အံ့ဩပါေ ပ့တကယ္…

ႏိုင္ငံတကာမွာ (အထူးသျဖင့္ အာရွႏိုင္ငံေတြမွာ) ဝူဟန္ဗိုင္းရပ္စ္ အေျခအေနက တစ္ေန႔ထက္တစ္ေန႔ဆိုးဆိုးလာတယ္။ ကိုယ့္ႏိုင္ငံမွာလဲ ဘာမွန္းမသိရေသးတဲ့ အေျခအေနတစ္ခုျဖစ္ေနတယ္။ အဲ့ေတာ့ တစ္ေန႔တစ္ေန႔ YBS တိုးစီးေနရတဲ့ ကိုယ္က ႀကိဳတင္ကာကြယ္ဖို႔ ဆုံးျဖတ္ၿပီး Mask ကို ကားစီးတဲ့အခ်ိန္တိုင္းတက္ေတာ့တာပဲ…

ကားစီးတဲ့အခ်ိန္ ကိုယ္က နားၾကပ္တပ္ သီခ်င္းနားေထာင္ေနေတာ့ ဘယ္သူေတြ ကိုယ့္ကို ဘယ္လိုျမင္ေန ထင္ေနလဲ သတိမထားမိဘူး။ ဒီေန႔ ႐ုံးအျပန္ ဆင္းရမယ့္ မွတ္တိုင္ေရာက္ေတာ့ နားၾကပ္ျဖဳတ္ၿပီး ဆင္းရမယ့္ အေပါက္နားမွာ ဘဲလ္တီးရင္း ရပ္ေနတာေပါ့။ အဲ့အခ်ိန္ အေပါက္နားမွာ ထိုင္တဲ့ ဦးေလးတစ္ေယာက္က ကိုယ့္ကိုၾကည့္ၿပီး တစ္ေယာက္ထဲ ပြစိပြစိနဲ႔ စကားေတြေျပာေနတယ္။ ကားေမာင္းေနတဲ့ အသံနဲ႔ ကိုယ္လဲ သူေျပာတာ မၾကားဘူးေပါ့။ မွတ္တိုင္လဲ ေရာက္ေရာ ကားကရပ္ၿပီး တံခါးဖြင့္လို႔ ဆင္းမယ့္အခ်ိန္မွာ သူေျပာတဲ့ စကားကို ကိုယ္ကလဲ ၾကားျဖစ္ေအာင္ ၾကားသြားေသးတယ္။ “ေသ‌မွာေတာ့ ေၾကာက္ေနၾကတယ္” တဲ့!

အံ့ဩပါေပ့တကယ္ပါပဲ! ဘာမွန္းမသိတဲ့ အေျခအေနတစ္ခုမွာ ႀကိဳတင္ကာကြယ္တာ အေကာင္းဆုံးနည္းလမ္းဆိုတာ မသိဘူးလား? ကိုယ့္ဆီလဲ အကူးမခံႏိုင္ၾကသလို ကိုယ့္ဆီကေနလဲ ဘယ္သူ႔ဆီမွ မကူးတာ အေကာင္းဆုံးမဟုတ္ဘူးလား? ေကာင္းေသာ အမူအက်င့္ကို အတုယူၿပီး က်င့္သုံးသင့္တဲ့အခ်ိန္မွာ ကဲ့ရဲ႕ ရႈံ႕ခ်တဲ့ ဒီႏိုင္ငံက လူေတြကို ျဖည့္ေတြးေပးခ်င္စိတ္ကို မရွိေအာင္ စိတ္ကုန္သြားတယ္!

ကားေပၚက ဆင္းရမွာမို႔ ဒီတိုင္းဆင္းလာခဲ့တယ္။ ေဘးနားမွာရွိေနေသးရင္ေတာ့ ျပန္ေျပာမိမလားမသိဘူး။ သို႔ေပသိ ဦးေဏွာက္ကို အျပစ္ဘယ္လိုေျပာရမလဲ ဆိုတဲ့အတြက္ပဲ အသုံးျပဳေနတဲ့လူနဲ႔ကေတာ့ ကိုယ္သြားေျပာလဲ ကြၽဲပါးေစာင္းတီးတာနဲ႔ ဘာမွကြာေနမွာမဟုတ္ဘူး… ေက်းဇူးျပဳၿပီး အဲ့လိုေသးသိမ္တဲ့ မစင္အေတြးေတြ ထုတ္ထားၾကပါေတာ့!!

ျမန္မာလူမ်ဳိးေတြက Mask တပ္ရမွာ ရွက္ၾကတယ္.. လူေတြဝိုင္းၾကည့္မွာေၾကာက္ၾကတယ္။ ဂ်ပန္လူမ်ဳိးေတြက ေနေကာင္းေကာင္းမေကာင္းေကာင္း Mask တပ္မွ လုံၿခဳံတယ္ခံစားတယ္.. Mask မတပ္ထားပဲ ေခ်ာင္းဆိုးရမွာ ရွက္ၾကတယ္.. ​Mask မတပ္ထားပဲ ေခ်ာင္းဆိုးႏွာစီးရင္ လူေတြဝိုင္းၾကည့္တယ္…

က်န္းမာေရးအသိ အဲ့မွာကြာတာပဲ.. ျဖစ္ပီေဟ့ဆို.. ကူးလိုက္မွန္းေတာင္ သိလိုက္မွာမဟုတ္ဘူး.. “ႀကိဳတင္ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုၿပီးေကာင္းတယ္” ဆိုတာကိုလဲ လက္ခံၾကပါေတာ့… Please…

