ႏွစ္ သစ္ကူးလည္ ၿပီးၿပီဆိုေတာ့ ေဖေဖာ္ဝါရီလ (၁) ရက္ေန႔မွာ Crash Landing On you အပိုင္း (၁၁) ကို ပုံမွန္အတိုင္း ေစာင့္ၾကည့္ရေတာ့မွာပါ။ ေျမာက္ကိုရီးယားမွာ ဟြန္ဘင္းလို စစ္သားမ်ိဳး မရွိႏိုင္ဘူးဆိုၿပီး ေတာင္ကိုရီးယားက ဘယ္လိုပင္ ကန႔္ကြက္ေပမဲ့ တကယ္တမ္း အားေပးတာက စစ္ဗိုလ္ကို မဟုတ္ဘဲ ဟြန္ဘင္းရဲ႕ ႐ုပ္ေျဖာင့္မႈနဲ႔ သ႐ုပ္ေဆာင္စြမ္းရည္ပါ။ဇာတ္အိမ္ကို ပိုႂကြၿပီး တစ္ကားလုံး အသက္ဝင္ေအာင္ ဆိုရီဂ်င္းရဲ႕ အိုက္တင္ေတြပါ ထည့္ေပါင္းလိုက္ခ်ိန္မွာေတာ့ လိုက္ဖက္ေနမႈႀကီးက အပီအျပင္ပါပဲ။ မင္းသားနဲ႔ မင္းသမီး ႏွစ္ဦးလုံးက အပ်ိဳ ၊ လူပ်ိဳေတြ ျဖစ္တာမို႔ ပရိသတ္ေတြက စိတ္ကူးယဥ္ခြင့္ ရွိသလို လိုက္ဖက္တဲ့ စုံတြဲဆိုၿပီး သတ္မွတ္ေပးထားတာ ျဖစ္ပါတယ္။

ဇာတ္လမ္းတြဲထဲမွာ သ႐ုပ္ေဆာင္ေနမႈက လက္ရွိဘဝက စုံတြဲေတြ အလား ထင္မွားရေလာက္ေအာင္ အသက္ပါေနတာမို႔ ဆိုရွယ္မီဒီယာေတြေပၚမွာေတာ့ သူတို႔ႏွစ္ဦးရဲ႕ လႈပ္ရွားမႈကို ပါပါရာဇီေတြက ေစာင့္ၾကည့္ေနၾကတာပါ။ ဟြန္ဘင္းနဲ႔ ဆိုရီဂ်င္းကို ေပးစားၾကသလို စုံတြဲပုံေတြ လိုက္ရွာၿပီး မရမက သေဘာတူေနၾကတာ ျဖစ္ပါတယ္။

ခ်စ္ဖို႔ေကာင္းတဲ့ ဓာတ္ပုံေလးေတြ အြန္လိုင္းေပၚ ျပန႔္ႏွံ႔ လာခ်ိန္မွာေတာ့ ဟြန္ဘင္းနဲ႔ ဆိုရီဂ်င္း တို႔ႏွစ္ဦးသား ပခုံးခ်င္းထိၿပီး အၿပဳံးပန္းေတြ ေဝဆာစြာ အတူတူ ထိုင္ေနတဲ့ ဓာတ္ပုံ ၊ ဟြန္ဘင္း ရဲ႕ ေမြးေန႔ပြဲကို ႏွစ္ဦးသား တူတူက်င္းပခဲ့တဲ့ ဓာတ္ပုံ နဲ႔ စုံတြဲေတြလို အထင္မွားေစေလာက္တဲ့ ႏွစ္ဦးသား ဆယ္လ္ဖီ ပုံေတြေၾကာင့္ပဲ အားလုံးက ထင္ေၾကးေပးၾကတာ ျဖစ္ပါတယ္။ႏွစ္ဦးသားအတြက္ ပရိသတ္ေတြက အျပည့္အဝ ထင္ေၾကးေပးၾကတယ္ ဆိုေပမဲ့ အတည္ျပဳ သတင္းကေတာ့ ခုထိ မၾကားရေသးပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ ဗိုလ္ႀကီးရီနဲ႔ ဆယ္ရီတို႔ကိုေတာ့ ဇာတ္လမ္းတြဲမွာတင္မက အျပင္ေလာကမွာပါ ေပါင္းဖက္ေစခ်င္တဲ့ အားလုံးေသာ ဆႏၵေတြကေတာ့ အတူတူ ျဖစ္လိမ့္မယ္ဆိုတာ ယုံၾကည္ပါတယ္။

