ကို ႐ိုနာဗိုင္းရပ္စ္ကို ကုသႏိုင္မည့္ေဆးဝါးကို တီထြင္ ႏိုင္ေရးအတြက္ တ႐ုတ္ႏိုင္ငံ၏အခ်မ္းသာဆုံးပုဂၢိဳလ္ျဖစ္သည့္ Jack Ma က ၿဗိတိန္စတာလင္ေပါင္ ၁၁သန္း(အေမရိကန္ေဒၚလာ ၁၄.၄ သန္း)ႏွင့္ညီမွ်သည့္ တ႐ုတ္ယြမ္ေငြ သန္း ၁၀၀ ကို ထပ္မံလႉဒါန္းမည္ဟု သိရသည္။ကို႐ိုနာဗိုင္းရပ္စ္အႏၲရာယ္ကို တ႐ုတ္ႏိုင္ငံတြင္ ဆိုး႐ြားစြာခံစားေနရသည္။ ယေန႔(ဇန္နဝါရီ ၃၀ ) နံနက္ စာရင္းမ်ားအရ တစ္ကမာၻလုံးတြင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူေပါင္း ၇,၈၁၇ ဦးရွိလာၿပီျဖစ္ကာ ဗိုင္းရပ္စ္ကူးစက္ခံရၿပီး ‌ေသဆုံးသြားသူမွာ ၁၇၀ ဦးရွိလာၿပီျဖစ္သည္။ ေသဆုံးသူမ်ားအားလုံးမွာ တ႐ုတ္ႏိုင္ငံမွပင္ ျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္ လူနာမ်ားကို ကုသမႈေပးႏိုင္ရန္ လိုအပ္သည့္ေဆးဝါးအေထာက္ အကူျပဳပစၥည္းမ်ားဝယ္ယူေရးအတြက္ Jack Ma ပိုင္ ဆိုင္သည့္ Alibaba စီးပြားေရးလုပ္ငန္းစုမွ ေပါင္သန္း ၁၁၀ ကို လႉဒါန္းထားေပးၿပီးေနာက္ ေဆးဝါးေဖာ္စပ္ႏိုင္ေရးအတြက္ ေနာက္ထပ္ ေပါင္ ၁၁ သန္းကို ထပ္ မံလႉဒါန္းလိုက္ျခင္းျဖစ္သည္။ဝူဟန္ၿမိဳ ့ႏွင့္ဟူေဘးျပည္နယ္အတြင္းမွ ေဆး႐ုံမ်ားအတြက္ ယြမ္ ၁ ဘီလ်ံ (ေပါင္ ၁၁၀ သန္း၊ ကန္ေဒၚလာ ၁၄၄ သန္း )ကို လႉဒါန္းထားသည္ဟု Alibaba စီးပြားေရးလုပ္ငန္းစုမွ ၿပီးခဲ့သည့္တနဂၤေႏြေန႔ကေၾကညာခ်က္ထုတ္ျပန္ခဲ့သလို ကို႐ိုနာဗိုင္းရပ္စ္ကုသ ႏိုင္မည့္ ေဆးဝါးထုတ္ႏိုင္ေရးအတြက္ ေနာက္ထပ္ ယြမ္ သန္း ၁၀၀ ကို လႉဒါန္းလိုက္ျခင္းျဖစ္သည္။

