးေလးေတြလည္းျဖစ္ခ်င္ျဖစ္မယ္၊ ကားႀကီးေတြလည္းျဖစ္ခ်င္ျဖစ္မယ္။ ဒါေပမယ့္ အထဲမွာက ကားေပၚမွာ မူတည္တာမဟုတ္ဘဲ လူဦးေရေပၚမူတည္တာဆိုေတာ့ သူတို႔အထဲမွာရွိတဲ့ လူဦးေရကိုပဲ စစ္ေဆးတာေပါ့။ ၿပီးေတာ့ ပထမကၽြန္မတို႔ အစည္းအေဝးအရင္ ထိုင္လိုက္တယ္။ ေနာက္ေတာ့ကၽြန္မ တို႔ကို လူဦးေရစာရင္းျဖန႔္တယ္။ (၂၂)ေယာက္ဆိုၿပီး သိရတယ္။ ( ၂၂)ေယာက္ကေန ကၽြန္မက ေျမျပင္ကြင္းဆင္းၾကည့္ခ်င္တယ္။ အဲ့ဒါနဲ႔ဆင္းၾကည့္ေတာ့ (၂၅ )ေယာက္ေတြ႕ခဲ့တယ္။

ေမး။ ။ ဘာ့ေၾကာင့္ဝင္လာၾကတယ္လို႔ယူဆလဲ။

ေၿဖ ။ ။ တကယ္က်ေတာ့ သူတို႔ရဲ့အမ်ိဳးသားေတြက ဒီယမ္စီတို႔မွာအလုပ္လုပ္တယ္။ ဝမ္ေပါင္တို႔မွာအလုပ္လုပ္တယ္။ အခုလာတဲ့အထဲမွာ ဝမ္ေပါင္ထဲမွာအလုပ္လုပ္တဲ့သူေတြေရာ၊ ဒီယမ္စီထဲက ကန႔္ထဲမွာလာၿပီးေတာ့ေနၾကတာ အဲ့လိုမ်ိဳးရွိတယ္။ ဆိုေတာ့က သူတို႔အမ်ိဳးသားေတြေရာ သူတို႔ရဲ့သားသမီးေတြေရာ ပါလာေတာ့ ဒါေရာဂါေရွာင္ခ်င္လို႔ ဒီကိုေရာက္လာတဲ့သေဘာပဲလို႔ကၽြန္မယူဆတယ္။

(ကနဦးရရွိထားေသာသတင္းအခ်က္အလက္ျဖစ္ၿပီး သတင္းအျပည့္အစုံဆက္လက္ေဖာ္ျပပါမည္)

မဇၩိမ

Unicode

စစ် ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင် ၊ယင်းမာပင်မြို့နယ်အတွင်းမှာရှိသည့် စပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းအတွင်း ဇန်နဝါရီ – ၂၇ ရက်နေ့ ၊ ည (၁၀) နာရီခန့်က ကား ၅ စီးဖြင့် တရုတ်လူမျိုးတွေ ဝင်လာကြတယ်လို့ သတင်းရရှိတာကြောင့် စည်ပင်သာယာရေးဝန်ကြီးဌာနဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီး ၊ယင်းမာပင်မြို့နယ်(အမှတ် -၂) မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် တိုင်းကျန်းမာရေးဦးစီးဌာနတို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်းသိရသည်။

ဒါကြောင့် သွားရောက်စစ်ဆေးရာမှာပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီနှင့် မဇ္ဈိမ မီဒီယာက ဆက်သွယ်မေးမြန်းထားပါတယ်။

ေ မး ။ ။ ဒီနေ့သွားစစ်တယ်ကြားလို့ တွေ့ရှိချက်လေးပြောပြပေးပါ။

ဖြေ။ ။လောလောဆယ်အနေအထားကတော့ သွားစစ်တယ်ဗျာ။ စစ်တော့ သူတို့ဒီအစည်းအဝေးမှာ စာရွက်ထဲမှာက လူဦးရေက (၂၂)ယောက်ဖြန့်တာလေ။ အမှန်တကယ် ကျွန်မတို့ဝင်စစ်တော့ (၂၅ )ယောက်တော့တွေ့ခဲ့တာပေါ့။

မေး ။ ။ ကား (၅)စီးနဲ့ ဝင်လာတယ်ကြားတယ်။ဘယ်လိုတွေတွေ့ရှိခဲ့လဲ။

ဖြေ ။ ။ ကား (၅ )စီးဆိုတာက ကားသေးလေးတွေလည်းဖြစ်ချင်ဖြစ်မယ်၊ ကားကြီးတွေလည်းဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အထဲမှာက ကားပေါ်မှာ မူတည်တာမဟုတ်ဘဲ လူဦးရေပေါ်မူတည်တာဆိုတော့ သူတို့အထဲမှာရှိတဲ့ လူဦးရေကိုပဲ စစ်ဆေးတာပေါ့။ ပြီးတော့ ပထမကျွန်မတို့ အစည်းအဝေးအရင် ထိုင်လိုက်တယ်။ နောက်တော့ကျွန်မ တို့ကို လူဦးရေစာရင်းဖြန့်တယ်။ (၂၂)ယောက်ဆိုပြီး သိရတယ်။ ( ၂၂)ယောက်ကနေ ကျွန်မက မြေပြင်ကွင်းဆင်းကြည့်ချင်တယ်။ အဲ့ဒါနဲ့ဆင်းကြည့်တော့ (၂၅ )ယောက်တွေ့ခဲ့တယ်။

မေး။ ။ ဘာ့ကြောင့်ဝင်လာကြတယ်လို့ယူဆလဲ။

ဖြေ ။ ။ တကယ်ကျတော့ သူတို့ရဲ့အမျိုးသားတွေက ဒီယမ်စီတို့မှာအလုပ်လုပ်တယ်။ ဝမ်ပေါင်တို့မှာအလုပ်လုပ်တယ်။ အခုလာတဲ့အထဲမှာ ဝမ်ပေါင်ထဲမှာအလုပ်လုပ်တဲ့သူတွေရော၊ ဒီယမ်စီထဲက ကန့်ထဲမှာလာပြီးတော့နေကြတာ အဲ့လိုမျိုးရှိတယ်။ ဆိုတော့က သူတို့အမျိုးသားတွေရော သူတို့ရဲ့သားသမီးတွေရော ပါလာတော့ ဒါရောဂါရှောင်ချင်လို့ ဒီကိုရောက်လာတဲ့သဘောပဲလို့ကျွန်မယူဆတယ်။

(ကနဦးရရှိထားသောသတင်းအချက်အလက်ဖြစ်ပြီး သတင်းအပြည့်အစုံဆက်လက်ဖော်ပြပါမည်)

မဇ္ဈိမ