လ တ္တေလာ Corona Virus ျဖစ္ပြားလ်က္ရွိသည့္ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံ၊ ဟူေပျပည္နယ္၊ ဝူဟန္ၿမိဳ႕၌ ပညာသင္ၾကားလ်က္ရွိၾကေသာ ျမန္မာ ေက်ာင္းသူ/ေက်ာင္းသား (၆၃) ဦးအားျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူႏိုင္ေရး အတြက္ အထူးေလယာဥ္ ေစလႊတ္ေခၚယူသြားရန္ ျမန္မာအစိုးရမွ ခြင့္ျပဳခဲ့ ၿပီးျဖစ္ပါသည္။

သို႔ျဖစ္ပါ၍ လိုအပ္သည့္ေလယာဥ္ျဖတ္ေက်ာ္ ပ်ံသန္းခြင့္ႏွင့္ ဆင္းသက္ခြင့္ရရွိေရး၊ ေက်ာင္းသားမ်ားျပန္လည္ေခၚယူႏိုင္ေရးအတြက္ တ႐ုတ္ ျပည္သူ႔သမၼတႏိုင္ငံအစိုးရႏွင့္ သံတမန္လမ္းေၾကာင္းမွ ဆက္သြယ္ေဆာင္႐ြက္လ်က္ ရွိပါေၾကာင္း အသိေပးအေၾကာင္းၾကားအပ္ပါသည္။

ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚယူၿပီးပါက ေက်ာင္းသူ/ေက်ာင္းသားမ်ားအား Corona Virus ကူးစက္မႈရွိ/မရွိ လိုအပ္ေသာ က်န္းမာေရးအရ ေစာင့္ၾကပ္ စစ္ေဆးမႈမ်ားကို စနစ္တက်ျပဳလုပ္သြားရန္လည္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ စီစဥ္ေဆာင္႐ြက္ထားရွိပါေၾကာင္းကိုလည္း တစ္ဆက္တည္း အသိေပးအပ္ပါသည္။

Unicode

မြန်မာအစိုးရမှ အထူးလေယာဉ်စေလွှတ်၍ ဝူဟန်၌ ရောက်ရှိနေသော မြန်မာကျောင်းသူ/ကျောင်းသားများအားပြန်လည်ခေါ်ယူမည်

လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာ ကျောင်းသူ/ကျောင်းသား (၆၃) ဦးအားမြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေး အတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ ပြီးဖြစ်ပါသည်။

သို့ဖြစ်ပါ၍ လိုအပ်သည့်လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ် ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက် ရှိပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှုရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ် စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း တစ်ဆက်တည်း အသိပေးအပ်ပါသည်။