ေနာက္ထပ္လႉဒါန္းသည့္ ယြမ္ သန္း ၁၀၀ ၏ ၄၀ ရာခိုင္ႏႈန္းမွာ တ႐ုတ္သိပၸံအကယ္ဒမီမ်ားႏွင့္ေဆးဝါးေဖာ္ စပ္ႏိုင္ေရးအတြက္ ဦးေဆာင္ႀကိဳးစားေနၾကသည့္ တ႐ုတ္သိပၸံပညာရွင္၊ အင္ဂ်င္နီယာမ်ားသို႔ ေထာက္ပံ့ေပးသြားမည္ျဖစ္သည္။က်န္သည့္ ၆၀ ရာခိုင္ႏႈန္းကိုမူ တ႐ုတ္ႏွင့္ကမာၻတစ္ဝန္းတြင္ ကို႐ိုနာဗိုင္းရပ္စ္အား ထိန္းခ်ဳပ္ကာကြယ္ႏိုင္ ေရးအတြက္ သိပၸံသုေတသနဓါတ္ခြဲခန္းမ်ား တည္ေဆာက္ရန္ႏွင့္ ဝန္ထမ္းမ်ားအတြက္လႉဒါန္းရန္ စီစဥ္ ထားသည္။

Jack Ma မွာ ေပါင္ ၃၂.၉ ဘီလ်ံ ( အေမရိကန္ေဒၚလာ ၄၂.၈ ဘီလ်ံ )ႂကြယ္ဝၿပီး ၂၀၁၉ Forbes မဂၢဇင္း ၏သတ္မွတ္မႈအရ တ႐ုတ္ႏိုင္ငံ၏ အခ်မ္းသာဆုံး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံထားရသည္။ဝူဟန္ၿမိဳ ့မွစတင္ျဖစ္ပြားခဲ့သည့္ဗိုင္းရပ္စ္ဆိုးကို ကာကြယ္ တိုက္ဖ်က္ေရးလုပ္ငန္းစဥ္မ်ားအတြက္ တ႐ုတ္ စီးပြားေရးလုပ္ငန္းရွင္မ်ား၏ စုစုေပါင္းလႉဒါန္းမႈ ပမာဏမွာ ယြမ္ ၄.၅ ဘီလ်ံ ( ေပါင္ ၄၉၉ သန္း၊ အေမရိကန္ေဒၚလာ ၆၄၉သန္း) ရွိေနၿပီျဖစ္သည္ဟု တ႐ုတ္ စြန္႔ဦးတီထြင္စီးပြားေရးလုပ္ငန္းရွင္မ်ားအသင္း မဂၢဇင္း၏ ေဖာ္ျပမႈအရ သိရသည္။

ထိုကဲ့သို႔ဝိုင္းဝန္းလႉဒါန္းမႈမ်ားထဲတြင္ Pony Ma ၏ Tencent မွ ေဒၚလာ ၄၃ သန္း၊Robin Li ၏ Baidu မွ ေဒၚလာ ၄၃ သန္း၊ Xu Jiayin ၏ Evergrande Group မွ ကန္ေဒၚလာ ၂၈ သန္း၊ Ren Zhengfei ၏ Huawei မွ ကန္ေဒၚလာ ၄.၃သန္း တို႔အပါအဝင္ တ႐ုတ္စီးပြားေရးလုပ္ငန္းစု စုစုေပါင္း ၁၅၀ ေက်ာ္ကဝိုင္းဝန္းလႉဒါန္းေပးထားၾကျခင္းျဖစ္သည္။တ႐ုတ္ႏိုင္ငံ၏ အမ်ိဳးသားက်န္းမာေရးေကာ္မရွင္မွ ပညာရွင္ Li Lanjuan ၏ တ႐ုတ္ႏိုင္ငံပိုင္သတင္းဌာနသို႔ေျပာၾကားမႈအရ ကို႐ိုနာဗိုင္းရပ္စ္ကိုကုသႏိုင္မည့္ ေဆးကို ၃ လအတြင္းထုတ္လုပ္ႏိုင္ဖြယ္ရွိေနသည္ဟုလည္း သိရသည္။

