႐ုပ္ ရွင္နဲ႔ ဗီဒီယိုသ႐ုပ္ေဆာင္ ဥကၠာမင္းေမာင္ဟာ ကိုယ္လုံး ကိုယ္ေပါက္ အမိုက္စားနဲ႔ အားေပးဝန္းရံေနသူေတြနဲ႔ ျပည့္နက္ေနတဲ့ သူတစ္ေယာက္ပါ။ သူဟာ LGBT တစ္ေယာက္အျဖစ္ ပြင့္လင္းစြာေနထိုင္ခဲ့ၿပီး သူခ်စ္တဲ့ ခ်စ္သူက သူ႔အတြက္ ခြန္အားေတြ ေပးခဲ့တယ္လို႔ဆိုကာ အခ်စ္နဲ႔ပတ္သက္တဲ့ အဓိပၸာယ္ဖြင့္ဆိုခ်က္ကို ေရးသားခဲ့ပါတယ္။

သူေ ရးသားခဲ့တာကေတာ့ ” အခ်စ္ဆိုေသာ အရာမွာ ဘာကန႔္သတ္ခ်က္မွ မရွိပါဘူး.. ေယာက်ၤားခ်င္းျဖစ္ျဖစ္ မိန္းမခ်င္းျဖစ္ျဖစ္ လူတစ္ေယာက္က လူတစ္ေယာက္ကို ခ်စ္တယ္ တန္ဖိုးထားတယ္

ေသတဖန္သက္တဆုံး ဆိုးတူေကာင္းဖက္ ဘဝလက္တြဲေဖာ္အေနနဲ႔ ထာဝရတူတူေနသြားတယ္ဆိုတာ ကံေကာင္းျခင္းမဂၤလာပါ.. အဲ့လို ဘဝေနာက္ဆုံးခ်ိန္ထိတူတူ ေနခြင့္ရတဲ့သူေတြ ေလာကႀကီးမွာရွားပါတယ္..”

” ကံတရားေၾကာင့္ ဘဝေပးအေျခအေနေၾကာင့္ ပတ္ဝန္းက်င္ေၾကာင့္ တြဲလာတာ အခ်ိန္ေတြၾကာလာေတာ့ ခ်စ္ျခင္းေတြေျပာင္းလဲသြားတာေၾကာင့္ ကိုယ့္ အိမ္ေထာင္ဖက္က ႏွိပ္စက္တာေၾကာင့္ ေဖာက္ျပန္တာေၾကာင့္

အေၾကာင္းေၾကာင္းေပါင္းမ်ားစြာနဲ႔ ေယာက်ၤားနဲ႔ မိန္းမ စုံတြဲေတြမွာေရာ ကြၽန္ေတာ္တို႔လို LGBTQ စုံတြဲေတြမွာေရာေတြ႕ေနျမင္ေနၾကားေနရတယ္.. ကြၽန္ေတာ္ကိုယ္တိုင္ဘဝရဲ႕ အဆိုးဆုံးဆိုတဲ့ အခ်ိန္ေတြေက်ာ္ျဖတ္ခဲ့ၿပီးၿပီ.. ကြၽန္ေတာ္ ဆုေတာင္းပါတယ္..”

“ကြၽန္ေတာ္ ေကာင္းေအာင္ပဲေနမယ္.. သစၥာရွိစြာပဲေရွ႕ဆက္မယ္.. ကြၽန္ေတာ့္ဘဝကို ကိုယ္ခ်စ္တဲ့သူနဲ႔ ဆံျဖဴသြားက်ိဳး ဒုတ္ေကာက္နဲ႔ လမ္းေလွ်ာက္ရခ်ိန္ထိ ကြၽန္ေတာ္သူနဲ႔ တူတူရွိခ်င္ပါတယ္.. ကြၽန္ေတာ္တို႔ဘဝမျပည့္စုံေသးပါဘူး.. ခ်မ္းလဲ မခ်မ္းသာဘူး.. ဒါေပမယ့္ သူကြၽန္ေတာ့္ကို စိတ္ခ်မ္းသာေအာင္ထားတယ္.. ကြၽန္ေတာ္တို႔ႏွစ္ေယာက္ေအးေအးခ်မ္းခ်မ္းပဲဘဝကိုျဖတ္သန္းေနတယ္.. ခရီးတူတူထြက္တယ္..သူ႔ေၾကာင့္ ကြၽန္ေတာ္ႀကိဳးစားခ်င္စိတ္ေႂတြဖစ္တယ္.. ကြၽန္ေတာ့္ မိဘ အတြက္အျပင္ သူ႔အတြက္လဲ ကြၽန္ေတာ္ေအာင္ျမင္ခ်င္တယ္..”

