



ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်၊ချစ်သမီးလေး ဆန့်ဆိုင်းဂရေ့စ်အင်ဆန် ကိုကောင်းမွန်စွာမွေးဖွားနိုင်ခဲ့ပါပြီ။ သမီးလေးက၈ပေါင်နဲ့၅အောင်စရှိပြီးကျန်းကျန်းမာမာနဲ့ကျွမ်းကျင်တဲ့ဆရာဝန်တွေရဲ့ကြည့်ရှုစောင့်ရှောက်မှုအောက်မှာရှိနေပါတယ်။သမီးလေးနဲ့မေမေတို့နှစ်ယောက်စလုံးကျန်းမာပြီးအားလုံး

အဆင်ပြေနေပါတယ်။သမီးလေးကိုကောင်းမွန်စွာမွေးဖွားနိုင်ဖို့
အတွက်ဆုမွန်ကောင်းတောင်းပေးကြတဲ့သူတွေ၊ဆုတောင်းကူညီ
ကြတဲ့သူတွေအားလုံးကိုအရမ်းကျေးဇူးတင်ပါတယ်။🙏❤

We are blessed welcome our 8 pound 5 oz girl, San Seng Grace N Sang! She is healthy and nursing already. Both her and mommy is doing well as well. Thank you to all your prayers and well wishes. 🙏🏽❤️

Unicode

အောင်လအန်ဆန်း၏ ဇနီး သမီးငယ်လေး အောင်မြင်စွာ မွေးဖွား (ဗီဒီယိုပါ)

အောင်လအန်ဆန်း၏ ဇနီး၊ သမီးငယ်လေး မွေးဖွား

One Championship ပြိုင်ပွဲ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း၏ ဇနီးမှ ၈ ပေါင် ၅ အောင်စ ရှိသည့် သမီးငယ်လေးအား ယနေ့ မွေးဖွားခဲ့‌သည်။

သမီးငယ်လေးနှင့် သူမ၏ မိခင်ပါ ကျန်းမာကြောင်း အောင်လအန်ဆန်းက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

သမီးငယ်လေး မွေးဖွားရာတွင် ဆုမွန်ကောင်း တောင်းပေးခဲ့သူများအားလည်း ကျေးဇူးတင်ကြောင်း ချန်ပီယံ အောင်လအန်ဆန်းက ရေးသားဖေါ်ပြထားသည်။