ထို င္းေျမာက္ပိုင္း၊ ခ်င္းမိုင္ခရိုင္၊ မဲ့လိမ္းၿမိဳ႕နယ္ထဲမွာ တ႐ုတ္နိုင္ငံက လာတဲ့ ခရီးသြားဧည့္သည္ အမ်ိဳးသမီးတဦး ဒီကေန႔မနက္က ႐ုတ္တရက္ ေသဆုံးသြားပါတယ္။

မ ယ့္လိမ္းၿမိဳ႕နယ္၊ မဲ့လိုမ္းရပ္ကြက္ရွိ ဥယ်ာဥ္ဟိုတယ္ (Resort) တခုမွာ တ႐ုတ္ျပည္က လာတဲ့ ခရီးသြားဧည့္သည္ ၁ ဦး ႐ုတ္တရက္ ေသဆုံးသြားေၾကာင္း ဒီမနက္ ၁၁ နာရီ ေလာက္က အေရးေပၚဖုန္းလိုင္းကေန သတင္းရလို႔ က်န္းမာေရးဝန္ထမ္းေတြနဲ႔အတူ ကူးစက္ေရာဂါက ကာကြယ္ေရးဝတ္စုံေတြ ဝတ္ဆင္ၿပီး သြားေရာက္စစ္ေဆးခဲ့တယ္လို႔ မဲ့လိမ္းၿမိဳ႕နယ္ ရဲစခန္းမႉး မာႏြတ္ ဆြတ္ဆဝဒီက သတင္းေထာက္ေတြကို ေျပာပါတယ္ … ။

အဆိုပါဧည့္သည္မွာ အသက္ ၃၂ ႏွစ္ရြယ္ရွိ အမ်ိဳးသမီးတဦးျဖစ္ၿပီး မေန႔ကမွ တ႐ုတ္ျပည္အလယ္ပိုင္း ကြမ္က်ိဳးၿမိဳ႕ကေန ခ်င္းမိုင္ကို ေရာက္ရွိလာေၾကာင္း ဒီမနက္မွာေတာ့ သူ တည္းခိုရာ ပန္းၿခံဟိုတယ္ (Resort) ထဲမွာပဲ ေသဆုံးခဲ့တာလို႔ စခန္းမႉးက ဆက္ေျပာပါတယ္ … ။

အဆိုပါ အမ်ိဳးသမီးရဲ့ ခရီးသြားေဖာ္က သူနဲ႔အတူ ကြမ္က်ိဳးကေန ၅ ေယာက္ ခရီးတူတူ ထြက္ခြာလာေၾကာင္း၊ ေသဆုံးသူမွာ ဒီမတိုင္ခင္က ဘာေရာဂါမွမရွိသလို ကိုယ္ပူျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ႏွာေစးျခင္းေတြ တစုံတရာ မရွိေၾကာင္း၊ မေန႔ညကေတာ့ အရက္ေသာက္တာ နည္းနည္းမ်ားၿပီး ည ၁၀ နာရီေလာက္မွာ အိပ္ရာဝင္ကာ ဒီေန႔မနက္မွာေတာ့ သူ႔အခန္းထဲမွာပဲ ေသဆုံးေနတာလို႔ ဆိုပါတယ္ … ။

သူရဲ့အေလာင္းကို နခြန္းဖိင္းေဆး႐ုံသို႔ ပို႔ေဆာင္သြားၿပီး ဆရာဝန္ေတြက စစ္ေဆးမႈေတြ ျပဳခဲ့ပါတယ္ ။အဲဒီေနာက္ ခရိုင္က်န္းမာေရးဌာနက ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ က်ဒူးခ်ိဳင္ မဏီလတ္က တ႐ုတ္ခရီးသည္အမ်ိဳးသမီးဟာ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါလကၡဏာ မရွိတာေၾကာင့္ အဆိုပါေရာဂါနဲ႔ ေသဆုံးတာမဟုတ္ေၾကာင္း ဒီကေန႔ မြန္းလြဲပိုင္းမွာပဲ ထုတ္ျပန္ေျပာဆိုလိုက္ပါတယ္ …. ။

ဒါေပမဲ့ ေသဆုံးရတဲ့အေၾကာင္းရင္းကိုေတာ့ ဆက္လက္ရွာေဖြစစ္ေဆးသြားမယ္လို႔ ဆိုပါတယ္။ခ်င္းမိုင္မွာ နိုင္ငံတကာေလဆိပ္ရွိၿပီး တ႐ုတ္ခရီးသြားေတြ အမ်ားအျပား လာေရာက္လည္ပတ္ေလ့ရွိတဲ့ ၿမိဳ႕တၿမိဳ႕လည္း ျဖစ္ပါတယ္ … ။

ထိုင္းမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၁၄ ဦးထိ ေတြ႕ရွိခဲ့ေပမယ့္ ကေန႔ထိ နိုင္ငံ့ ဝင္ေပါက္ပိတ္ျခင္းမရွိဘဲ ဝင္လာသမၽွ ဧည့္သည္ေတြ လက္ခံေနလို႔ ထိုင္းအစိုးရဟာ ေဝဖန္ခံေနရတာပဲျဖစ္ပါတယ္ …. ။