ကြၽမ္းက်င္ပညာရွင္မ်ားက ကုသေဆးနမူနာကို လက္ ရွိအခ်ိန္မွစကာ ၁ လ အတြင္း တီထြင္ႏိုင္ဖြယ္ရွိေနသည္ဟု Li Lanjuan ဇန္နဝါရီ၂၈ အဂၤါေန႔က China News သို႔ေျပာၾကားခဲ့သည္။ ထိုသို႔ရရွိလာမည့္ေဆးနမူနာကို ကြၽမ္းက်င္ပညာရွင္မ်ားက စမ္းသပ္ ရန္ သီတင္း ၂ ပတ္ၾကာ အခ်ိန္ယူရမည္ဟုဆိုသည္။ ထို႔ေနာက္တြင္ ကုသေဆးကို အစိုးရက အတည္ျပဳႏိုင္ရန္ အနည္းဆုံး သီတင္း ၆ ပတ္ၾကာ အခ်ိန္ယူရမည္ဟု Li Lanjuan က ေျပာၾကားထားသည္။

Credit thwlifestylemyanmar.com
Source: Daily Mail

Unicode

ကို ရိုနာဗိုင်းရပ်စ်ကို ကုသနိုင်မည့်ဆေးဝါးကို တီထွင် နိုင်ရေးအတွက် တရုတ်နိုင်ငံ၏အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည့် Jack Ma က ဗြိတိန်စတာလင်ပေါင် ၁၁သန်း(အမေရိကန်ဒေါ်လာ ၁၄.၄ သန်း)နှင့်ညီမျှသည့် တရုတ်ယွမ်ငွေ သန်း ၁၀၀ ကို ထပ်မံလှူဒါန်းမည်ဟု သိရသည်။ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို တရုတ်နိုင်ငံတွင် ဆိုးရွားစွာခံစားနေရသည်။ ယနေ့(ဇန်နဝါရီ ၃၀ ) နံနက် စာရင်းများအရ တစ်ကမ္ဘာလုံးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ၇,၈၁၇ ဦးရှိလာပြီဖြစ်ကာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ‌သေဆုံးသွားသူမှာ ၁၇၀ ဦးရှိလာပြီဖြစ်သည်။ သေဆုံးသူများအားလုံးမှာ တရုတ်နိုင်ငံမှပင် ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာများကို ကုသမှုပေးနိုင်ရန် လိုအပ်သည့်ဆေးဝါးအထောက် အကူပြုပစ္စည်းများဝယ်ယူရေးအတွက် Jack Ma ပိုင် ဆိုင်သည့် Alibaba စီးပွားရေးလုပ်ငန်းစုမှ ပေါင်သန်း ၁၁၀ ကို လှူဒါန်းထားပေးပြီးနောက် ဆေးဝါးဖော်စပ်နိုင်ရေးအတွက် နောက်ထပ် ပေါင် ၁၁ သန်းကို ထပ် မံလှူဒါန်းလိုက်ခြင်းဖြစ်သည်။ဝူဟန်မြို ့နှင့်ဟူဘေးပြည်နယ်အတွင်းမှ ဆေးရုံများအတွက် ယွမ် ၁ ဘီလျံ (ပေါင် ၁၁၀ သန်း၊ ကန်ဒေါ်လာ ၁၄၄ သန်း )ကို လှူဒါန်းထားသည်ဟု Alibaba စီးပွားရေးလုပ်ငန်းစုမှ ပြီးခဲ့သည့်တနင်္ဂနွေနေ့ကကြေညာချက်ထုတ်ပြန်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ်ကုသ နိုင်မည့် ဆေးဝါးထုတ်နိုင်ရေးအတွက် နောက်ထပ် ယွမ် သန်း ၁၀၀ ကို လှူဒါန်းလိုက်ခြင်းဖြစ်သည်။

