မေလး ရွားနိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး မဟုတ္မမွန္ သတင္းအမွားေတြျဖန႔္ခ်ိခဲ့တဲ့ အသက္ ၃၄ ႏွစ္အရြယ္ရွိ လူတစ္ဦးကို အဂၤါေန႔(ဇန္နဝါရီလ ၂၈ )က ဘန္ဂီၿမိဳ႕မွာ ရဲတပ္ဖြဲ႕က ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီလို႔ MCDC(the Malaysian Communications and Multimedia Commission) က ေျပာၾကားခဲ့ပါတယ္။

“သံသယရွိသူဟာ ဇန္နဝါရီလ ၂၆ ရက္ေန႔က ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ မဟုတ္မမွန္ သတင္းအမွားေတြကို ျဖန႔္ခ်ိခဲ့တာေၾကာင့္ ဖမ္းဆီးခံခဲ့ရတာ ျဖစ္တယ္။ ေဖ့ဘုတ္ေပၚမွာ ဝူဟန္ဗိုင္းရပ္စ္နဲ႔ ပတ္သတ္တဲ့ သတင္းအမွားေတြကို ျဖန႔္ခ်ိခဲ့တဲ့ သံသယရွိသူရဲ့ မိုဘိုင္းဖုန္းနဲ႔ ဆင္းကဒ္ေတြကိုလည္း သိမ္းဆည္းလိုက္ၿပီ ျဖစ္တယ္”လို႔ MCDCမွ ဗုဒၶဟူးေန႔မွာ ေၾကညာခဲ့ပါတယ္။

ယင္းအမႈဟာ ျပစ္မႈထင္ရွား စီရင္ျခင္း ခံရရင္ ၁၉၉၈ ခုႏွစ္ သတင္းအခ်က္အလက္ ဆက္သြယ္ေရးနဲ႔ မာတီမီဒီယာ အက္ ဥပေဒပုဒ္မ ၂၃၃ အရ ေငြဒဏ္ ရင္းဂစ္ ၅၀၀၀၀(အေမရိကန္ ေဒၚလာ ၁၇၀၀၀) သို႔မဟုတ္ တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ သို႔မဟုတ္ ဒဏ္ႏွစ္ရပ္လုံး စီရင္ျခင္း ခံရမွာ ျဖစ္ပါတယ္။မဟုတ္မမွန္တဲ့ သတင္းအမွားေတြ ျဖန႔္ျခင္းျဖင့္ အမ်ားျပည္သူ ေၾကာက္ရြံ့ထိတ္လန႔္မႈ ျဖစ္ေစတာေၾကာင့္ ေထာင္ဒဏ္ ၂ ႏွစ္ (သို႔မဟုတ္) ေငြဒဏ္ (သို႔မဟုတ္)

ဒဏ္ႏွစ္ရပ္လုံးက်ခံရနိုင္တဲ့ ျပစ္မႈဆိုင္ရာ ဥပေဒပုဒ္မ ၅၀၅အရ စစ္ေဆးခံရနိုင္တယ္လို႔ လည္း ေကာ္မရွင္က ေျပာၾကားခဲ့ပါတယ္။ယခုမွာေတာ့ ေနာက္ထပ္ သတင္းအမွားေတြကို တရားမဝင္ ျဖန႔္ခ်ိေနတဲ့ သံသယရွိသူ ၃ ဦးကို MCDCနဲ႔ ရဲတပ္ဖြဲ႕မွ ဆက္လက္ရွာေဖြေနေၾကာင္း သိရပါတယ္။ “အဲ့ဒါဟာ ဒီသတင္းအမွားေတြ ျဖန႔္ခ်ိေနၾကျခင္းအေပၚ ကၽြန္ေတာ္တို႔က ျပင္းျပင္းထန္ထန္ အေရးယူေနတယ္ဆိုတာကို ျပသတယ္”လိ့ု MCDCနဲ႔ ရဲတပ္ဖြဲ႕က ေျပာခဲ့ပါတယ္။

Unicode

မလေး ရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မဟုတ်မမှန် သတင်းအမှားတွေဖြန့်ချိခဲ့တဲ့ အသက် ၃၄ နှစ်အရွယ်ရှိ လူတစ်ဦးကို အင်္ဂါနေ့(ဇန်နဝါရီလ ၂၈ )က ဘန်ဂီမြို့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ MCDC(the Malaysian Communications and Multimedia Commission) က ပြောကြားခဲ့ပါတယ်။

“သံသယရှိသူဟာ ဇန်နဝါရီလ ၂၆ ရက်နေ့က ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ မဟုတ်မမှန် သတင်းအမှားတွေကို ဖြန့်ချိခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်။ ဖေ့ဘုတ်ပေါ်မှာ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သတ်တဲ့ သတင်းအမှားတွေကို ဖြန့်ချိခဲ့တဲ့ သံသယရှိသူရဲ့ မိုဘိုင်းဖုန်းနဲ့ ဆင်းကဒ်တွေကိုလည်း သိမ်းဆည်းလိုက်ပြီ ဖြစ်တယ်”လို့ MCDCမှ ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ယင်းအမှုဟာ ပြစ်မှုထင်ရှား စီရင်ခြင်း ခံရရင် ၁၉၉၈ ခုနှစ် သတင်းအချက်အလက် ဆက်သွယ်ရေးနဲ့ မာတီမီဒီယာ အက် ဥပဒေပုဒ်မ ၂၃၃ အရ ငွေဒဏ် ရင်းဂစ် ၅၀၀၀၀(အမေရိကန် ဒေါ်လာ ၁၇၀၀၀) သို့မဟုတ် တစ်နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး စီရင်ခြင်း ခံရမှာ ဖြစ်ပါတယ်။မဟုတ်မမှန်တဲ့ သတင်းအမှားတွေ ဖြန့်ခြင်းဖြင့် အများပြည်သူ ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေတာကြောင့် ထောင်ဒဏ် ၂ နှစ် (သို့မဟုတ်) ငွေဒဏ် (သို့မဟုတ်)

ဒဏ်နှစ်ရပ်လုံးကျခံရနိုင်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅အရ စစ်ဆေးခံရနိုင်တယ်လို့ လည်း ကော်မရှင်က ပြောကြားခဲ့ပါတယ်။ယခုမှာတော့ နောက်ထပ် သတင်းအမှားတွေကို တရားမဝင် ဖြန့်ချိနေတဲ့ သံသယရှိသူ ၃ ဦးကို MCDCနဲ့ ရဲတပ်ဖွဲ့မှ ဆက်လက်ရှာဖွေနေကြောင်း သိရပါတယ်။ “အဲ့ဒါဟာ ဒီသတင်းအမှားတွေ ဖြန့်ချိနေကြခြင်းအပေါ် ကျွန်တော်တို့က ပြင်းပြင်းထန်ထန် အရေးယူနေတယ်ဆိုတာကို ပြသတယ်”လို့ MCDCနဲ့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။