႐ုပ္ ရွင္ရိုက္ထားတာေတာင္ ဇာတ္ကားထြက္လာမွ သိရတာ။ေနမ်ိဳးေအာင္ကေတာ့ သားျဖစ္သူ မင္းထိုက္ဟာ အႏုပညာအလုပ္နဲ႔ ပတ္သက္လာရင္ ကိုယ့္အားကိုယ္ကိုးတတ္တဲ့သူပါလို႔ ဆိုပါတယ္။ ဖခင္ကို အားမကိုးပဲ ကိုယ္တိုင္ႀကိဳးစားမႈနဲ႔ အလုပ္ေတြ လုပ္ေနရတဲ့ အေပၚမွာ ဝမ္းသာပီတိျဖစ္တဲ့အေၾကာင္းေတြ ေျပာျပလာပါတယ္။သ႐ုပ္ေဆာင္ ေနမ်ိဳးေအာင္ဟာ သားျဖစ္သူ မင္းထိုက္က အႏုပညာအလုပ္ကို အမ်ားႀကီး တန္ဖိုးထားတယ္လို႔ ဆိုပါတယ္။ ဖခင္ကို အားကိုးမယ့္အစား ကိုယ့္အားကိုယ္ကိုးတတ္တဲ့သူျဖစ္တယ္လို႔ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

သားက ေရႊႀကိဳကို ႏွစ္တိုင္းဝင္ေလၽွာက္တယ္၊ အစ္ကို႔ကိုလည္း အသိမေပးဘူး၊ သူ႔အေမကိုလည္း အသိမေပးဘူး။ ႀကိမ္ႏႈန္း ဇာတ္ကားမွာ ပါတုန္းကလည္း အစ္ကို႔ကို အသိမေပးဘူး။ ဒါကေတာ့ သူ႔ရဲ့ ႀကိဳးစားမႈေပါ့ေနာ္ သူဝါသနာပါတဲ့ အႏုပညာအလုပ္ကိုလည္း တန္ဖိုးထားတယ္။ သူပါတဲ့ ဇာတ္ကားထြက္လာမွ ေဖေဖ ေမေမ ဒီဇာတ္ကားထဲမွာ သားပါတယ္ ဆိုေတာ့မွ ေၾသာ္ဟုတ္လား ေအးေပါ့။ ဒါပဲ ေျပာစရာရွိေတာ့တယ္ေလ” လို႔ သူက ေျပာပါတယ္။

ယေန႔ေခတ္မွာေတာ့ အႏုပညာအလုပ္လုပ္ခ်င္တဲ့ လူငယ္ေတြအတြက္ အခြင့္အေရးေတြ အမ်ားႀကီးရွိတယ္လို႔ ေနမ်ိဳးေအာင္က ေျပာပါတယ္။ တစ္ႏွစ္တစ္ခါ က်င္းပျပဳလုပ္တဲ့ ႐ုပ္ရွင္ထူးခၽြန္ဆုေပးပြဲမွာ ေရႊႀကိဳတစ္ေယာက္ ျဖစ္တာနဲ႔ သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္ဖို႔ လြယ္တယ္လို႔ သူကဆိုပါတယ္။“ အစ္ကိုတို႔တုန္းကဆိုရင္ ေရႊႀကိဳဆိုတာမ်ိဳး အခြင့္အေရးမရခဲ့ဘူး။ အစ္ကိုတို႔က ဗီဒီယိုဇာတ္ကားေတြကေနၿပီးေတာ့ စၿပီးေတာ့ ေလၽွာက္လွမ္းရတာဆိုေတာ့ အခုေခတ္ လူငယ္ေတြ၊ အႏုပညာကို ဝါသနာပါတဲ့ မ်ိဳးဆက္သစ္ေတြအတြက္ အခြင့္အလမ္းေတြ အမ်ားႀကီး ရွိလာပါတယ္။ ေရႊႀကိဳဆိုရင္လည္း ပါသြားရင္ ပါသြားတဲ့အေလၽွာက္ အခြင့္အေရးရတယ္၊ ႀကိဳးလည္း ႀကိဳးစားရမွာေပါ့” လို႔ ဆိုပါတယ္။

