အာ ရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု (UAE) ယူေအအီးႏိုင္ငံ မွာ ေနထုိင္ေနတဲ့ တရုတ္အလယ္ပုိင္း ၀ူဟန္ၿမိဳ႕ခံ မိသားစုတစ္စုမွာ ကုိရုိနာဗုိင္းရပ္စ္ပုိးသစ္ ကူးစက္ခံထားရတာေတြ႕ရွိခဲ့ေၾကာင္း ယူေအအီး က်န္းမာေရး ၀န္ႀကီးဌာနက ဗုဒၶဟူးေန ့မွာ ထုတ္ျပန္လုိက္တာေၾကာင့္ အေရွ႕အလယ္ပုိင္းေဒသမွာ ယင္းဗုိင္းရပ္စ္ ပထမဆုံး စစ္ေဆးေတြ႕ရွိမႈျဖစ္လာခဲ့ပါတယ္။

လတ္တေလာမွာေတာ့ မိသားစု၀င္ ဘယ္ႏွဦးကူးစက္ခံထားရတယ္ဆုိတာနဲ႕ ၄င္းတုိ ့ေတြ ယူေအအီး ႏုိင္ငံထဲ ဘယ္အခ်ိန္က၀င္ေရာက္ခဲ့တာလဲဆုိတာ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ ယင္း ကိစၥနဲ႕ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းခ်က္ကုိ က်န္းမာေရး၀န္ႀကီးဌာနနဲ႕ အစုိးရရဲ႕ သတင္းျပန္ၾကားေရးရုံးက လတ္တေလာမွာ ေျဖၾကားေပးျခင္း မရွိေသးဘူးလုိ ့လည္း ဆုိပါတယ္။

အဆုိပါ မိသားစု၀င္ေတြဟာ ပုံမွန္အေျခအေနမွာ ရွိေနၿပီး ေဆးဘက္ဆုိင္ရာ စစ္ေဆးကုသမႈေတြ လုပ္ေပးထားေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက တြစ္တာမွာ အဂၤလိပ္၊ အာေရဗ် ႏွစ္ဘာသာနဲ႕ ထုတ္ျပန္ထား ခဲ့ပါတယ္။ ဒါေပမဲ့ ယင္း မိသားစုကုိ ဘယ္ေနရာမွ ကုသမႈေပးထားတယ္ဆုိတာကုိ မေဖာ္ျပခဲ့ပါဘူး။ ေရာဂါပုိး အသစ္ေတြ႕ရွိမႈေတြ ရွိလာရင္ ခ်က္ခ်င္းထုတ္ျပန္ေပးႏုိင္ဖုိ႕အတြက္ ၂၄ နာရီပတ္လုံး အလုပ္လုပ္ေနပါေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက ေျပာဆုိခဲ့ပါတယ္။

၀ူဟန္ဗုိင္းရပ္စ္လုိ ့ အမည္တြင္ေနတဲ့ ယင္းေရာဂါပုိးဟာ အေမရိကန္အပါအ၀င္ တရုတ္ျပင္ပမွာ ေရာဂါပုိးေတြ႕ရွိထားႏုိင္ငံ ၁၅ ႏုိင္ငံရွိေနခဲ့ပါတယ္။ ယင္းဗိုင္းရပ္စ္ ေရာဂါပုိးေၾကာင့္ တရုတ္ႏုိင္ငံမွာ ဇန္န၀ါရီ ၂၈ ရက္အထိ ေသဆုံးသူ ၁၃၂ ဦးရွိလာၿပီး ပုိးေတြ႕ရွိလူနာမွာေတာ့ ၆၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

Unicode

အာ ရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ယူအေအီးနိုင်ငံ မှာ နေထိုင်နေတဲ့ တရုတ်အလယ်ပိုင်း ဝူဟန်မြို့ခံ မိသားစုတစ်စုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်ခံထားရတာတွေ့ရှိခဲ့ကြောင်း ယူအေအီး ကျန်းမာရေး ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ ့မှာ ထုတ်ပြန်လိုက်တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ယင်းဗိုင်းရပ်စ် ပထမဆုံး စစ်ဆေးတွေ့ရှိမှုဖြစ်လာခဲ့ပါတယ်။

လတ်တလောမှာတော့ မိသားစုဝင် ဘယ်နှဦးကူးစက်ခံထားရတယ်ဆိုတာနဲ့ ၄င်းတို ့တွေ ယူအေအီး နိုင်ငံထဲ ဘယ်အချိန်ကဝင်ရောက်ခဲ့တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ယင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရရဲ့ သတင်းပြန်ကြားရေးရုံးက လတ်တလောမှာ ဖြေကြားပေးခြင်း မရှိသေးဘူးလို ့လည်း ဆိုပါတယ်။

အဆိုပါ မိသားစုဝင်တွေဟာ ပုံမှန်အခြေအနေမှာ ရှိနေပြီး ဆေးဘက်ဆိုင်ရာ စစ်ဆေးကုသမှုတွေ လုပ်ပေးထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက တွစ်တာမှာ အင်္ဂလိပ်၊ အာရေဗျ နှစ်ဘာသာနဲ့ ထုတ်ပြန်ထား ခဲ့ပါတယ်။ ဒါပေမဲ့ ယင်း မိသားစုကို ဘယ်နေရာမှ ကုသမှုပေးထားတယ်ဆိုတာကို မဖော်ပြခဲ့ပါဘူး။ ရောဂါပိုး အသစ်တွေ့ရှိမှုတွေ ရှိလာရင် ချက်ချင်းထုတ်ပြန်ပေးနိုင်ဖို့အတွက် ၂၄ နာရီပတ်လုံး အလုပ်လုပ်နေပါကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောဆိုခဲ့ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်လို ့ အမည်တွင်နေတဲ့ ယင်းရောဂါပိုးဟာ အမေရိကန်အပါအဝင် တရုတ်ပြင်ပမှာ ရောဂါပိုးတွေ့ရှိထားနိုင်ငံ ၁၅ နိုင်ငံရှိနေခဲ့ပါတယ်။ ယင်းဗိုင်းရပ်စ် ရောဂါပိုးကြောင့် တရုတ်နိုင်ငံမှာ ဇန်နဝါရီ ၂၈ ရက်အထိ သေဆုံးသူ ၁၃၂ ဦးရှိလာပြီး ပိုးတွေ့ရှိလူနာမှာတော့ ၆၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။