မီးေ လာင္တယ္ဆိုတာ လက္ေတြ႕ဘဝထဲမွာ အရမ္းကိုဆိုးရြားတဲ့အျဖစ္အပ်က္မ်ိဳးျဖစ္ေပမယ့္ မီးေလာင္တာကိုအိပ္မက္မက္တယ္ဆိုရင္ေတာ့ အဲ့ဒါက သင့္အတြက္အရမ္းေကာင္းပါတယ္။ အိပ္မက္ထဲမွာ မီးေလာင္တယ္လို႔ ျမင္မက္တဲ့အခါ ဒီလိုကံေကာင္းမႈမ်ိဳးေတြကို မၾကာခင္ၾကဳံေတြ႕ရေတာ့မွာပါ။

အလုပ္နဲ႔ပတ္သက္လို႔ ကံေကာင္းျခင္းေတြျဖစ္ပါလိမ့္မယ္။ ရာထူးတိုးတာ၊ လစာတိုးတာ၊ အလုပ္မွာစိတ္အေႏွာက္အယွက္ျဖစ္ရတဲ့ အခက္အခဲေတြေျပလည္သြား တာေတြ ျဖစ္တတ္ၿပီး အလုပ္ေၾကာင့္ စိတ္ပင္ပန္းရတာေတြနည္းသြားမယ့္ နိမိတ္ပါ။

မၾကာခင္အခ်ိန္အတြင္းမွာ ဘဝအတြက္ႀကီးမားတဲ့ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ရနိုင္ၿပီး အဲ့ဒီအရာ သင့္ေရွ႕ေရးအတြက္ေကာင္းက်ိဳးေပးမယ့္အရာမ်ိဳးျဖစ္ပါလိမ့္မယ္။

သင္က မီးေလာင္ေနတဲ့အထဲကေန တစ္ေယာက္ေယာက္ကိုကယ္တင္လာတယ္လို႔ မက္ရင္ေတာ့ မၾကာခင္မွာ သင့္ရဲ့အစြမ္းအစ၊ ကိုယ္ရည္ကိုယ္ေသြးကို ျပသဖို႔အခြင့္အလမ္းရတတ္ပါတယ္။ တန္ဖိုးႀကီးပစၥည္းေတြ လက္ေဆာင္ရတတ္ပါတယ္။

မီးထဲကေနသင့္ကိုတစ္ေယာက္ေယာက္ကလာကယ္တယ္လို႔မက္ရင္ေတာ့ သင္ေလးစားအားက်ရတဲ့သူေတြဆီကေန အဖိုးတန္အႀကံဉာဏ္ေတြကိုရတတ္ပါတယ္။

သင္ကမီးကိုၿငိမ္းလိုက္နိုင္တယ္လို႔မက္တယ္ဆိုရင္ေတာ့ အခ်ိန္အၾကာႀကီးမေျဖရွင္းနိုင္ျဖစ္ေနတဲ့ ျပႆနာေတြကိုေျဖရွင္းနိုင္မယ္။ စိတ္ထဲမွာ မတင္မက်ျဖစ္ေနတာေတြ လုံးဝရွင္းသြားပါလိမ့္မယ္။

မီးေလာင္ၿပီးေသသြားတယ္လို႔မက္တာဟာလည္း သင့္အတြက္ေကာင္းတဲ့အိပ္မက္ပါပဲ။ ဒါဟာ သင့္ဘဝမွာ လုံးဝမထင္မွတ္ထားတဲ့ အခ်ိဳးအေကြ႕မ်ိဳး၊ အေျပာင္းအလဲမ်ိဳး ျဖစ္လာတတ္ၿပီး အဲ့ဒီအခ်ိဳးအေကြ႕၊အေျပာင္းအလဲေၾကာင့္ပဲ သင့္အေနနဲ႔ ဘဝမွာပိုၿပီးေပ်ာ္ရႊင္ရမွာပါ။

written by PP

Unicode

မီးေ လာင်တယ်ဆိုတာ လက်တွေ့ဘဝထဲမှာ အရမ်းကိုဆိုးရွားတဲ့အဖြစ်အပျက်မျိုးဖြစ်ပေမယ့် မီးလောင်တာကိုအိပ်မက်မက်တယ်ဆိုရင်တော့ အဲ့ဒါက သင့်အတွက်အရမ်းကောင်းပါတယ်။ အိပ်မက်ထဲမှာ မီးလောင်တယ်လို့ မြင်မက်တဲ့အခါ ဒီလိုကံကောင်းမှုမျိုးတွေကို မကြာခင်ကြုံတွေ့ရတော့မှာပါ။

အလုပ်နဲ့ပတ်သက်လို့ ကံကောင်းခြင်းတွေဖြစ်ပါလိမ့်မယ်။ ရာထူးတိုးတာ၊ လစာတိုးတာ၊ အလုပ်မှာစိတ်အနှောက်အယှက်ဖြစ်ရတဲ့ အခက်အခဲတွေပြေလည်သွား တာတွေ ဖြစ်တတ်ပြီး အလုပ်ကြောင့် စိတ်ပင်ပန်းရတာတွေနည်းသွားမယ့် နိမိတ်ပါ။

မကြာခင်အချိန်အတွင်းမှာ ဘဝအတွက်ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချရနိုင်ပြီး အဲ့ဒီအရာ သင့်ရှေ့ရေးအတွက်ကောင်းကျိုးပေးမယ့်အရာမျိုးဖြစ်ပါလိမ့်မယ်။

သင်က မီးလောင်နေတဲ့အထဲကနေ တစ်ယောက်ယောက်ကိုကယ်တင်လာတယ်လို့ မက်ရင်တော့ မကြာခင်မှာ သင့်ရဲ့အစွမ်းအစ၊ ကိုယ်ရည်ကိုယ်သွေးကို ပြသဖို့အခွင့်အလမ်းရတတ်ပါတယ်။ တန်ဖိုးကြီးပစ္စည်းတွေ လက်ဆောင်ရတတ်ပါတယ်။

မီးထဲကနေသင့်ကိုတစ်ယောက်ယောက်ကလာကယ်တယ်လို့မက်ရင်တော့ သင်လေးစားအားကျရတဲ့သူတွေဆီကနေ အဖိုးတန်အကြံဉာဏ်တွေကိုရတတ်ပါတယ်။

သင်ကမီးကိုငြိမ်းလိုက်နိုင်တယ်လို့မက်တယ်ဆိုရင်တော့ အချိန်အကြာကြီးမဖြေရှင်းနိုင်ဖြစ်နေတဲ့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်။ စိတ်ထဲမှာ မတင်မကျဖြစ်နေတာတွေ လုံးဝရှင်းသွားပါလိမ့်မယ်။

မီးလောင်ပြီးသေသွားတယ်လို့မက်တာဟာလည်း သင့်အတွက်ကောင်းတဲ့အိပ်မက်ပါပဲ။ ဒါဟာ သင့်ဘဝမှာ လုံးဝမထင်မှတ်ထားတဲ့ အချိုးအကွေ့မျိုး၊ အပြောင်းအလဲမျိုး ဖြစ်လာတတ်ပြီး အဲ့ဒီအချိုးအကွေ့၊အပြောင်းအလဲကြောင့်ပဲ သင့်အနေနဲ့ ဘဝမှာပိုပြီးပျော်ရွှင်ရမှာပါ။

written by PP