




Unicode

တ ရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ လူလူချင်း ကူးစက်နိုင်ပြီး ကူးစက်နှုန်းမြင့်မားတယ်လို့ သိရှိရပါတယ်…..ဒါကြောင့် တရုတ်အစိုးရကလည်း ဝူဟန်မြို့ကို အဝင်အထွက် ပိတ်ထားပြီး ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေတာပါ….

တစ် ကမ္ဘာလုံးကလည်း အဆိုပါ ဗိုင်းရပ်စ်ရဲ့ ကူးစက်မှု အန္တရာယ်ကို စိုးရိမ်တာကြောင့် ကြိုတင်ပြင်ဆင်မှုတွေလည်း ပြုလုပ်နေကြပါတယ်…

တရုတ်အစိုးရအနေနဲ့ ကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူလူနာတွေနဲ့ သေဆုံးသူတွေဟာ မြင့်တက်လာနေဆဲဖြစ်ပါတယ်….ယနေ့ အချိန်ထိ ထုတ်ပြန်ထားတဲ့သတင်းတွေအရ
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၅၉၇၄ ယောက်နဲ့ သေဆုံးသူ ၁၃၂ ယောက်ထိ ရှိလာခဲ့ပြီလို့ သိရပါတယ်…

အဆိုပါကူးစက်မှုနှုန်းထားဟာ ၂၀၀၂-၂၀၀၃ ခုနှစ်တုန်းက တရုတ်မှာ ဖြစ်ပွားခဲ့တဲ့ ဆားစ်ရောဂါ ကူးစက်သူလူဦးရေထက်ကျော်လွန်သွားပြီလို့ သိရပါတယ်..

Writer – HW (Shwe Yaung Lan)