Thein Thant Thant Zin
Myat Nu

Unicode

အံ့ဩပါေ ပ့တကယ်…

နိုင်ငံတကာမှာ (အထူးသဖြင့် အာရှနိုင်ငံတွေမှာ) ဝူဟန်ဗိုင်းရပ်စ် အခြေအနေက တစ်နေ့ထက်တစ်နေ့ဆိုးဆိုးလာတယ်။ ကိုယ့်နိုင်ငံမှာလဲ ဘာမှန်းမသိရသေးတဲ့ အခြေအနေတစ်ခုဖြစ်နေတယ်။ အဲ့တော့ တစ်နေ့တစ်နေ့ YBS တိုးစီးနေရတဲ့ ကိုယ်က ကြိုတင်ကာကွယ်ဖို့ ဆုံးဖြတ်ပြီး Mask ကို ကားစီးတဲ့အချိန်တိုင်းတက်တော့တာပဲ…

ကားစီးတဲ့အချိန် ကိုယ်က နားကြပ်တပ် သီချင်းနားထောင်နေတော့ ဘယ်သူတွေ ကိုယ့်ကို ဘယ်လိုမြင်နေ ထင်နေလဲ သတိမထားမိဘူး။ ဒီနေ့ ရုံးအပြန် ဆင်းရမယ့် မှတ်တိုင်ရောက်တော့ နားကြပ်ဖြုတ်ပြီး ဆင်းရမယ့် အပေါက်နားမှာ ဘဲလ်တီးရင်း ရပ်နေတာပေါ့။ အဲ့အချိန် အပေါက်နားမှာ ထိုင်တဲ့ ဦးလေးတစ်ယောက်က ကိုယ့်ကိုကြည့်ပြီး တစ်ယောက်ထဲ ပွစိပွစိနဲ့ စကားတွေပြောနေတယ်။ ကားမောင်းနေတဲ့ အသံနဲ့ ကိုယ်လဲ သူပြောတာ မကြားဘူးပေါ့။ မှတ်တိုင်လဲ ရောက်ရော ကားကရပ်ပြီး တံခါးဖွင့်လို့ ဆင်းမယ့်အချိန်မှာ သူပြောတဲ့ စကားကို ကိုယ်ကလဲ ကြားဖြစ်အောင် ကြားသွားသေးတယ်။ “သေ‌မှာတော့ ကြောက်နေကြတယ်” တဲ့!

အံ့ဩပါပေ့တကယ်ပါပဲ! ဘာမှန်းမသိတဲ့ အခြေအနေတစ်ခုမှာ ကြိုတင်ကာကွယ်တာ အကောင်းဆုံးနည်းလမ်းဆိုတာ မသိဘူးလား? ကိုယ့်ဆီလဲ အကူးမခံနိုင်ကြသလို ကိုယ့်ဆီကနေလဲ ဘယ်သူ့ဆီမှ မကူးတာ အကောင်းဆုံးမဟုတ်ဘူးလား? ကောင်းသော အမူအကျင့်ကို အတုယူပြီး ကျင့်သုံးသင့်တဲ့အချိန်မှာ ကဲ့ရဲ့ ရှုံ့ချတဲ့ ဒီနိုင်ငံက လူတွေကို ဖြည့်တွေးပေးချင်စိတ်ကို မရှိအောင် စိတ်ကုန်သွားတယ်!

ကားပေါ်က ဆင်းရမှာမို့ ဒီတိုင်းဆင်းလာခဲ့တယ်။ ဘေးနားမှာရှိနေသေးရင်တော့ ပြန်ပြောမိမလားမသိဘူး။ သို့ပေသိ ဦးဏှောက်ကို အပြစ်ဘယ်လိုပြောရမလဲ ဆိုတဲ့အတွက်ပဲ အသုံးပြုနေတဲ့လူနဲ့ကတော့ ကိုယ်သွားပြောလဲ ကျွဲပါးစောင်းတီးတာနဲ့ ဘာမှကွာနေမှာမဟုတ်ဘူး… ကျေးဇူးပြုပြီး အဲ့လိုသေးသိမ်တဲ့ မစင်အတွေးတွေ ထုတ်ထားကြပါတော့!!

မြန်မာလူမျိုးတွေက Mask တပ်ရမှာ ရှက်ကြတယ်.. လူတွေဝိုင်းကြည့်မှာကြောက်ကြတယ်။ ဂျပန်လူမျိုးတွေက နေကောင်းကောင်းမကောင်းကောင်း Mask တပ်မှ လုံခြုံတယ်ခံစားတယ်.. Mask မတပ်ထားပဲ ချောင်းဆိုးရမှာ ရှက်ကြတယ်.. ​Mask မတပ်ထားပဲ ချောင်းဆိုးနှာစီးရင် လူတွေဝိုင်းကြည့်တယ်…

ကျန်းမာရေးအသိ အဲ့မှာကွာတာပဲ.. ဖြစ်ပီဟေ့ဆို.. ကူးလိုက်မှန်းတောင် သိလိုက်မှာမဟုတ်ဘူး.. “ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီးကောင်းတယ်” ဆိုတာကိုလဲ လက်ခံကြပါတော့… Please…

Thein Thant Thant Zin
Myat Nu