ကိုးကား – ခ်န္နယ္လ္ ၃ ထိုင္းတီဗြီသတင္း ၊ cm 108 Chiang Mai News DVB TV News

Unicode

ထို င်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ မဲ့လိမ်းမြို့နယ်ထဲမှာ တရုတ်နိုင်ငံက လာတဲ့ ခရီးသွားဧည့်သည် အမျိုးသမီးတဦး ဒီကနေ့မနက်က ရုတ်တရက် သေဆုံးသွားပါတယ်။

မ ယ့်လိမ်းမြို့နယ်၊ မဲ့လိုမ်းရပ်ကွက်ရှိ ဥယျာဉ်ဟိုတယ် (Resort) တခုမှာ တရုတ်ပြည်က လာတဲ့ ခရီးသွားဧည့်သည် ၁ ဦး ရုတ်တရက် သေဆုံးသွားကြောင်း ဒီမနက် ၁၁ နာရီ လောက်က အရေးပေါ်ဖုန်းလိုင်းကနေ သတင်းရလို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ ကူးစက်ရောဂါက ကာကွယ်ရေးဝတ်စုံတွေ ဝတ်ဆင်ပြီး သွားရောက်စစ်ဆေးခဲ့တယ်လို့ မဲ့လိမ်းမြို့နယ် ရဲစခန်းမှူး မာနွတ် ဆွတ်ဆဝဒီက သတင်းထောက်တွေကို ပြောပါတယ် … ။

အဆိုပါဧည့်သည်မှာ အသက် ၃၂ နှစ်ရွယ်ရှိ အမျိုးသမီးတဦးဖြစ်ပြီး မနေ့ကမှ တရုတ်ပြည်အလယ်ပိုင်း ကွမ်ကျိုးမြို့ကနေ ချင်းမိုင်ကို ရောက်ရှိလာကြောင်း ဒီမနက်မှာတော့ သူ တည်းခိုရာ ပန်းခြံဟိုတယ် (Resort) ထဲမှာပဲ သေဆုံးခဲ့တာလို့ စခန်းမှူးက ဆက်ပြောပါတယ် … ။

အဆိုပါ အမျိုးသမီးရဲ့ ခရီးသွားဖော်က သူနဲ့အတူ ကွမ်ကျိုးကနေ ၅ ယောက် ခရီးတူတူ ထွက်ခွာလာကြောင်း၊ သေဆုံးသူမှာ ဒီမတိုင်ခင်က ဘာရောဂါမှမရှိသလို ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းတွေ တစုံတရာ မရှိကြောင်း၊ မနေ့ညကတော့ အရက်သောက်တာ နည်းနည်းများပြီး ည ၁၀ နာရီလောက်မှာ အိပ်ရာဝင်ကာ ဒီနေ့မနက်မှာတော့ သူ့အခန်းထဲမှာပဲ သေဆုံးနေတာလို့ ဆိုပါတယ် … ။

သူရဲ့အလောင်းကို နခွန်းဖိင်းဆေးရုံသို့ ပို့ဆောင်သွားပြီး ဆရာဝန်တွေက စစ်ဆေးမှုတွေ ပြုခဲ့ပါတယ် ။အဲဒီနောက် ခရိုင်ကျန်းမာရေးဌာနက ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ကျဒူးချိုင် မဏီလတ်က တရုတ်ခရီးသည်အမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာ မရှိတာကြောင့် အဆိုပါရောဂါနဲ့ သေဆုံးတာမဟုတ်ကြောင်း ဒီကနေ့ မွန်းလွဲပိုင်းမှာပဲ ထုတ်ပြန်ပြောဆိုလိုက်ပါတယ် …. ။

ဒါပေမဲ့ သေဆုံးရတဲ့အကြောင်းရင်းကိုတော့ ဆက်လက်ရှာဖွေစစ်ဆေးသွားမယ်လို့ ဆိုပါတယ်။ချင်းမိုင်မှာ နိုင်ငံတကာလေဆိပ်ရှိပြီး တရုတ်ခရီးသွားတွေ အများအပြား လာရောက်လည်ပတ်လေ့ရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ် … ။

ထိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၄ ဦးထိ တွေ့ရှိခဲ့ပေမယ့် ကနေ့ထိ နိုင်ငံ့ ဝင်ပေါက်ပိတ်ခြင်းမရှိဘဲ ဝင်လာသမျှ ဧည့်သည်တွေ လက်ခံနေလို့ ထိုင်းအစိုးရဟာ ဝေဖန်ခံနေရတာပဲဖြစ်ပါတယ် …. ။

ကိုးကား – ချန်နယ်လ် ၃ ထိုင်းတီဗွီသတင်း ၊ cm 108 Chiang Mai News DVB TV News