Unicode
နောက် ဆုံးသတင်း မဟုတ်ပါ။ ဝူဟန်ကနေ နိုင်ငံခြားသားတွေကို ပြန်လွှတ်မယ်။
သြစတေးလျကတော့ ပြန်လာသူတွေကို ကျွန်းလေးတကျွန်းပေါ်မှာထားမယ်။ ပြည်မကြီးနဲ့ မိုင် ၁၂၀၀ ဝေးတဲ့ ခရစ်စမတ်ကျွန်းပေါ်မှာ ၂ ပတ်ကြာမယ်။ အဲဒီမှာ သီရိလင်္ကာက မိသားစုတစုသာနေထိုင်တယ်။ လူ တထောင်စာ နေရာတွေဆောက်နေပြီ။ အီးယူနဲ့ အမေရိကန်တွေလည်း ပြန်ကြပြီ။ ဂျပန်လူမျိုး ၂၀၀ ပြန်ကြပြီ။ ၆၅၀ က လေယျာဉ်စောင့်နေတယ်။ တချို့က ဖျားနေကြပြီး တချို့ ချောင်းဆိုးနေကြတယ်။ သူတို့ကို အရင်ဆုံး သီးသန့်ထားမယ်။
အခုထိ တရုပ်ပြည်မှာ သေဆုံးသူ ၁၃၂ ယောက်။ တရုပ်ကျန်းမာရေးဌာနက နောက်ထပ် ၁၀ ရက်အထိ ရောဂါအရှိန်မြင့်တက်နေဦးမယ်တဲ့။ ပြန်လာတဲ့ အမေရိကန်တွေကိုလည်း သီးသန့်စစ်ဆေးမယ်။ ၂ ပတ်ကြာမယ်။ ဗြိတိန်ကလည်း ၂၀၀။ ပြင်သစ် ၂၅၀။ တောင်ကိုရီးယားက ၇၀၀။
မြန်မာပြည်သားတွေသတင်း ဆက်လာပါမယ်။ နေကောင်းကြပါစေ။
ဒေါက်တာတင့်ဆွေ (၂၈-၁-၂၀၂၀)
လေးစားစွာဖြင့် Blacker