Credit ေျပာခ်င္လြန္းလို့

Unicode

နှစ် သစ်ကူးလည် ပြီးပြီဆိုတော့ ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ Crash Landing On you အပိုင်း (၁၁) ကို ပုံမှန်အတိုင်း စောင့်ကြည့်ရတော့မှာပါ။ မြောက်ကိုရီးယားမှာ ဟွန်ဘင်းလို စစ်သားမျိုး မရှိနိုင်ဘူးဆိုပြီး တောင်ကိုရီးယားက ဘယ်လိုပင် ကန့်ကွက်ပေမဲ့ တကယ်တမ်း အားပေးတာက စစ်ဗိုလ်ကို မဟုတ်ဘဲ ဟွန်ဘင်းရဲ့ ရုပ်ဖြောင့်မှုနဲ့ သရုပ်ဆောင်စွမ်းရည်ပါ။ဇာတ်အိမ်ကို ပိုကြွပြီး တစ်ကားလုံး အသက်ဝင်အောင် ဆိုရီဂျင်းရဲ့ အိုက်တင်တွေပါ ထည့်ပေါင်းလိုက်ချိန်မှာတော့ လိုက်ဖက်နေမှုကြီးက အပီအပြင်ပါပဲ။ မင်းသားနဲ့ မင်းသမီး နှစ်ဦးလုံးက အပျို ၊ လူပျိုတွေ ဖြစ်တာမို့ ပရိသတ်တွေက စိတ်ကူးယဉ်ခွင့် ရှိသလို လိုက်ဖက်တဲ့ စုံတွဲဆိုပြီး သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင်နေမှုက လက်ရှိဘဝက စုံတွဲတွေ အလား ထင်မှားရလောက်အောင် အသက်ပါနေတာမို့ ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ သူတို့နှစ်ဦးရဲ့ လှုပ်ရှားမှုကို ပါပါရာဇီတွေက စောင့်ကြည့်နေကြတာပါ။ ဟွန်ဘင်းနဲ့ ဆိုရီဂျင်းကို ပေးစားကြသလို စုံတွဲပုံတွေ လိုက်ရှာပြီး မရမက သဘောတူနေကြတာ ဖြစ်ပါတယ်။

ချစ်ဖို့ကောင်းတဲ့ ဓာတ်ပုံလေးတွေ အွန်လိုင်းပေါ် ပြန့်နှံ့ လာချိန်မှာတော့ ဟွန်ဘင်းနဲ့ ဆိုရီဂျင်း တို့နှစ်ဦးသား ပခုံးချင်းထိပြီး အပြုံးပန်းတွေ ဝေဆာစွာ အတူတူ ထိုင်နေတဲ့ ဓာတ်ပုံ ၊ ဟွန်ဘင်း ရဲ့ မွေးနေ့ပွဲကို နှစ်ဦးသား တူတူကျင်းပခဲ့တဲ့ ဓာတ်ပုံ နဲ့ စုံတွဲတွေလို အထင်မှားစေလောက်တဲ့ နှစ်ဦးသား ဆယ်လ်ဖီ ပုံတွေကြောင့်ပဲ အားလုံးက ထင်ကြေးပေးကြတာ ဖြစ်ပါတယ်။နှစ်ဦးသားအတွက် ပရိသတ်တွေက အပြည့်အဝ ထင်ကြေးပေးကြတယ် ဆိုပေမဲ့ အတည်ပြု သတင်းကတော့ ခုထိ မကြားရသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ကြီးရီနဲ့ ဆယ်ရီတို့ကိုတော့ ဇာတ်လမ်းတွဲမှာတင်မက အပြင်လောကမှာပါ ပေါင်းဖက်စေချင်တဲ့ အားလုံးသော ဆန္ဒတွေကတော့ အတူတူ ဖြစ်လိမ့်မယ်ဆိုတာ ယုံကြည်ပါတယ်။

Credit ပြောချင်လွန်းလို့