” အလႉေရစက္လက္နဲ႔မကြာလႉႏိုင္တဲ့ အေျခအေနအထိ ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ဘဝတိုက္ပြဲဝင္ေနဆဲပါ..ကြၽန္ေတာ့္ဘဝျဖစ္တည္မႉ Gay တစ္ေယာက္အျဖစ္ေနထိုင္ျခင္းကို အမွားတခုလို႔ မေတြးမိေတာ့ဘူး..ဘယ္ေတာ့မွ ေနာင္တလဲမရဘူး..ျဖစ္ရာဘဝမွာေကာင္းေအာင္ပဲေနတယ္.. ကြၽန္ေတာ္တို႔လို LGBTQ မ်ားအားလုံးကိုလဲ အႀကံျပဳအားေပးခ်င္တာက ဘယ္လို အေၾကာင္းေၾကာင့္နဲ႔မွ လက္မေလ်ာ့ပါနဲ႔..”

“ဘယ္သူ႔ေၾကာင့္မွ ကိုယ့္ဘဝျဖစ္တည္မႉအမွန္တရားကိုဖုံးကြယ္ၿပီး မေပ်ာ္တဲ့ဘဝမွာ မရွင္သန္ပါနဲ႔.. ကိုယ့္ကိုခ်စ္တဲ့သူေတြအတြက္ ဘဝကိုဆက္လက္ရွင္သန္ပါ..ကိုယ့္ကိုဆန႔္က်င္တဲ့သူေတြ မုန္းတဲ့သူေတြကို ဥေပကၡာျပဳပါ..

လူသားတိုင္း ကိုယ္ခ်စ္တဲ့သူနဲ႔ ထာဝရေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနသြားႏိုင္ပါေစ.. Happy Myanmar Pride ပါ.. ေနာက္ႏွစ္ေတာ့ အားလုံးနဲ႔တူတူဆင္ႏႊဲဖို႔ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လာႏိုင္ေအာင္ႀကိဳးစားပါမယ္” လို႔ဆိုကာ ေျပာျပလာခဲ့ပါတယ္။

ဥကၠာမင္းေမာင္ဟာ လက္ရွိမွာေတာ့ New York မွာေရာက္ရွိေနၿပီး သူခ်စ္တဲ့မိသားစုနဲ႔အတူ ဘဝကိုေပ်ာ္႐ႊင္စြာျဖတ္သန္းေနသူလဲျဖစ္ပါတယ္။ ဥကၠာမင္းေမာင္ကို ခ်စ္တဲ့ ခ်စ္ပရိသတ္ေတြအတြက္ သူ႔အေၾကာင္းအရာတစ္ခ်ိဳ႕ကို တင္ဆက္ေပးလိုက္ပါတယ္။

Unicode

ရုပ် ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဥက္ကာမင်းမောင်ဟာ ကိုယ်လုံး ကိုယ်ပေါက် အမိုက်စားနဲ့ အားပေးဝန်းရံနေသူတွေနဲ့ ပြည့်နက်နေတဲ့ သူတစ်ယောက်ပါ။ သူဟာ LGBT တစ်ယောက်အဖြစ် ပွင့်လင်းစွာနေထိုင်ခဲ့ပြီး သူချစ်တဲ့ ချစ်သူက သူ့အတွက် ခွန်အားတွေ ပေးခဲ့တယ်လို့ဆိုကာ အချစ်နဲ့ပတ်သက်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ရေးသားခဲ့ပါတယ်။

သူေ ရးသားခဲ့တာကတော့ ” အချစ်ဆိုသော အရာမှာ ဘာကန့်သတ်ချက်မှ မရှိပါဘူး.. ယောကျင်္ားချင်းဖြစ်ဖြစ် မိန်းမချင်းဖြစ်ဖြစ် လူတစ်ယောက်က လူတစ်ယောက်ကို ချစ်တယ် တန်ဖိုးထားတယ်

သေတဖန်သက်တဆုံး ဆိုးတူကောင်းဖက် ဘဝလက်တွဲဖော်အနေနဲ့ ထာဝရတူတူနေသွားတယ်ဆိုတာ ကံကောင်းခြင်းမင်္ဂလာပါ.. အဲ့လို ဘဝနောက်ဆုံးချိန်ထိတူတူ နေခွင့်ရတဲ့သူတွေ လောကကြီးမှာရှားပါတယ်..”

