





ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ


Unicode

တ ရုတ်အစိုးရက ဝူဟန်မြို့မှာ ကူးစက်ပြန့်နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာတွေကို ကုသဖို့အတွက် ဆေးရုံအသစ်ကြီးကို ဝူဟန်မြို့ပြင်မှာ ဆောက်လုပ်နေခဲ့ပါတယ်…

ကုတင် ၁၀၀၀ ဆန့်တဲ့ အဆိုပါဆေးရုံသစ်ကြီးကို ၆ ရက်အတွင်းပြီးအောင် ဆောက်မယ်ဆိုတာကြောင့် တစ်ကမ္ဘာလုံးကလည်း ဖြစ်မှဖြစ်နိုင်ပါ့မလားလို့ စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ကြတာပါ….

ဇန်နဝါရီလ ၂၈ ရက်နေ့မှာတော့ တရုတ်အစိုးရက ၎င်းတို့ပြောထားတဲ့အတိုင်း ဆေးရုံအသစ်ကြီးကို ၆ ရက်တည်းနဲ့ ပြီးအောင်ဆောက်ပြီး ဖွင့်လှစ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်….

ကို ကာကွယ်ကုသနိုင်မည့် ဆေးရုံသစ်ကြီးကို ၂ ရက်အတွင်း ပြီးစီးအောင် ဆောက်လုပ်ခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့က ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

Dabie Mountain Regional Medical Centre လို့အမည်ပေးထားတဲ့ အဆိုပါဆေးရုံသစ်ကြီးကို ဝူဟန်မြို့နဲပ ၄၆ မိုင်အကွာမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး စက်ယန္တရားပေါင်းမြောက်မြားစွာကို အသုံးပြုတည်ဆောက်ခဲ့တာပါ…. တချို့လူနာတွေကိုလည်း အဆိုပါဆေးရုံသစ်ကြီးမှာ ၂၈ ရက်နေ့ကတည်းက ပြောင်းရွှေ့ကုသနေပြီဖြစ်တယ်လို့လည်း သိရပါတယ်….

တကယ့်ကို အံ့မခန်းစွမ်းဆောင်ရည်ပဲနော် ပရိသတ်ကြီး……ဒီ့ထက်ပိုစွမ်းဆောင်နိုင်ပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေကို ပျောက်ကင်းစေတဲ့ ဆေးလည်း တီထွင်အောင်မြင်ပါစေလို့ ဆုတောင်းပေးခဲ့ကြပါအုံးနော်..ဆေးရုံသစ်ကြီး ဗီဒီယိုကိုလည်း ကြည့်ရှုနိုင်ဖို့ အောက်မှာ ဖော်ပြပေးထားပါတယ်နော်…

Writer – HW (Shwe Yaung Lan)
Video Source : Click Heart TV