တ ႐ုတ္နိုင္ငံက အစျပဳတဲ့ ဝူဟန္ဗိုင္းရပ္စ္ဟာဆိုရင္ လက္ရွိအခ်ိန္မွာ ကူးစက္သူ ၂၀၀၀ ေက်ာ္ ရွိၿပီး ၁၅၀ ခန႔္ ေသဆုံးမႈေတြရွိေနပါတယ္။ ဒါေၾကာင့္ ျမန္မာနိုင္ငံနဲ႔ တ႐ုတ္နိုင္ငံနယ္စပ္က ၿမိဳ႕ေနထိုင္သူမ်ားအေနနဲ႔ အထူးသတိထားသင့္ပါတယ္။

ဒီ ဗိုင္းရပ္စ္ကူးစက္ႏႈန္း အရမ္းျမန္တာေၾကာင့္ သတိထားရမွာျဖစ္ပါတယ္။ မၾကာေသးခင္ကလည္း တ႐ုတ္နိုင္ငံက ဝင္လာသူႏွစ္ဦးကို ဝူဟန္ဗိုင္းရပ္စ္ သံသယ ရွိမႈနဲ႔ မူဆယ္ၿမိဳ႕မွာ အနီးကပ္ေစာင့္ၾကပ္ေနရတယ္ဆိုတဲ့ သတင္းေတြ ပ်ံ႕ႏွံ့ခဲ့ပါတယ္။ ဒီလို ေရာဂါကူးစက္သူကေန တစ္ၿမိဳ႕လုံးကူုးစက္မႈေတြ ျဖစ္လာမွာကိုလည္း စိုးရြံ့ေနၾကပါတယ္။

ဒီသတင္းနဲ႔ ပတ္သတ္ၿပီးေတာ့ မူဆယ္ က်န္းမာေရးတာဝန္ရွိသူမ်ားအေနျဖင့္ မူဆယ္မွာဝူဟန္ ဗိုင္းရပ္စ္ ကို မေတြ႕ရေၾကာင္းနဲ႔ တ႐ုတ္နိုင္ငံသား ႏွစ္ဦးမွာလည္း ရိုးရိုးဖ်ားနာတာျဖစ္ေၾကာင္း ျပန္လည္ ရွင္းလင္းထုတ္ျပန္လာပါတယ္။

လက္ရွိအခ်ိန္မွာ နယ္စပ္ၿမိဳ႕ေတြမွာ လိုအပ္တဲ့စိစစ္မႈေတြ လုပ္ေဆာင္ေနၿပီး က်န္းမာေရးဝန္ထမ္းနဲ႔ လူမႈက႐ုဏာအသင္းေတြကလည္း ပူးေပါင္းပါဝင္ေဆာင္ရြက္နိုင္ဖို႔အတြက္ အသင့္ရွိေနတယ္လို႔ သိရပါတယ္။

Writer – SMT ( Shwe Yaung Lan )

Unicode

တ ရုတ်နိုင်ငံက အစပြုတဲ့ ဝူဟန်ဗိုင်းရပ်စ်ဟာဆိုရင် လက်ရှိအချိန်မှာ ကူးစက်သူ ၂၀၀၀ ကျော် ရှိပြီး ၁၅၀ ခန့် သေဆုံးမှုတွေရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်က မြို့နေထိုင်သူများအနေနဲ့ အထူးသတိထားသင့်ပါတယ်။

ဒီ ဗိုင်းရပ်စ်ကူးစက်နှုန်း အရမ်းမြန်တာကြောင့် သတိထားရမှာဖြစ်ပါတယ်။ မကြာသေးခင်ကလည်း တရုတ်နိုင်ငံက ဝင်လာသူနှစ်ဦးကို ဝူဟန်ဗိုင်းရပ်စ် သံသယ ရှိမှုနဲ့ မူဆယ်မြို့မှာ အနီးကပ်စောင့်ကြပ်နေရတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။ ဒီလို ရောဂါကူးစက်သူကနေ တစ်မြို့လုံးကူုးစက်မှုတွေ ဖြစ်လာမှာကိုလည်း စိုးရွံ့နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သတ်ပြီးတော့ မူဆယ် ကျန်းမာရေးတာဝန်ရှိသူများအနေဖြင့် မူဆယ်မှာဝူဟန် ဗိုင်းရပ်စ် ကို မတွေ့ရကြောင်းနဲ့ တရုတ်နိုင်ငံသား နှစ်ဦးမှာလည်း ရိုးရိုးဖျားနာတာဖြစ်ကြောင်း ပြန်လည် ရှင်းလင်းထုတ်ပြန်လာပါတယ်။

လက်ရှိအချိန်မှာ နယ်စပ်မြို့တွေမှာ လိုအပ်တဲ့စိစစ်မှုတွေ လုပ်ဆောင်နေပြီး ကျန်းမာရေးဝန်ထမ်းနဲ့ လူမှုကရုဏာအသင်းတွေကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် အသင့်ရှိနေတယ်လို့ သိရပါတယ်။

Writer – SMT ( Shwe Yaung Lan )