သားျဖစ္သူ မင္းထိုက္ကိုလည္း ေနမ်ိဳးေအာင္က ေရႊႀကိဳေမာင္ တစ္ေယာက္ျဖစ္ေစခ်င္တယ္လို႔ သိရပါတယ္။ ဒါေပမယ့္ မင္းထိုက္ဟာ အႏုပညာအလုပ္ေတြ လုပ္ေနရၿပီ ျဖစ္တာေၾကာင့္ ေနမ်ိဳးေအာင္ဟာ ဖခင္တစ္ေယာက္အေနနဲ႔ သားကို သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္ဖို႔အတြက္ သင္ျပ၊ ဆုံးမ တာမ်ိဳးေတြပဲ လုပ္ျဖစ္တယ္လို႔ ဆိုပါတယ္။“ အစ္ကိုကေတာ့ အႏုပညာအလုပ္နဲ႔ ပတ္သက္လာရင္ သူ႔ကို လမ္းေၾကာင္းမွန္ေပၚပဲ တင္ေပးမွာပါ။ အႏုပညာသမားတစ္ေယာက္ရဲ့ သားျဖစ္လို႔ မင္းသား၊ မင္းသမီးျဖစ္မယ္ဆိုတာကိုေတာ့ မရွိပါဘူး။ အႏုပညာေလာကထဲမွာ အရမ္းေတာ္တဲ့သူေတြကို လက္ခ်ိဳးေရတြက္လို႔ရပါတယ္။ သူတို႔ကလည္း အခုခ်ိန္ထိ တန္ဖိုးရွိတဲ့ သူေတြပါပဲ” ဆိုၿပီးေတာ့ ဇန္နဝါရီလ ၂၇ ရက္ေန႔က ေရႊႀကိဳလူေတြ႕စစ္ေဆးတဲ့ေန႔မွာ အကဲျဖတ္ဒိုင္အျဖစ္ တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

မင္းထိုက္ကိုေတာ့ Star Awards ဆုေရြးခ်ယ္ပြဲမွာ ဗန္းကိုင္ တစ္ဦးအျဖစ္ပရိသတ္ေတြ စတင္သိရွိခဲ့တာျဖစ္ပါတယ္။ အခုလက္ရွိမွာလည္း ဖခင္ျဖစ္သူ ေနမ်ိဳးေအာင္နဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားေတြ ရိုက္ကူးေနတာကို ေတြ႕ရပါတယ္။ေနမ်ိဳးေအာင္ဟာ အႏုပညာေလာကထဲကို စတင္ဝင္ေရာက္လာခ်ိန္တုန္းက စီနီယာ ဆရာသမားေတြအေနာက္ကေန လြယ္အိတ္တစ္လုံး လြယ္ရင္း မွတ္တမ္းေရး၊ Edit ျဖတ္ ဆိုတဲ့ အေနအထား တစ္ခုကေန ဒီေန႔ ဒီအခ်ိန္ထိ အႏုပညာေလာကမွာ ရပ္တည္နိုင္ေအာင္ ပရိသတ္က ေနရာေပးခဲ့တာပါလို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။သူဟာ အက္ရွင္မင္းသားတစ္ေယာက္အျဖစ္ နယ္ပရိသတ္အားေပးမႈ နဲ႔ ေအာင္ျမင္ခဲ့တဲ့ မင္းသားတစ္ေယာက္ျဖစ္ပါတယ္။ အခုဆိုရင္ ရန္ကုန္ပရိသတ္ေတြရဲ့ အားေပးမႈလည္း ရရွိေနတာျဖစ္ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးေတြလည္း ရိုက္ကူးေနရပါတယ္။

Unicode

ရုပ် ရှင်ရိုက်ထားတာတောင် ဇာတ်ကားထွက်လာမှ သိရတာ။နေမျိုးအောင်ကတော့ သားဖြစ်သူ မင်းထိုက်ဟာ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူပါလို့ ဆိုပါတယ်။ ဖခင်ကို အားမကိုးပဲ ကိုယ်တိုင်ကြိုးစားမှုနဲ့ အလုပ်တွေ လုပ်နေရတဲ့ အပေါ်မှာ ဝမ်းသာပီတိဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။သရုပ်ဆောင် နေမျိုးအောင်ဟာ သားဖြစ်သူ မင်းထိုက်က အနုပညာအလုပ်ကို အများကြီး တန်ဖိုးထားတယ်လို့ ဆိုပါတယ်။ ဖခင်ကို အားကိုးမယ့်အစား ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

