Kyaw Swa Min
Unicode
ဝူ ဟန် ဗိုင်းရပ် နောက်ဆုံး အခြေအနေ… ဆက်ပြန့်နေဆဲ၊ ကူးစက်တာ တရုတ်ပြည်ထဲတင် လူ ၇၀၀၀ ကျော် သွားပြီ၊ မဖြစ်ခင်က ဖုံးထားတာများလို့ အဲ့လောက်ပြန့်ပုံရတယ်။ ဆုံးပါးတာ ၁၇၀၊ ကျွန်တော်တို့ အသွားများတဲ့ ထိုင်းမှာ လူ ၁၄ ယောက် အကူးခံထားရတယ်၊ တရုတ်ပြင်ပမှာ တွေ့တာ အများဆုံး ပဲ။ ထိုင်းကို သွားတာ သတိထားကြပါ။
ဆိုး တာက ရောဂါ ဟာ အဖျားမပြပဲ မြုံပြီး လိုက်လာတတ်တာပဲ။ ဂျပန်ပြည်ကို ခေါ်ထုတ်လာတဲ့ ဂျပန်တွေထဲ မဖျားပဲ သုံးယောက် ဗိုင်းရပ်စ်ပိုး ပါလာတယ်။ ကောင်းတာရှာတွေးမယ်… သေဆုံး ရာခိုင်နှုန်း ၃% အောက် ကျသွားတယ်။ ၁၀၀ မှာ သုံးယောက်ပဲ သေနိုင်တယ်။
ဒီဗိုင်းရပ်စ် ကြောင့် တရုတ်နိုင်ငံ ပြင်ပမှာ “တယောက်မှ” မသေသေးဘူး။ ဝူဟန်ဗိုင်းရပ်စ် ဟာ တရုတ် သွေးပါတဲ့လူတွေ ပိုထိခိုက်သလား မသိ။ လုပ်သင့်တာက တရုတ်ခရီးသွားတွေ အကုန်ပိတ်လိုက်ပါ၊ မတတ်နိုင်ဘူး၊ မပိတ်လည်း လာမှာမှ မဟုတ်တာ၊ လာလည်းပြည်သူ့ဆီပိုက်ဆံရောက်တာမဟုတ်၊ ကိုယ့်ကို ရောဂါလာပေးဖို့ များတယ်။
ဒီရောဂါကြောင့် တရုတ်ကုန်စည်စီးဆင်းမှုရပ်တန့်သွားတယ် ဆိုရင် ဘယ်တရုတ်ကုန်စည်ပြတ်လပ်မှု ဟာ ကိုယ့်ကိုထိခိုက်လဲ ကြည့်ပြီး စီးပွားရေးသမားတွေ နိုင်ငံတွင်း မှာ ထုတ်ဖို့ ပြင်ဆင်နိုင်တာပေါ့။ ဝူဟန်ဟာ မြန်မာနိုင်ငံအတွက် Great impact ပဲ။ တောင့်ထား မြန်မာ!
တရုတ် နိုင်ငံရဲ့ တိုင်း နဲ့ ပြည်နယ် အားလုံး နီးပါး ရောဂါ ရှိနေတယ်။ ယူနန်မှာ ၄၄ ယောက်တွေ့တယ်။ ဝူဟန်ကမဟုတ်လို့ ရောဂါမရှိနိုင်ဘူး ထင်ပြီး လာတဲ့ တရုတ်ခရီးသွားဧည့်သည်တွေကို ဆက်လက်ခံဖို့ မသင့်တော်တော့ဘူး။ မွန်ဂိုလီးယားကုန်းတွင်း နဲ့ တိဘက်တောင် ရောက်သွားပြီ။
ကိုယ့် နိုင်ငံ က Third world facility ပဲရှိတာ၊ ပိုက်ဆံရှိလို့နိုင်ငံခြားသွားကုလို့ရတဲ့ရောဂါ မဟုတ်ဘူး။ စဉ်းစားကြပါဦးခင်ဗျ…
Kyaw Swa Min
လေးစားစွာဖြင့် Blacker