





Unicode

လူ ရွှင်တော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဗေလုဝဟာ ဦးနှောက်သွေးခဲတဲ့ဝေဒနာကြောင့် ဆေးရုံတက်ကုသနေရာကနေ သက်သာလာလို့ ဆေးရုံက ပြန်ဆင်းလာခဲ့ပြီပဲ ဖြစ်ပါတယ်…ဆေးရုံက ဆင်းလာလာချင်းမှာပဲ သူ့ရဲ့ လယ်သူမ ထမင်းဆိုင်ကိုလည်း သွားရောက်ကြည့်ရှုခဲ့ပါသေးတယ်…ဒါကြောင့် ဗေလုဝတစ်ယောက်အမြန်ရောဂါပျောက်ကင်းပါစေလို့ ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေက ခုလိုကျန်းမာလာတာကြောင့် ဝမ်းသာခဲ့ရပါတယ်…

ဒါေ ပမဲ့ ဗေလုဝဟာ ဆေးရုံက ဆင်းလာပြီဖြစ်သော်လည်း ပြန်ကောင်းမလာသေးတဲ့ ကျန်းမာရေးအခြေအနေတစ်ခုကို ဇနီးဖြစ်သူက ပြောပြသွားတာကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့ရှိရပါတယ်…

အဲတာကတော့ ဗေလုဝဟာ အာရုံကြောသွေးယိုခဲ့ပြီး စကားပြောတဲ့ အပိုင်းကို ထိသွားတာကြောင့် စကားပြောဖို့ ပြန်လေ့ကျင့်ရမယ်လို့ ဆိုပါတယ်….ဒါကြောင့် စာပေဟောပြောပွဲတွေကို လွှတ်ဖို့ အဆင်မပြေတော့ဘူးလို့လည်း သိရပါတယ်…..

စကားပြောနိုင်ဖို့ အသံပိုင်းဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ ပြသသွားမယ်လို့လည်း ဆိုပါတယ်… ဒါ့အပြင် အကုန်လုံးကို မှတ်မိနေပြီဖြစ်ပြီး သူ့ သူငယ်ချင်းတွေ လာရင်ငိုကာ စကားကတော့ တစ်ခါတစ်လေ သူ့ သူငယ်ချင်းတွေ ဖုန်းဆက်တဲ့အခါကျရင် တစ်ခွန်း နှစ်ခွန်း ပြောတယ်လို့ ဇနီးဖြစ်သူက ဆိုခဲ့ပါတယ်…ဗေလုဝအတွက် စိတ်ပူပြီး ဆုတောင်းပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဇနီးဖြစ်သူက ဆိုထားပါတယ်….

ဒါကြောင့် ပရိသတ်ကြီးတို့လည်း ဦးဗေလုဝတစ်ယောက် အသံပိုင်းဆိုင်ရာထိခိုက်မှုတွေ အမြန်ဆုံးကောင်းမွန်လာပါစေလို့ ဆက်လက်ဆုတောင်းပေးကြပါအုံးနော်…

Writer – HW (Shwe Yaung Lan)