ထို င္းႏိုင္ငံ၏က်န္းမာေရးဝန္ႀကီးက ၎တို႔ႏိုင္ငံသည္ ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုးသစ္ျပန႔္ပြားမႈကိုမဟန႔္တားႏိုင္ေၾကာင္း ဝန္ခံကာ တ႐ုတ္ႏိုင္ငံျပင္ပတြင္ ေရာဂါပိုးဒဏ္ကိုအဆိုး႐ြားဆုံးခံေနရေသာ ႏိုင္ငံတစ္ခုျဖစ္လာေနၿပီဟု သတိေပးေျပာဆိုလိုက္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံတြင္ ေရာဂါပိုးကူးစက္ခံထားရသူကို ဇန္နဝါရီလ ၁၂ ရက္တြင္ ပထမဆုံးေတြ႕ရွိခဲ့ၿပီး ယခုအခါ ၁၄ ဦးအထိရွိလာေၾကာင္းႏွင့္ တ႐ုတ္ခရီးသြားမ်ားျပားလြန္းသည့္အတြက္ ေရာဂါပိုးျပန႔္ပြားမႈကို မထိန္းခ်ဳပ္ႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီး Anutin Charnvirakul က ဝန္ခံေျပာဆိုခဲ့သည္။ ယခင္က ထိုင္းဝန္ႀကီးခ်ဳပ္သည္ အေျခအေနကို ထိန္းသိမ္းထားႏိုင္ေၾကာင္းဆိုခဲ့ဖူးေသာ္လည္း ေရာဂါပိုးကူးစက္ခံရသူမ်ားျပားလာသည္ႏွင့္အမွ် လက္ေတြ႕အေျခအေနကို ေရွာင္လြဲမရျဖစ္လာခဲ့သည္။

ထိုင္းအစိုးရ၏အဆိုအရ ဇန္နဝါရီလအတြင္း ဝူဟန္ၿမိဳ႕မွေရာက္ရွိလာေသာခရီးသြား ၂၂၀၀၀ ခန႔္ရွိသည့္အတြက္ ေရာဂါပိုးသည္ ထင္ထားသည္ထက္ ပိုမိုက်ယ္ျပန႔္စြာျပန႔္ပြားေနႏိုင္သည္ဟု ယူဆရသည္။ ထိုင္းႏိုင္ငံအတြင္း ေရာဂါပိုးျပန႔္ပြားမႈကိုကာကြယ္ရန္ ဘန္ေကာက္ၿမိဳ႕ရွိေလဆိပ္မ်ားႏွင့္ေစ်းဝယ္စင္တာမ်ား၌ အပူခ်ိန္တိုင္းကိရိယာမ်ားျဖင့္စစ္ေဆးျခင္း၊ ႏိုင္ငံျခားခရီးသြားမ်ားအား ပိုးသတ္ေဆးမ်ားျဖန႔္ေဝေပးျခင္းတို႔ လုပ္ေဆာင္လ်က္ရွိသည္။

စတိုးဆိုင္မ်ားတြင္လည္း ေရာဂါပိုးကာကြယ္သည့္မ်က္ႏွာဖုံးမ်ားေရာင္းခ်ေပးလ်က္ရွိၿပီး ေဒသခံမ်ားကို တစ္ကိုယ္ရည္သန႔္ရွင္းေရးဂ႐ုစိုက္ၾကရန္ႏွင့္ အတတ္ႏိုင္ဆုံးအိမ္ျပင္မထြက္ၾကရန္တိုက္တြန္းထားသည္ဟု သိရသည္။

လက္ရွိတြင္ ၀ူဟန္ေက္ရုိနာဗုိင္းရပ္စ္ပုိးသည္ ေလထဲမွ ပ်ံ႕ႏွံ႔ျခင္းအျပင္ ပုိးစက္ခံထားရသူကိုထိေတြ႕ျခင္းႏွင့္ အရည္မ်ားမွတစ္ဆင့္လည္း ကူးစက္ႏုိင္ေၾကာင္း သိရသည္။

Unicode

ထို င်းနိုင်ငံ၏ကျန်းမာရေးဝန်ကြီးက ၎င်းတို့နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးသစ်ပြန့်ပွားမှုကိုမဟန့်တားနိုင်ကြောင်း ဝန်ခံကာ တရုတ်နိုင်ငံပြင်ပတွင် ရောဂါပိုးဒဏ်ကိုအဆိုးရွားဆုံးခံနေရသော နိုင်ငံတစ်ခုဖြစ်လာနေပြီဟု သတိပေးပြောဆိုလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ရောဂါပိုးကူးစက်ခံထားရသူကို ဇန်နဝါရီလ ၁၂ ရက်တွင် ပထမဆုံးတွေ့ရှိခဲ့ပြီး ယခုအခါ ၁၄ ဦးအထိရှိလာကြောင်းနှင့် တရုတ်ခရီးသွားများပြားလွန်းသည့်အတွက် ရောဂါပိုးပြန့်ပွားမှုကို မထိန်းချုပ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဝန်ခံပြောဆိုခဲ့သည်။ ယခင်က ထိုင်းဝန်ကြီးချုပ်သည် အခြေအနေကို ထိန်းသိမ်းထားနိုင်ကြောင်းဆိုခဲ့ဖူးသော်လည်း ရောဂါပိုးကူးစက်ခံရသူများပြားလာသည်နှင့်အမျှ လက်တွေ့အခြေအနေကို ရှောင်လွဲမရဖြစ်လာခဲ့သည်။

ထိုင်းအစိုးရ၏အဆိုအရ ဇန်နဝါရီလအတွင်း ဝူဟန်မြို့မှရောက်ရှိလာသောခရီးသွား ၂၂၀၀၀ ခန့်ရှိသည့်အတွက် ရောဂါပိုးသည် ထင်ထားသည်ထက် ပိုမိုကျယ်ပြန့်စွာပြန့်ပွားနေနိုင်သည်ဟု ယူဆရသည်။ ထိုင်းနိုင်ငံအတွင်း ရောဂါပိုးပြန့်ပွားမှုကိုကာကွယ်ရန် ဘန်ကောက်မြို့ရှိလေဆိပ်များနှင့်စျေးဝယ်စင်တာများ၌ အပူချိန်တိုင်းကိရိယာများဖြင့်စစ်ဆေးခြင်း၊ နိုင်ငံခြားခရီးသွားများအား ပိုးသတ်ဆေးများဖြန့်ဝေပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်။

စတိုးဆိုင်များတွင်လည်း ရောဂါပိုးကာကွယ်သည့်မျက်နှာဖုံးများရောင်းချပေးလျက်ရှိပြီး ဒေသခံများကို တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ကြရန်နှင့် အတတ်နိုင်ဆုံးအိမ်ပြင်မထွက်ကြရန်တိုက်တွန်းထားသည်ဟု သိရသည်။

လက်ရှိတွင် ဝူဟန်ကေ်ရိုနာဗိုင်းရပ်စ်ပိုးသည် လေထဲမှ ပျံ့နှံ့ခြင်းအပြင် ပိုးစက်ခံထားရသူကိုထိတွေ့ခြင်းနှင့် အရည်များမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သိရသည်။