နောက်ထပ်လှူဒါန်းသည့် ယွမ် သန်း ၁၀၀ ၏ ၄၀ ရာခိုင်နှုန်းမှာ တရုတ်သိပ္ပံအကယ်ဒမီများနှင့်ဆေးဝါးဖော် စပ်နိုင်ရေးအတွက် ဦးဆောင်ကြိုးစားနေကြသည့် တရုတ်သိပ္ပံပညာရှင်၊ အင်ဂျင်နီယာများသို့ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ကျန်သည့် ၆၀ ရာခိုင်နှုန်းကိုမူ တရုတ်နှင့်ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်အား ထိန်းချုပ်ကာကွယ်နိုင် ရေးအတွက် သိပ္ပံသုတေသနဓါတ်ခွဲခန်းများ တည်ဆောက်ရန်နှင့် ဝန်ထမ်းများအတွက်လှူဒါန်းရန် စီစဉ် ထားသည်။

Jack Ma မှာ ပေါင် ၃၂.၉ ဘီလျံ ( အမေရိကန်ဒေါ်လာ ၄၂.၈ ဘီလျံ )ကြွယ်ဝပြီး ၂၀၁၉ Forbes မဂ္ဂဇင်း ၏သတ်မှတ်မှုအရ တရုတ်နိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။ဝူဟန်မြို ့မှစတင်ဖြစ်ပွားခဲ့သည့်ဗိုင်းရပ်စ်ဆိုးကို ကာကွယ် တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် တရုတ် စီးပွားရေးလုပ်ငန်းရှင်များ၏ စုစုပေါင်းလှူဒါန်းမှု ပမာဏမှာ ယွမ် ၄.၅ ဘီလျံ ( ပေါင် ၄၉၉ သန်း၊ အမေရိကန်ဒေါ်လာ ၆၄၉သန်း) ရှိနေပြီဖြစ်သည်ဟု တရုတ် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအသင်း မဂ္ဂဇင်း၏ ဖော်ပြမှုအရ သိရသည်။

ထိုကဲ့သို့ဝိုင်းဝန်းလှူဒါန်းမှုများထဲတွင် Pony Ma ၏ Tencent မှ ဒေါ်လာ ၄၃ သန်း၊Robin Li ၏ Baidu မှ ဒေါ်လာ ၄၃ သန်း၊ Xu Jiayin ၏ Evergrande Group မှ ကန်ဒေါ်လာ ၂၈ သန်း၊ Ren Zhengfei ၏ Huawei မှ ကန်ဒေါ်လာ ၄.၃သန်း တို့အပါအဝင် တရုတ်စီးပွားရေးလုပ်ငန်းစု စုစုပေါင်း ၁၅၀ ကျော်ကဝိုင်းဝန်းလှူဒါန်းပေးထားကြခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ အမျိုးသားကျန်းမာရေးကော်မရှင်မှ ပညာရှင် Li Lanjuan ၏ တရုတ်နိုင်ငံပိုင်သတင်းဌာနသို့ပြောကြားမှုအရ ကိုရိုနာဗိုင်းရပ်စ်ကိုကုသနိုင်မည့် ဆေးကို ၃ လအတွင်းထုတ်လုပ်နိုင်ဖွယ်ရှိနေသည်ဟုလည်း သိရသည်။

ကျွမ်းကျင်ပညာရှင်များက ကုသဆေးနမူနာကို လက် ရှိအချိန်မှစကာ ၁ လ အတွင်း တီထွင်နိုင်ဖွယ်ရှိနေသည်ဟု Li Lanjuan ဇန်နဝါရီ၂၈ အင်္ဂါနေ့က China News သို့ပြောကြားခဲ့သည်။ ထိုသို့ရရှိလာမည့်ဆေးနမူနာကို ကျွမ်းကျင်ပညာရှင်များက စမ်းသပ် ရန် သီတင်း ၂ ပတ်ကြာ အချိန်ယူရမည်ဟုဆိုသည်။ ထို့နောက်တွင် ကုသဆေးကို အစိုးရက အတည်ပြုနိုင်ရန် အနည်းဆုံး သီတင်း ၆ ပတ်ကြာ အချိန်ယူရမည်ဟု Li Lanjuan က ပြောကြားထားသည်။

Credit thwlifestylemyanmar.com
Source: Daily Mail