” ကံတရားကြောင့် ဘဝပေးအခြေအနေကြောင့် ပတ်ဝန်းကျင်ကြောင့် တွဲလာတာ အချိန်တွေကြာလာတော့ ချစ်ခြင်းတွေပြောင်းလဲသွားတာကြောင့် ကိုယ့် အိမ်ထောင်ဖက်က နှိပ်စက်တာကြောင့် ဖောက်ပြန်တာကြောင့်

အကြောင်းကြောင်းပေါင်းများစွာနဲ့ ယောကျင်္ားနဲ့ မိန်းမ စုံတွဲတွေမှာရော ကျွန်တော်တို့လို LGBTQ စုံတွဲတွေမှာရောတွေ့နေမြင်နေကြားနေရတယ်.. ကျွန်တော်ကိုယ်တိုင်ဘဝရဲ့ အဆိုးဆုံးဆိုတဲ့ အချိန်တွေကျော်ဖြတ်ခဲ့ပြီးပြီ.. ကျွန်တော် ဆုတောင်းပါတယ်..”

“ကျွန်တော် ကောင်းအောင်ပဲနေမယ်.. သစ္စာရှိစွာပဲရှေ့ဆက်မယ်.. ကျွန်တော့်ဘဝကို ကိုယ်ချစ်တဲ့သူနဲ့ ဆံဖြူသွားကျိုး ဒုတ်ကောက်နဲ့ လမ်းလျှောက်ရချိန်ထိ ကျွန်တော်သူနဲ့ တူတူရှိချင်ပါတယ်.. ကျွန်တော်တို့ဘဝမပြည့်စုံသေးပါဘူး.. ချမ်းလဲ မချမ်းသာဘူး.. ဒါပေမယ့် သူကျွန်တော့်ကို စိတ်ချမ်းသာအောင်ထားတယ်.. ကျွန်တော်တို့နှစ်ယောက်အေးအေးချမ်းချမ်းပဲဘဝကိုဖြတ်သန်းနေတယ်.. ခရီးတူတူထွက်တယ်..သူ့ကြောင့် ကျွန်တော်ကြိုးစားချင်စိတ်တြွေဖစ်တယ်.. ကျွန်တော့် မိဘ အတွက်အပြင် သူ့အတွက်လဲ ကျွန်တော်အောင်မြင်ချင်တယ်..”

” အလှူရေစက်လက်နဲ့မကွာလှူနိုင်တဲ့ အခြေအနေအထိ ကျွန်တော်တို့ နှစ်ယောက်ဘဝတိုက်ပွဲဝင်နေဆဲပါ..ကျွန်တော့်ဘဝဖြစ်တည်မှူ Gay တစ်ယောက်အဖြစ်နေထိုင်ခြင်းကို အမှားတခုလို့ မတွေးမိတော့ဘူး..ဘယ်တော့မှ နောင်တလဲမရဘူး..ဖြစ်ရာဘဝမှာကောင်းအောင်ပဲနေတယ်.. ကျွန်တော်တို့လို LGBTQ များအားလုံးကိုလဲ အကြံပြုအားပေးချင်တာက ဘယ်လို အကြောင်းကြောင့်နဲ့မှ လက်မလျော့ပါနဲ့..”

“ဘယ်သူ့ကြောင့်မှ ကိုယ့်ဘဝဖြစ်တည်မှူအမှန်တရားကိုဖုံးကွယ်ပြီး မပျော်တဲ့ဘဝမှာ မရှင်သန်ပါနဲ့.. ကိုယ့်ကိုချစ်တဲ့သူတွေအတွက် ဘဝကိုဆက်လက်ရှင်သန်ပါ..ကိုယ့်ကိုဆန့်ကျင်တဲ့သူတွေ မုန်းတဲ့သူတွေကို ဥပေက္ခာပြုပါ..

လူသားတိုင်း ကိုယ်ချစ်တဲ့သူနဲ့ ထာဝရပျော်ပျော်ရွှင်ရွှင်နေသွားနိုင်ပါစေ.. Happy Myanmar Pride ပါ.. နောက်နှစ်တော့ အားလုံးနဲ့တူတူဆင်နွှဲဖို့ ကျွန်တော်တို့နှစ်ယောက် လာနိုင်အောင်ကြိုးစားပါမယ်” လို့ဆိုကာ ပြောပြလာခဲ့ပါတယ်။

ဥက္ကာမင်းမောင်ဟာ လက်ရှိမှာတော့ New York မှာရောက်ရှိနေပြီး သူချစ်တဲ့မိသားစုနဲ့အတူ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနေသူလဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကို ချစ်တဲ့ ချစ်ပရိသတ်တွေအတွက် သူ့အကြောင်းအရာတစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်။