သားက ရွှေကြိုကို နှစ်တိုင်းဝင်လျှောက်တယ်၊ အစ်ကို့ကိုလည်း အသိမပေးဘူး၊ သူ့အမေကိုလည်း အသိမပေးဘူး။ ကြိမ်နှုန်း ဇာတ်ကားမှာ ပါတုန်းကလည်း အစ်ကို့ကို အသိမပေးဘူး။ ဒါကတော့ သူ့ရဲ့ ကြိုးစားမှုပေါ့နော် သူဝါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း တန်ဖိုးထားတယ်။ သူပါတဲ့ ဇာတ်ကားထွက်လာမှ ဖေဖေ မေမေ ဒီဇာတ်ကားထဲမှာ သားပါတယ် ဆိုတော့မှ သြော်ဟုတ်လား အေးပေါ့။ ဒါပဲ ပြောစရာရှိတော့တယ်လေ” လို့ သူက ပြောပါတယ်။

ယနေ့ခေတ်မှာတော့ အနုပညာအလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးတွေ အများကြီးရှိတယ်လို့ နေမျိုးအောင်က ပြောပါတယ်။ တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက် ဖြစ်တာနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ လွယ်တယ်လို့ သူကဆိုပါတယ်။“ အစ်ကိုတို့တုန်းကဆိုရင် ရွှေကြိုဆိုတာမျိုး အခွင့်အရေးမရခဲ့ဘူး။ အစ်ကိုတို့က ဗီဒီယိုဇာတ်ကားတွေကနေပြီးတော့ စပြီးတော့ လျှောက်လှမ်းရတာဆိုတော့ အခုခေတ် လူငယ်တွေ၊ အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ရှိလာပါတယ်။ ရွှေကြိုဆိုရင်လည်း ပါသွားရင် ပါသွားတဲ့အလျှောက် အခွင့်အရေးရတယ်၊ ကြိုးလည်း ကြိုးစားရမှာပေါ့” လို့ ဆိုပါတယ်။

သားဖြစ်သူ မင်းထိုက်ကိုလည်း နေမျိုးအောင်က ရွှေကြိုမောင် တစ်ယောက်ဖြစ်စေချင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မင်းထိုက်ဟာ အနုပညာအလုပ်တွေ လုပ်နေရပြီ ဖြစ်တာကြောင့် နေမျိုးအောင်ဟာ ဖခင်တစ်ယောက်အနေနဲ့ သားကို သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် သင်ပြ၊ ဆုံးမ တာမျိုးတွေပဲ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။“ အစ်ကိုကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် သူ့ကို လမ်းကြောင်းမှန်ပေါ်ပဲ တင်ပေးမှာပါ။ အနုပညာသမားတစ်ယောက်ရဲ့ သားဖြစ်လို့ မင်းသား၊ မင်းသမီးဖြစ်မယ်ဆိုတာကိုတော့ မရှိပါဘူး။ အနုပညာလောကထဲမှာ အရမ်းတော်တဲ့သူတွေကို လက်ချိုးရေတွက်လို့ရပါတယ်။ သူတို့ကလည်း အခုချိန်ထိ တန်ဖိုးရှိတဲ့ သူတွေပါပဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြိုလူတွေ့စစ်ဆေးတဲ့နေ့မှာ အကဲဖြတ်ဒိုင်အဖြစ် တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

မင်းထိုက်ကိုတော့ Star Awards ဆုရွေးချယ်ပွဲမှာ ဗန်းကိုင် တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဖခင်ဖြစ်သူ နေမျိုးအောင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။နေမျိုးအောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်တုန်းက စီနီယာ ဆရာသမားတွေအနောက်ကနေ လွယ်အိတ်တစ်လုံး လွယ်ရင်း မှတ်တမ်းရေး၊ Edit ဖြတ် ဆိုတဲ့ အနေအထား တစ်ခုကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာလောကမှာ ရပ်တည်နိုင်အောင် ပရိသတ်က နေရာပေးခဲ့တာပါလို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။